Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Attractive person

လူတွေကို ဆွဲဆောင်ဖို့ လူကြိုက်များတဲ့သူတစ်ယောက်ဖြစ်ဖို့ ရုပ်ရည်ပဲ လိုအပ်တယ်လို့ ထင်နေလား? စိတ်ပညာနဲ့ လှည့်စားပြီး ဆွဲဆောင်ကြည့်ရအောင်

တစ်ချို့လူတွေကို တွေ့ဖူးမှာပါ။ ရုပ်ရည်မလှပေမဲ့ မင်းသူတို့ကို သဘောကျနေတာမျိုးပေါ့။ ကျွန်တော်တို့လဲ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက် လူကြိုက်များတဲ့သူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒီလို စိတ်ပညာနည်းလမ်းလေးတွေ သုံးကြည့်ပါ။

  1. Individual Image - Self Concept

self concept ဆိုတာကတော့ လူတစ်ယောက်က ကိုယ့်ကိုယ်ကို ဘယ်လိုယုံကြည်ထားလဲဆိုတာပါ။ မင်းဟာ မင်းကိုယ်မင်း အကောင်းမြင်တတ်တဲ့သူလို့ ထင်မြင်ထားရင် မင်းဘဝအတွေ့အကြုံတွေလဲ ကောင်းမွန်လာပါမယ်။ ကျွန်တော်တို့တွေ လူအုပ်ထဲမှာ လူတွေအများကြီးထဲမှာ ထင်ပေါ်ဖို့ဆိုရင် ကျွန်တော်တို့မှာ သူများနဲ့မတူဘဲ ထူးခြားမှုတစ်ခုခုရှိရပါမယ်။ သူများနဲ့မတူ အများက ကွဲထွက်မဲ့ unique image တစ်ခု တည်ဆောက်ရပါမယ်။ မင်းရဲ့ ပြောပုံဆိုပုံလား မင်းရဲ့ နေပုံထိုင်ပုံလား စသည်ဖြင့်ပေါ့ ဒါကတော့ မင်းအပေါ်မူတည်ပါတယ်။

  1. Confidence

Confidence ဆိုတာ ဆွဲဆောင်မှုတစ်ခုပါ။ လူတွေက strong ဖြစ်ပြီး independent ဖြစ်တဲ့သူတွေကို ပိုသဘောကျကြပါတယ်။ Confidence ကို နှစ်မျိုး ပုံဖော်လို့ရပါတယ်။ ပထမတစ်ခုကတော့ faith နဲ့တူပါတယ်။ သေချာလား မသေချာလား မင်းမသိတဲ့အရာတွေအပေါ် ယုံကြည်မှုပါ။ နောက်တစ်ခုကတော့ တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်တာမဟုတ်ဘဲ မင်းဘယ်သူလဲဆိုတာကို သိမြင်နားလည်လက်ခံယုံကြည်တာပါ။ ဒီလို confidence မျိုးက မင်းဟာ ကိုယ့်ကိုယ့်ကို ကျေနပ်မှုရှိတယ်ဆိုတာကို ပြနေတာပါ။ ဒါက မင်းသူများတွေနဲ့ ယှဉ်ပြိုင်စရာမလိုဘူး။ ကိုယ့်ကိုယ်ကို မြှောက်ပင့်ဖို့ သူများတွေကို အထင်သေးစရာမလိုဘူးဆိုတာတွေကို ပြသပေးနေတာပါ။

  1. ဝေဖန်မှုတွေ အပြစ်ရှာတာတွေ ရှောင်ပါ။

မင်းဟာ negative streakတွေနဲ့ သြဇာတိက္ကမ ပြည့်စုံဖို့ မဖြစ်နိုင်ပါဘူး။ လူအများသဘောကျဖို့ အတင်းပြောတာတွေ complain လုပ်တာတွေ critise လုပ်တာတွေ ရှောင်ရပါလိမ့်မယ်။

  1. Use body Gestures

မင်း confidence ဘယ်လောက်ရှိလဲဆိုတာကို ပြသဖို့ မင်းရဲ့ ခန္ဓာကိုယ်က အရေးကြီးဆုံးထဲမှာ ပါဝင်ပါတယ်။ ပျော့တော့ဆော့ ခွေတေတေ နေပုံထိုင်ပုံမျိုး စမ်းတဝါးဝါး လုပ်တာမျိုး စကားပြောပုံဆိုပုံမျိုး eye contact မရှိတာမျိုး ဒါတွေက မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အရည်အချင်းတွေကို အဆိုးဘက်က အကျိုးသက်ရောက်ပါတယ်။ ပြောင်းပြန်အနေနဲ့ မင်း အပြုံးလေးတွေ open posture လေးတွေက မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတတ်စေမှာပါ။ communication လုပ်တဲ့အခါ eye contact ရှိဖို့လဲ လိုပါတယ်။

