Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

"2 list" strategy

Warren Buffet ရဲ့ "2 list" strategy

ကိုယ့်ဘဝရဲ့goalတွေကို ချမှတ်ရတာက စိတ်လှုပ်ရှားစရာကောင်းပြီး စိတ်အားထက်သန်မှုရပါတယ်။ ကျွန်တော်တို့ကို ရှင်းလင်းတဲ့ရည်မှန်းချက်တွေပေးသလို ရှေ့ဆက်ဖို့မျှော်လင့်ချက်တွေလဲပေးပါတယ်။

သင့်ဘဝရဲ့ goal တွေကို ချမှတ်ပြီး အဲ့ဒါတွေအားလုံးကို ရရှိဖို့ စတင်လုပ်ဆောင်တဲ့အခါ အဲ့ဒီgoalတွေထဲက နည်းနည်းပဲ ပြီးသွားတာမျိုး တစ်ဝက်လောက်ပဲ ရလိုက်တာမျိုးကို သင်ကြုံဖူးပါသလား။ ဒါဆိုရင် ယနေ့ ကမ္ဘာ့ထိပ်တန်း အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ပုဂ္ဂိုလ်တွေထဲကတစ်ယောက်ဖြစ်တဲ့ Warren Buffetက Mike Flint ကို လမ်းညွှန်ပေးခဲ့တဲ့ 2 list startegy ကို ကြည့်လိုက်ရအောင်။

Mike Flint ဟာ Buffet ရဲ့ကိုယ်ပိုင်လေယာဉ်ကို 10 နှစ်တာမျှ မောင်းနှင်ပေးတဲ့ pilot တစ်ယောက်ပါ။ သူဟာ U.S president လေးယောက်ရဲ့ လေယာဉ်ကိုပါ မောင်းနှင်ပေးခဲ့ဖူးတဲ့ သူတစ်ယောက်လဲဖြစ်ပါတယ်။

Mike က သူ့သူဌေး Buffet နဲ့ carrer priorities တွေအကြောင်းဆွေနွေးတဲ့အခါ Buffet က သူ့ကို သူ့ဘဝရဲ့ 25 career goals ကို list လုပ်ခိုင်းပါတယ်။

Flint က သူ့ရဲ့ 25 goal list ကို သေချာစဉ်းစားရေးခဲ့ပြီး Buffet ကို ပြပါတယ်။ Buffet က သူ့ရဲ့ listကို ပြန်ကြည့်ခိုင်းပြီး အဲ့ဒီထဲကမှ အရေးအကြီးဆုံး top 5 goal ကို ရွေးပြီး circle လုပ်လိုက်ဖို့ပြောပါတယ်။

ဒီတော့ ခုဆိုရင် Flint မှာ ကွဲပြားတဲ့ list နှစ်ခု ရသွားပါပြီ။ အရေးကြီးတဲ့ goal 5 ခုပါတဲ့ သူcircle လုပ်ခဲ့တဲ့ list နဲ့ သူ circle မလုပ်ခဲ့တဲ့ ကျန်တဲ့ goal 20 ပါတဲ့ list ပါ။ကျွန်တော်တို့ လူတော်တော်များများလိုပဲ Flint က သူ့ရဲ့ အရေးကြီးဆုံး goal 5 ခုကို အဓိက အာရုံစိုက်ပြီး ကျန်တဲ့ goal 20 ကတော့ အလျင်မလိုသေးပေမဲ့ ငါ့အတွက်အရေးကြီးတာတွေပဲ ဖြစ်တဲ့အတွက် အချိန်ရတဲ့အခါ လုပ်မယ်ဆိုပြီး ပြောပါတယ်။

ဒါနဲ့ Buffetက သူ့ကို Mike ဒီလိုဆိုရင် မင်းမှားသွားပါပြီ။ မင်း circle မလုပ်ခဲ့တဲ့ 20 goal list က မင်းရဲ့ Avoid-At-All-Cost list ဖြစ်သွားပြီလို့ပြောပါတယ်။ အဲ့ဒီထဲမှာ ဘယ်လောက်အရေးကြီးတာတွေ ပါနေပါစေ မင်းဟာ အရေးအကြီးဆုံး 5 goal list ကို မရသေးသ၍ ဒီ 20 goal list ထဲမှာပါတဲ့ ဘယ်ဟာကိုမှ မင်းအာရုံစိုက်စရာမလိုပါဘူး လို့ ပြောခဲ့ပါတယ်။

အကြောင်းကတော့ ဒီ goal 20 listက သူ့အတွက် အနှောင့်အယှက်တစ်ခုဖြစ်နေလို့ပါပဲ။

ကျွန်တော်တို့ သာမန်လူတွေ လိုချင်တဲ့ goals တွေ မရရှိ မအောင်မြင်ရတဲ့အကြောင်းကတော့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးဆိုတဲ့goalတွေကို ဦးစားပေးတာ အာရုံစိုက်တာတွေ မလုပ်ကြလို့ပါပဲ။

ကျွန်တော်တို့ရဲ့ goal list ကြီးရှည်လေလေ ကျွန်တော်တို့ဟာ လက်လျော့လိုက်ဖို့ အခြေအနေတွေများလေပါပဲ။ တစ်ခုကို မအောင်မြင်သေးဘဲ နောက်တစ်ခုတော့ အောင်မြင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီတစ်ခုကို အလွယ်တကူလက်လျော့သွားတတ်ကြပါတယ်။ ဒါကြောင့် လုံးဝပြီးမြောက်သွားတဲ့ goal 5 ခုအစား ကျွန်တော်တို့ တစ်ဝက်တစ်ပျက်ပဲ ပြီးသွားတဲ့ 20 goal list ကိုပဲ ရနေကြတာဖြစ်ပါတယ်။l

ဒီတော့ မင်းဘဝရဲ့ 25 goal list ကို ချရေးလိုက်ပါ။ မင်းအတွက် အရေးအကြီးဆုံး top 5 goal ကိုရွေးလိုက်ပါ။ မင်းရဲ့ top 5 goal list က ဘာတွေပဲဖြစ်နေပါစေ ဘယ်လောက်ခက်ခဲပါစေ ရအောင်ယူလိုက်ပါ။ ဒါတွေရပြီဆိုတော့မှ ကျန်တဲ့ goal တွေကို အာရုံစိုက်လိုက်ပါ။

Previous3 keys to GreatnessNext7 Habits

Last updated 3 years ago

Was this helpful?