Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Write down your goals

Goals တွေကို ဘာကြောင့်ချရေးဖို့လိုတာလဲ ?

လူတိုင်းနီးပါး ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ ရှိလားလို့ မေးကြည့်တဲ့အခါ "ရှိတာပေါ့ " ဆိုတဲ့အဖြေကို သင်ကြားရလိမ့်မယ်။ ဒါပေမယ့် အသေအချာ စာအုပ်ထဲမှာ ချရေးထားတဲ့သူဆိုတာ အရမး်နည်းပါတယ် လို့ ပညာရှင်တစ်ဦးကဆိုတယ်။ ဒါဟာ ဖြစ်ချင်စိတ် တစ်ခုသာဖြစ်ပြီး ဖြစ်လာအောင်လုပ်ချင်စိတ်မရှိသေးတာ ဖြစ်ပါတယ်။ Wish တစ်ခုသာ ဖြစ်နေပီး Goal ဖြစ်မလာသေးပါဘူး။ တိကျသေချာတဲ့ ပန်းတိုင် Goal တစ်ခုကို သတ်မှတ်ဖို့လိုပါတယ်။ ထို့မှသာ ချမှတ်လိုက်တဲ့ ပန်းတိုင်ကို စတင်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Goals တွေ ချရေးခြင်းဟာ တိကျတဲ့ ပန်းတိုင်တွေကိုချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ Goal list ထဲမှာ Health, fitness, family, leisure, financial and business, social နဲ့ အခြားသော သင့်ရဲ့ ရည်မှန်းချက်တွေလဲ ဖြစ်နိုင်ပါတယ်။ ဒီလို Goal တွေသတ်မှတ်တဲ့ Process ဟာ ကျွန်ုပ်တို့ ခရီးရဲ့ အဆုံးမှတ်မဟုတ်ပဲ အစမှတ်ပါ။ Goals တွေ ချရေးခြင်းဟာ ကျွန်ုပ်တို့ရဲ့ ပန်းတိုင် ခရီးလမ်းကို စတင်လျှောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။ Goals တွေကို ချရေးဖို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ကတိပေးသင့်သလဲ ဆိုတာကို အောက်ပါ အချက် ၅ ချက်မှာလေ့လာကြည့်ပါ။

(၁) သင်ဘာကို တကယ်လိုချင်လဲဆိုတာကို သိလာမယ်။

စိတ်ထဲမှာ ဘယ်သွားမလဲဆိုတာကို အတိအကျမသိဘဲ ခရီးတစ်ခုသွားဖို့ တွေးကြည့်ပါဦး? သင် ဘာတွေသယ်ဆောင်သွားမလဲ? ဘာနဲ့ခရီးသွားမလဲ? ဘယ်လမ်းက ခရီးစမလဲ? ဘယ်အချိန်မှာ ခရီးရောက်မလဲ ? ဘယ်အရာကိုမှ သင်ဆက်တွေးလို့ စီစဉ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အရင်ဆုံး ကျွန်တော်တို့ သွားချင်တဲ့ ခရီးကို အတိအကျရွေးချယ်သတ်မှတ်ရပါတယ်။ ပြီးမှသာ ကားနဲ့သွားမယ်၊ လေယာဉ်နဲ့သွားမယ်။ မနက် ၉နာရီသွားမယ် ။ ငွေကြေးတွက်ချက်ယူဆောင်မယ်။ ရေကူးဖို့ ဝတ်စုံလဲယူမယ်။ ဘယ်အချိန်ဆို သတ်မှတ်ခရီးကိုရောက်မယ်။ ဘယ်ဟိုတယ်မှာတည်းမယ် ဆိုပြီး စတာတွေကို စဉ်စားပြီး Plan ချမှတ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် သွားချင်တဲ့ ခရီး Goal တစ်ခုကို အတိအကျချရေးလိုက်ခြင်းဟာ ကိုယ်တကယ်သွားချင်တဲ့ခရီး ဘယ်လဲဆိုတာကို ရှင်းလင်းစွာ သိသွားစေပါတယ်။ သင်တကယ် လိုချင်တာတွေကို သိလာသလို တကယ်မလိုချင်တဲ့ အရာတွေကိုလဲ သိလာစေပါတယ်။