  1. Become a great storyteller

ပုံပြောတာဟာ အရည်အချင်းတစ်ခုပါ။ ပုံပြောကောင်းတဲ့သူဖြစ်ဖို့ confidence တော့ လိုတာပေါ့။ တစ်ခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာ အလွန်အသုံးဝင်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ကူးတွေ ပုံပြင်တွေကို ရှင်းလင်းပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံနဲ့ ဆက်သွယ်နိုင်တာဟာ ပိုမိုကောင်းမွန်တဲ့ဆက်သွယ်မှုတွေကို ပေးပါလိမ့်မယ်။

  1. Don't look away

လူတွေနဲ့ ဆက်ဆံတဲ့အခါ eye contact က မင်း သူတို့ပြောတဲ့အကြောင်းအရာကို စိတ်ဝင်စားမှုရှိမရှိဆိုတာကို ပြသနေတာဖြစ်တဲ့အတွက် အရမ်းအရေးကြီးပါတယ်။

  1. Learn to listen to others

လူတွေအားလုံးမှာ ကိုယ့် ကိုယ်ပိုင် ပြဿနာတွေ အခက်အခဲတွေ ရှိပါတယ်။ မင်းကတော့ ဒါတွေကို နားထောင်ပေးနိုင်မှုနဲ့ ထူးခြားမှုပြုလုပ်နိုင်ပါတယ်။ ဒီလို နားထောင်ပေးတာဟာ မင်းက သူတို့ကို ဂရုစိုက်တယ်ဆိုတာကို ပြသတာပါ။ ဒါကို သူတို့က အသိအမှတ်ပြုပြီး ကျေနပ်ကြပါလိမ့်မယ်။ ဒီမေးခွန်းလေးကို ဖြေကြည့်ပါ။ မင်းဆိုရင်ရော တစ်ခြားသူတွေက သူတို့ ထင်မြင်ချက်တွေ စိတ်ခံစားမှုတွေ အတွေးတွေပဲ ပြောဖို့ မင်းပြောတာတွေကို တစ်ချက်လောက်ပဲ စိတ်ဝင်စားမှုပြတာမျိုးကို သဘောကျလား? ဒါမှမဟုတ် မင်းပြောတာတွေကို သေချာနားထောင်ပေးပြီး မင်းတကယ် ပွင့်ပွင့်လင်းလင်းပြောပြလို့ရတာကို သဘောကျလား? ဆက်ဆံရေးဘာသာရပ်တွေ သင်ပြီး ကိုယ့်ရဲ့ idea တွေကို သူများလက်ခံလာအောင်ချည်းပဲ လုပ်နေလို့မရပါဘူး။

  1. Use the Mirror Effect

အတုခိုး အတုယူတာဟာလဲ ထိရောက်တဲ့အရာတစ်ခုပါ။ ဒီအရာက မင်းဆက်သွယ်နေတဲ့သူကို မင်းနဲ့ သူ တသားတည်းဖြစ်နေတယ်လို့ ခံစားရစေပါတယ်။ ကိုယ် ဆက်သွယ်နေရတဲ့သူရဲ့ gesture တွေ မျက်နှာအမူအရာတွေ style တွေကို သူနဲ့ ဆက်သွယ်နေစဉ်မှာ အတုခိုး အတုယူလုပ်ရပါတယ်။ ဒါက သူ့ကို မင်းနဲ့ ဆက်သွယ်ရတာ သက်တောင့်သက်သာဖြစ်ပြီး အဆင်ပြေစေပါတယ်။ ကျွန်တော်တို့ လူသားတွေက အတ္တကြီးကြတယ်လေ။ ကျွန်တော်တို့နဲ့ တူညီတဲ့သူတွေကို သဘောကျကြတယ် အားကျကြတယ်ဗျ။

ဒါတွေဟာ ကျွန်တော်တို့တွေအားလုံးအတွက် နယ်ပယ်အရပ်ရပ်မှာ အသုံးဝင်ပါတယ်။ စီးပွားရေးနယ်ပယ်မှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တဲ့အခါမှာသာမကပါဘူး။ ဒီနည်းလေးတွေ သုံးပြီး လူတွေကို attract လုပ်ကြည့်ပါဗျာ။ ရုပ်ရည်ချောဖို့ အဓိကမကျပါဘူး။

PreviousWrite down your goals

Last updated 3 years ago

Was this helpful?