Larry Page

Larry Page

Google လို့ဆိုလိုက်တာနဲ့ Internet မကင်းသူတိုင်း သိကြတဲ့ ကမာ္ဘအနှံ အင်တာနက် ဝန်ဆောင်မှုတွေကိုပေးနေတဲ့ Search Engine ကြီးတစ်ခုဖြစ်ပါတယ်။ Google ကို Larry Page (ခေါ်) Lawrence Page လို့ခေါ်တဲ့ အမေရိကန် ကွန်ပြူတာသိပ္ပံပညာရှင်က Sergey Brin နဲ့အတူတွဲဖက်ပြီး Google Inc. ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ Larry Page အနေနဲ့ Google ကို မူလအစတည်ထောင်ချိန်က သာမန် Search Engine တစ်ခုအဖြစ်သာ ဖန်တီးခဲ့ပြီး နောက်ပိုင်းမှာ အင်တာနက်နဲ့စပ်လျဉ်းနေတဲ့ လုပ်ငန်းခွင်တွင်မှာပါ အသုံးပြုနိုင်လာအောင် ပိုမိုတိုးချဲ့ခဲ့ပါတယ်။ ကွန်ပြူတာပညာရှင်ရဲ့ သားဖြစ်သူတစ်ဦးဖြစ်တဲ့ Page ဟာ ငယ်ရွယ်စဉ်ကတည်းက ကွန်ပြူတာနဲ့ ပတ်သတ်ပြီး ပါရမီ အပြည့်အဝရှိခဲ့ပြီး နည်းပညာ၊ စီးပွားရေးနှင့် တီထွင်မှုအပိုင်းတွေမှာ ပိုမိုစိတ်ဝင်စားခဲ့ပါတယ်။ Stanford တက္ကသိုလ်မှာ ကွန်ပြူတာသိပ္ပံ ဘာသာရပ်ကို သင်ယူဆည်းပူးနေစဉ်မှာပဲ Sergey Brin နှင့်အတူတွဲဖက်ပြီး ရှာဖွေလိုတဲ့အကြောင်းအရာတွေကို အလွယ်တကူဖော်ပြပေးမယ့် Search Engine ကို တီထွင်ခဲ့ပါတယ်။ Page နဲ့ Brin ဟာ ၁၉၉၈ ခုနှစ်မှာ “Google Inc” အမည်ဖြင့် ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဒုဥက္ကဌရာထူးဖြင့် ၂၀၀၁ခုနှစ်အထိ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ရောက်လာတဲ့အချိန်မှာ Page အနေဖြင့် Google ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ Page ဟာ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

ငယ်ဘဝဖြတ်သန်းမှု့

Larry Page ကို ၁၉၇၃ခုနှစ် မတ်လ၂၆ရက်နေ့မှာ မိဘဖြစ်သူ Carl Page နဲ့ Gloria ကွန်ပျူတာသိပ္ပံပညာရှင်နှစ်ဦးမှ ဖွားမြင်ခဲ့ပါတယ်။ ငယ်ဘဝကတည်းက ကွန်ပြူတာများ၊ သိပ္ပံဆိုင်ရာ စာအုပ်များဖြင့်သာ အချိန်ကုန်ဆုံးခဲ့ပြီး နည်းပညာနဲ့ပတ်သတ်တဲ့ ပါရမီကို ပိုမိုတိုးတတ်လာအောင် ကိုယ်တိုင်ကြိုးစားခဲ့ပါတယ်။ စီးပွားရေးမှာ စိတ်ဝင်စားခဲ့ပြီး အသက် ၁၂နှစ်အရွယ်မှာပင် ကိုယ်ပိုင်ကုမ္ပဏီကို ဖွင့်လှစ်လိုစိတ် ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်တွင် East Lansing အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး Michigan သက္ကသိုလ်မှာ ကွန်ပျူတာအင်ဂျင်နီယာပညာရပ်ကို တတ်ရောက်ဆည်းပူးခဲ့ပါတယ်။ နောက်ပိုင်းမှာ Stanford သက္ကသိုလ်မှ ကွန်ပြူတာသိပ္ပံပညာရပ် မာစတာဘွဲ့အတွက် တတ်ရောက်ဆည်းပူးလေ့လာခဲ့ပါတယ်။

Larry Page နှင့် Google:

