Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း

ပိုမိုထိရောက်တဲ.ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း အဆင်.ကိုးဆင်.

=======================================

2012 ဒီနေ.လို သင်္ကြန်အပြီးမှာ ကျွန်တော်.ဘဝရဲ.ကြီးမားတဲ.အဆုံးအဖြတ်ကိုချရတယ်။ ဆေးခန်းဖွင်.ပြီးဆေးကုမှာလား ကျွန်တော်စိတ်ပါဝင်စားတဲ. လူတွေနဲ. စီးပွားရေးလုပ်ငန်းတွေရဲ. အလားအလာတွေတိုးတက်အောင်ကူညီမှာလား ဆိုတဲ. ရွေးချယ်ရန်နှစ်ခုထဲက တစ်ခုကို ပြတ်ပြတ်သားသားရွေးချယ်ရမှာဖြစ်တယ်။ ကျွန်တော်တို.အားလုံးဘဝမှာ ဒီလို ရွေးချယ်မှုနဲ. တစ်သက်မှာကြိမ်ဖန်မနည်းကြုံတွေ.ကြရတတ်ပါတယ်။ ဒါကြောင်. Goal Setting ရည်မှန်းချက်ပန်းတိုင်ချမှတ်ချင်းနဲ.ပတ်သက်လို. ကျွန်တော် 2012 က experience လေး share ပေးပါမယ်။ အားလုံးအတွက် တခုခု လေးရသွားမယ်လို. ထင်ပါတယ်။ ပိုမိုအကျိုးရှိအောင် တစ်ဆင်.ချင်းစီကိုသေချာစဉ်းစားပြီးရေးချသွားဖို. အကြံပေးလိုပါတယ်။

==========================================

ဆုံးဖြတ်ချက်တွေဟာ ကြီးမားတဲ.ဘဝအပြောင်းအလဲတွေကို ဖြစ်စေပါတယ်။

==========================================

ရည်မှန်းချက်ချမှတ်ဖို.အဆင်. ကိုးဆင်. (ပုံမှန်ကြာမြင်.ချိန် တစ်နာရီ)

1. သင်.ဘဝမှာ သင်.ကိုယ်သင်ဂုဏ်ယူရတဲ. အကောင်းအထည်ဖော်နိုင်ခဲ.တဲ.အရာငါးခုကို ချရေးပါ။

လူမှန်းသိတတ်စအရွယ်မှ လက်ရှိထိ မိမိဂုဏ်ယူရတဲ. လုပ်ဆောင်ခဲ.တဲ.အရာငါးခုနဲ. ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်းကို စတင်ပါမည်။ လူတိုင်းလူတိုင်းမှာ အနည်းဆုံးငါးခုတော.ရှိကြပါတယ်။

2. နောက်ဆယ်နှစ်အတွင်းမှာ သင်ဖြစ်ချင်တဲ.အရာမှန်သမျှကို ချရေးပါ။

အနည်းဆုံးအခု နှစ်ဆယ်ရှိရပါမယ်။ သင်လိုချင်တာ ဘာမဆိုဖြစ်မယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ ဖြစ်ချင်တဲ.အရာမှန်သမျှကို List လုပ်ပါ။ ငွေရေးကြေးရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ဘဝတိုးတက်ရေး၊ ပညာရေး။

3. ဆယ်နှစ်အတွင်းမှာ ဖြစ်ချင်တဲ.ရည်မှန်းချက်ပန်းတိုင်များရဲ. list ဘေးမှာ နှစ်အလိုက်ဖြည်.ပါ။ ဥပမာ တစ်နှစ်အတွင်းမှာ ဖြစ်နိုင်ရင် တစ်နှစ်။ သုံးနှစ်၊ ငါးနှစ် သို. ဆယ်နှစ်။

4. တစ်နှစ်အတွင်းမှာ အကောင်အထည်ဖော်ဖို. အရေးအကြီးဆုံး ရည်မှန်းချက်ပန်းတိုင်လေးခုကို ရွေးပါ။ ဘာကြောင်.ဒီရည်မှန်းချက်တွေအကောင်ထည်ဖော်ဖို.အရေးကြီးတာလည်းရေးပါ။ ဥပမာ တစ်လသိန်းတစ်ရာဝင်ချင်တယ်ဆိုရင် ဘာကြောင်. သိန်းတစ်ရာရဖို.အရေးကြီးတာလည်း Why ကိုမေးပါ။ Why တွေများနိုင်သမျှများအောင်ရေးချပါ။ Why တွေကိုသေချာသိရင် How တွေက လွယ်ကူလာပါလိမ်.မယ်။

5. ဘယ်အရာတွေက သင်.ရည်မှန်းချက်တွေကို နှိုးဆွပေးလည်းဆိုတာရေးချပါ။

6. ဘယ်အရာတွေက သင်.ကို စိတ်ပျက်အားငယ်စေသလည်းရေးချပါ။ ဘယ်အရာတွေကိုစဉ်းစားအာရုံစိုက်ထားရင် စိတ်ပျက်အားငယ်စေသလည်း ရေးချပါ။

7. သင်.ရဲ.ရည်မှန်းချက်ပန်းတိုင်ရောက်ခြင်းဖြင်. သင်ဘယ်လိုအကျိုးကျေးဇူးတွေရမလည်းဆိုတာ ရေးချပါ။ ရည်မှန်းချက်ပန်းတိုင်ရောက်ခြင်းဖြင်. သင်ဘယ်လိုလူမျိုးဖြစ်လာမလည်းဆိုတာရေးချပါ။

8. သင်.ရည်မှန်းချက်ပန်းတိုင်ရောက်ဖို.အတွက် ဘယ်လိုလူများဖြစ်ဖို.လိုမလည်း ချရေးပါ။ ဘယ်လိုအရည်အသွေးတွေ၊ ဘယ်လိုကျွမး်ကျင်မှုတွေရှိရမလည်း။ ဘယ်လိုယုံကြည်မှုမျိုးရှိရမလည်း။ သင်ဟာ ရည်မှန်းချက်ပန်းတိုင်တွေနောက်လိုက်ရမှာမဟုတ်ပါဘူး။ ရည်မှန်းချက်ပန်းတိုင်တွေကို သင်.ဆီလာအောင် ဆွဲဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင်.သင်ဟာ ကိုယ်.ရည်မှန်းချက်ပန်းတိုင်တွေပြည်.လာဖို. ဒီရည်မှန်းချက်ပန်းတိုင်တွေကို ဆွဲဆောင်နိုင်တဲ.သူဖြစ်အောင်ကြိုးစားဖို.လိုပါတယ်။

9. ရည်မှန်ချက်ပန်းတိုင်ချခြင်းကြောင်. သင်ဘာအကျိုးကျေးဇူးတွေရမလည်းဆိုတာ ချရေးပါ။

PreviousGoal ဆိုတာNextကြိုတင်ပြင်ဆင်ပါ။

Last updated 3 years ago

Was this helpful?