Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Morning Routine

အောင်မြင်သူတို့ရဲ့ မနက်ခင်းမှာ လုပ်လေ့လုပ်ထရှိတဲ့အလေ့အကျင့်တွေ

မင်းဟာ မနက်စောစောထတတ်တဲ့သူ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မင်းရဲ့တစ်နေ့တာကို ဘယ်လိုစတင်လဲဆိုတဲ့ အချက်က တစ်နေ့လုံးအတွက် မင်းရဲ့ စိတ်ခံစားချက်နဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို သက်ရောက်စေပါလိမ့်မယ်။

ဒါကတော့ အောင်မြင်နေတဲ့သူ 10 ယောက်ရဲ့ morning routine တွေပါ။

1. Bill Gates

သူကတော့ Microsoft ရဲ့ co-founder ပါ။ သူက သူ့တစ်နေ့တာကို treadmill မှာ တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ပြီး ကုန်ဆုံးပါတယ်။ အဲ့လိုလုပ်နေစဉ်မှာ educational DVD တွေ ကြည့်ပြီး သင်ယူပါတယ်တဲ့ ။

2. David Cameron

သူဟာ အင်္ဂလန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့သူတစ်ယောက်ပါ။ သူက သူ့ရဲ့ မနက်ခင်းကို သူ့မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးပါတယ်တဲ့။ အလုပ်ကို သွားတဲ့လမ်းတစ်လျောက်မှာတော့ သတင်းစာဖတ်ပါတယ်။

2. Mark Zukerberg

သူကတော့ facebook ရဲ့ CEO ပါ။ သူကတော့ ကျွန်တော်တို့ သာမန်လူတွေလို ဒီနေ့ ဘာဝတ်ရမလဲ စဉ်းစားပြီး အချိန်ကုန်လေ့မရှိပါဘူး။ decision making လုပ်တာကို အချိန်မကုန်စေဖို့ သူဟာ နေ့တိုင်းပုံစံတူပဲ ဝတ်ပါတယ်။ သူက မနက်စောစောထတတ်တဲ့သူ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ သူ့သမီးလေး Max က သူ့ကို morning person ဖြစ်အောင် လုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

3. Steve Jobs

သူကတော့ Apple ရဲ့ founder ဖြစ်ပါတယ်။ မနက်ခင်းမှာ ကိုဟ့်ကိုယ်ကို မှန်မှာကြည့်ပြီး တစ်နေ့တာကို သူ့ကိုယ်သူ ဒီမေးခွန်းကိုမေးပြီး စတင်ပါတယ်။ "တကယ်လို့ ဒီနေ့ဟာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဖြစ်တယ်ဆိုရင် ဒီနေ့တစ်နေ့လုံး ငါလုပ်မဲ့အရာတွေအတွက် ငါပျော်ရွှင်နိုင်မလား?"

4. Tim Cook

သူကတော့ လက်ရှိ Apple ရဲ့ CEO ပါ။ သူက သူ့ရဲ့ e-mail ကို အရင် စစ်ဆေးပါတယ်။ ပြီးမှ အားကစားလုပ်ပါတယ်။

5. Richard Branson

သူကတော့ Virgin Group ရဲ့ founder ပါ။ သူကတော့ မနက်တိုင်း အမြဲလိုလို 5 နာရီမှာ ထလေ့ရှိပါတယ်။ သူက မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်လေ့ရှိပြီး မိသားစုနဲ့ အချိန်ကုန်ဆုံးရတာကို သဘောကျပါတယ်။

6. Barack Obama

အမေရိကန် သမ္မတ ဖြစ်ခဲ့တဲ့သူပါ။ သူက မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်လေ့ရှိပါတယ်။ မိသားစုနဲ့အတူ မနက်စာစားပြီး သူ့သမီးနှစ်ယောက် ကျောင်းသွားဖို့ ကူညီပေးပါတယ်။

7. Jeff Bezos

သူကတော့ Amazon ရဲ့ founder ပါ။ သူက မနက်ခင်း အစည်းအဝေးတွေကို မုန်းပါတယ်တဲ့။ အိမ်မှာနေပြီး မိသားစုနဲ့အတူ မနက်စာစားရတာ သဘောကျပါတယ်။

8. Jack Dorsey

သူကတော့ Twitter ရဲ့ founder ပါ။ သူက meditation လုပ်လေ့ရှိပြီး မနက်တိုင်း 6 မိုင် လောက် jogging လုပ်ပါတယ်တဲ့။

9. Howard Schultz

သူကတော့ Starbucks ရဲ့ CEO ဖြစ်ပါတယ်။ Bloomberg Businessweek ကို သူပြောပြတာကတော့ သူက မနက် 4:30 မှာ ထပါတယ်။ သူ့ခွေးသုံးကောင်နဲ့အတူ လမ်းလျောက်လေ့ရှိပြီး work out လုပ်ပါတယ်။ 5:45 လောက်မှာတော့ သူ့ဇနီးနဲ့အတူ ကော်ဖီသောက်လေ့ရှိပါတယ်တဲ့။

10. Robert Iger

သူကတော့ Disney ရဲ့ CEO ပါ။ သူက မနက်ခင်း လေ့ကျင့်ခန်းလုပ်ရတာ သဘောကျပါတယ်။ e-mail စစ်ဆေးတယ်။ သတင်းစာဖတ်တယ်။ သီချင်းနားထောင်တတ်ပါတယ်။

သင့်အတွက် အသင့်တော်ဆုံး အလေ့အကျင့်များ

၁။အောင်မြင်တဲ့သူတော်တော်များများဟာ morning person တွေဖြစ်ကြပါတယ်။ မနက်ခင်းစောစောထတာဟာ ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါ။

၂။တစ်နေ့စာအတွက် plan လုပ်ပါ။ ဒါဟာ အရင်ညကတည်းက လုပ်ထားရင်တော့ ပိုကောင်းပါတယ်။

၃။လေ့ကျင့်ခန်းလုပ်ပါ။

၄။ meditation လုပ်ပါ။

၅။ ရေချိုးပါ။ ဒါက သင့်ကို လန်းဆန်းစေပြီး creativity ကို တိုးစေပါတယ်။

၆။ မနက်စာ ကောင်းကောင်းမွန်မွန်စားပါ။

၇။ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးပါ။

၈။ သတင်းစာဖတ်ပါ။ စာဖတ်ပါ။

၉။ အလုပ်နဲ့ မသက်ဆိုင်တဲ့ ကိုယ့်ဝါသနာပါရာ အလုပ်ကို လုပ်ပါ။

ကိုယ့်ရဲ့ နေ့တစ်နေ့ကို ဘယ်လိုစတင်မယ်ဆိုတာဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်။

မင်းမနက်ခင်းမှာ လုပ်လေ့လုပ်ထရှိတဲ့ မကောင်းတဲ့အလေ့အကျင့်တွေကို ဖျောက်ပြီး ကိုယ့်တစ်နေ့တာကို ကောင်းကောင်းအသုံးချနိုင်အောင် ကူညီပေးမဲ့ ကောင်းမွန်တဲ့အလေ့အကျင့်တွေနဲ့ အစားထိုးလိုက်ပါ။

Previousစိတ်ကို ပြောင်းလဲဖို့Nextဆင်းရဲစေတဲ့အကျင့်များ

Last updated 3 years ago

Was this helpful?