Larry Page သည် Stanford တက္ကသိုလ်တွင် PhD ကိုသင်ယူနေစဉ်ကာလတွင်း Sergey Brin နှင့်တွေ့ဆုံခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ပရိုဂျက်တစ်ခုကို အတူလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် BackRub အမည်ရ Search Engine ကိုစတင်တည်ဆောင်နိုင်ခဲ့သည်။ ၎င်းသည် Standford ၏ ဆာဗာများပေါ်တွင် အခြေခံပြီး လပေါင်းများစွာ အချိန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Page နှင့် Brin သည် ထိုပရောဂျက်ကို ကုမ္ပဏီတစ်ခုအနေဖြင့် ပူပေါင်းပြီး လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ထိုအချိန်တွင် Sun Microsystems မှ co-founder တစ်ဦးဖြစ်သူ Andy Bechtolsheim သည် ကုမ္ပဏီ၏အဓိက ငွေကြေး ဘဏ္ဍာရေးတွင် အဓိကနေရာမှပါဝင်ခဲ့ပြီး ကုမ္ပဏီတည်ထောင်ရန်အတွက်ဒေါ်လာတစ်သိန်းကို ချက်လက်မှတ်ရေးထိုးထုတ်ပေးခဲ့ခြင်းဖြစ်သည်။

၁၉၉၈ စက်တင်ဘာလတွင် ပရောဂျက်ကို Google အဖြစ် တရားဝင်နာမည်ပေးပြီး အသုံးပြုခွင့်ပေးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် Eric Schmidt မှ CEO အဖြစ်လုပ်ကိုင်ခဲ့ပြီး Page နှင့် Brin မှ နည်းပညာပိုင်းဆိုင်ရာနှင့် ကုန်ပစ္စည်းဝန်ဆောင်မှုပိုင်းဆိုင်ရာတွင် ဥက္ကဌများအဖြစ် လုပ်ဆောင်ခဲ့ကြသည်။

၂၀၀၄ ခုနှစ်တွင် Google မှ Orkut အမည်ရှိ လူမှုကွန်ရက်ကို စတင်အသုံးပြုခွင့်ပေးခဲ့ပြီး Google ကို Destop ကွန်ပြူတာများမှ စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် Page နှင့် Brin ကို မီလီယံနာများဖြစ်စေမည့် Initial Public Offering (IPO) ဝန်ဆောင်မှုကိုလည်း စတင်ဖြန့်ချိခဲ့သည်။ Google အနေဖြင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး Google.org ကိုလည်း စတင်လွင့်ထူခဲ့သည်။

၂၀၀၅ခုနှစ်သည် Google မှ အသစ်အဆန်းဝန်ဆောင်မှုများစွာပေးသော နှစ်တစ်နှစ်ဖြစ်သည်။ Google Maps ၊ Blogger Mobile ၊ Google Reader ၊ iGoogle အစရှိသော ဝန်ဆောင်မှုသစ်များစွာကို သုံးစွဲသူများထံမိတ်ဆက်ပေးခဲ့သည်။ နောက်တစ်နှစ်ကြာပြီးနောက် Google မှ Youtube ကို လွင့်ထူပေးပြီး Gmail တွင်လည်း စာဖြင့်ဆက်သွယ်ချိတ်ဆက်နိုင်သည့် Chat စနစ်ကို ထည့်သွင်းပေးခဲ့သည်။

၂၀၀၇ခုနှစ်တွင် China မိုဘိုင်း နှင့် Salesforce.com တို့နှင့် အကျိုးတူပူးပေါင်းခဲ့ပြီး Kenya နှင့် Rwanda နိုင်ငံများရှိ ထောင်ပေါင်းများစွာသောကျောင်းသားများ ပညာရေးအတွက် Google အက်ပလီကေးရှင်းများ လုပ်ဆောင်နိုင်ရန် ထပ်မံ အကျိုးတူပူပေါင်းမှုများလုပ်ဆောင်ခဲ့သည်။

၂၀၀၈ခုနှစ်တွင် Google ဆိုက်များနှင့် Google Earth ဗားရှင်းအသစ်ကို ထုတ်လုပ်ပေးခဲ့သည်။ ထိုအပြင် လူတစ်ဦးချင်းစီ၏ကျန်းမာရေးကို ဦးတည်ပြီး ဝန်ဆောင်မှုပေးနိုင်ရန် Google Health ကို ထုတ်လုပ်ပေးခဲ့သည်။ သို့သော် ထို ဝန်ဆောင်မှုမှာ ထင်သလောက် အကျိုးမသက်ရောက်သဖြင့် ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ရသည်။

Picasa for Mac was launched in January 2009 followed by Google Latitude and the latest version of Google Earth. Google Ventures, a venture capital fund for supporting new technology companies, was also introduced the same year. ၂၀၀၉ ခုနှစ် ဇန်နဝါရီမှာ Mac ကွန်ပျူတာအတွက် Picasa ကို မိတ်ဆက်ပေးခဲ့ပြီး Google Earth ဗားရှင်းအသစ်ပါ ထုတ်လုပ်ပေးခဲ့သည်။ Google Ventures အမည်ရ ငွေကြေးထောက်ပံ့မှုကိုလည်း နည်းပညာသစ်တီထွင်သည့် ကုမ္ပဏီများအတွက် စတင်မိတ်ဆက်ပေးခဲ့သည်။

၂၀၁၀ခုနှစ်တွင် Google Apps Marketplace ကို စီးပွားရေးသုံး အက်ပလီကေးရှင်းများအတွက် အွန်လိုင်းစတိုးအနေဖြင့် စတင်ထုတ်လုပ်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် အလွယ်တကူ အသုံးပြုနိုင်အောင် ဝန်ဆောင်မှုပေးထားသည်။

၂၀၁၁ခုနှစ် ဇန်နဝါရီတွင် Larry Page မှ CEO အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး သုံးစွဲသူများအတွကိ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့်ထောက်ပံ့ပေးခဲ့သည်။

၂၀၁၂ခုနှစ်မှာ QuickOffice ကို iOS နဲ့ Andriod OS များ၏ သုံးစွဲမှုပိုမိုအဆင်ပြေစေရန် ထုတ်လုပ်ပေးခဲ့သည်။

၂၀၁၄ခုနှစ်မှ ၂၀၁၆ခုနှစ်ကာလအတွင်း Cloud နှင့် Image ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ပိုမိုအလေးပေးလုပ်ဆောင်ခဲ့သည်။

အထင်ရှားဆုံးလုပ်ဆောင်ချက်များ:

Larry Page ရဲ့ အကြီးမားဆုံးလုပ်ဆောင်ချက်ကတော့ Google ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Google ဟာဆိုရင်ဖြင့် ကမာ္ဘ့အနှံအပြား သန်းပေါင်းများစွာသော သုံးစွဲသူများနှင့် ကမာ္ဘ့သုံးစွဲသူအများဆုံး Search Engine တစ်ခု ဖြစ်ပါတယ်။ Search Engine တစ်ခုအနေသာမက အခြားသော ဝန်ဆောင်မှုများဖြစ်တဲ့ Gmail ၊ Blogger ၊ Google Maps ၊ Picasa တို့ကိုပါ ပေးလျက်ရှိပါတယ်။ Google အနေဖြင့် ကမာ္ဘအနှံအပြားမှာရှိတဲ့ ငတ်မွတ်မှုနှင့် ဆင်းရဲမှု ပပျောက်ရေးအတွက်လည်း နည်းပညာဆိုင်ရာ အကျိုးပြုမှုများလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ပြီး ၂၀၀၄ခုနှစ်က ကူညီပေးမည့်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

ရရှိခဲ့သောအောင်မြင်မှုနှင့်ဆုများ:

Page နဲ့ Brin ဟာ ၂၀၀၂ ခုနှစ်မှာ the MIT Technology Review TR100 အရ ကမာ္ဘပေါ်ရှိ အသက်(၃၅)နှစ်အောက် ထိပ်တန်း တီထွင်ပညာရှင် (၁၀၀)ထဲမှာပါဝင်ခဲ့ပါတယ်။ ၂၀၀၂ခုနှစ်ကကျင်းပတဲ့ World Economic Forum မှာလည်း ကမာ္ဘ့စွန့်ဦးတီထွင်ရှင်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရပါတယ်

Page နဲ့ Brin ဟာ ၂၀၀၄ခုနှစ်က သိပ္ပံနဲ့ နည်းပညာပ်ိုင်းဆိုင်ရာအောင်မြင်မှုအရှိဆုံး(သို့)အကျော်ကြားဆုံးတီထွင်မှုပြုလုပ်နိုင်သောလူများကိုသာ ချီးမြှင့်သော Marconi Foundation Prize ကိုပါလက်ခံရရှိခဲ့ပါတယ်။ ကိုလန်ဘီယာတက္ကသိုလ်မှ Marcon Foundation အတွက် အဖွဲ့ဝင်အဖြစ်ပါ ရွေးချယ်ခြင်းခံရပါသေးတယ်။

လူမှုနေထိုင်မှုဘဝ:

Larry Page ဟာ ၂၀၀၇ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Lucinda Southworth နှင့်လက်ထပ်ခဲ့ပြီး ကလေး(၂)ဦး ထွန်းကားခဲ့ပါတယ်။

ပိုင်ဆိုင်မှု:

Forbes ရဲ့ စာရင်းအရ Larry Page ဟာ အသားတင် ဒေါ်လာ ၃၉.၉ ဘီလီယံကို ပိုင်ဆိုင်ထားပြီး အချမ်းသာဆုံး ဘီယီယံနာများရဲ့ နံပါတ်(၁၂)နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

အခြားသောဆက်စပ်အကြောင်းအရာများ:

Larry Page ရဲ့အမျိုးသမီးက သရုပ်ဆောင်မော်ဒယ်ဖြစ်သူ Carrie Southworth ရဲ့ ညီအမတော်စပ်သူတစ်ဦးဖြစ်ပါတယ်။ Stanford တက္ကသိုလ်မှာ PhD အတွက်တတ်ရောက်သင်ကြားခဲ့သော်လည်း လုပ်ငန်းများကြောင့် ဘွဲ့ကို မရယူနိုင်သေးပါဘူး။

Last updated