(၂) Action ကို ဖြစ်လာစေတယ်။

သင့်ရဲ့ သွားချင်စိတ်၊ ဖြစ်ချင်စိတ်က အရေးကြီးပါတယ် ဒါပေမယ့် သွားချင်စိတ်နဲ့တင် မလုံလောက်ပါဘူး။ Goal တစ်ခုကို အတိအကျချရေးဖို့လိုပါတယ်။ Goals တွေချရေးခြင်းဟာ ခရီးတစ်ခုကို စတင်စေပါတယ်။ သွားရမယ့် ခရီးကို အတိအကျသိပြီဆိုတဲ့အခါ လိုအပ်မယိ့အရာတွေကို တွက်ချက်စီစဉ်လို့ရလာပါတယ်။ Goal ကိုချရေးတယ်ဆိုတာဟာ ခရီးကို အစပျိုးလိုက်ခြင်းပါ။ နောက်ထပ် လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့လဲ တွန်းအားဖြစ်စေပါတယ်။ အရမ်းသွားချင်ပါတယ်ဆိုတဲ့ ခရီးတွေတောင် အသေအချာ ချမရေးဖြစ်လို့ မသွားဖြစ်တော့တာမျိုး ကြုံဖူးကြမယ်လို့ထင်ပါတယ်။ ကျွန်ုပ်ကတော့ ကြုံဖူးပါတယ်။ တချို့ ခရီးတွေဆို စိတ်ကူးထဲကနေတောင် ပျောက်သွားပြီး ပြန်ပုံဖော်ကြည့်လို့တောင် မရတော့ပါဘူး။ လုပ်မယ်ဆိုတဲ့ အလုပ်တွေလဲ ချမရေးဖြစ်လို့ မလုပ်ဖြစ်တော့တာတွေလဲအများကြီးပါ။ ဒါကြောင့် တကယ်လိုချင်တဲ့ Goal မှန်ရင် ချရေးလိုက်ပါ။ တကယ်လုပ်ဆောင်မှု action ကိုဖြစ်လာစေပါလိမ့်မယ်။

(၃) အခြားသော အခွင့်အလမ်များကို သိရှိနိုင်တယ်။

သင် အောင်မြင်လာလေ အခွင့်အလမ်း (Opportunities) များလာလေလေဖြစ်ပါတယ်။ ဒီလို အခွင့်အလမ်းအသစ်တွေ ဖြစ်ပေါ်လာခြင်းကိုလဲ ချရေးထားတတ်သည့် အလေ့အကျင့်ကြောင့် အခွင့်အလမ်းတွေဟာ မှေးမှိန်ပျောက်ပျက်မသွားဘဲ သေချာစွာ တည်ရှိနေပါတယ်။ ဒါကြောင့် အခွင့်အလမ်းများကိုလဲ လက်လွှတ်ဆုံးရှုံးရခြင်းမရှိဘဲ လိုအပ်သည်များကို ဖမ်းဆုပ်လာနိုင်ပါတယ်။

(၄) အတားအဆီးတွေကို ဖြတ်ကျော်လာနိုင်တယ်။

Dream or Goal တွေ intention ( ရည်ရွယ်ချက်တွေ) တိုင်းမှာ အတားအဆီးဆိုတာဟာ ရှိမြဲပါ။ Goal တစ်ခုကို ချမှတ်လိုက်ပြီးတဲ့နောက်မှာ အတားအဆီးဆိုတာကို သင်ခံစားမိလာမယ်။ ကြုံလာရမယ်။ စိတ်ညစ်စရာမလိုပါဘူး။ ဒါပေမယ့် သင်ဟာ အခက်အခဲပေါ်မှာပဲ အာရုံစိုက်လိုက်မယ်ဆိုရင်တော့ ထိုအခက်အခဲဟာ ပိုပြီးကြီးမားလာတယ်လို့သင်ခံစားရမယ်။ ဒီအခက်အခဲကို ဖြတ်ကျော်အနိုင်ယူဖို့ အကောင်းဆုံး နည်းလမ်းကတော့ သင့်ရဲ့ Goal ပေါ်မှာပဲ အာရုံစိုက်ခြင်းဖြစ်ပါတယ်။ အခက်အခဲပေါ်မှာ စိတ်ဖိစီးမနေသင့်ပဲ ကိုယ့်ချမှတ်ထားတဲ့ ပန်းတိုင် Goal ကိုသာ အာရုံစိုက်ပြီးလုပ်ဆောင်နေဖို့ လိုပါတယ်။ သင့်ရဲ့ မျက်လုံးတွေကို ခေတ္တမှိတ်လိုက်ပါ။ ခံစားကြည့်ပါ။ သင့်ရဲ့ ချမှတ်ထားတဲ့ Goals တွေကိုမြင်ယောင်ကြည့်ပါ။ စိတ်အာရုံထဲမှာ သင်ဘာကို ဝတ်ဆင်ထားလဲ? သင့်ဘေးနားမှာ ဘယ်သူတွေရှိနေလဲ? သင်ဘယ်လိုရနံ့တွေကို ခံစားမိနေလဲ? သင်ဘယ်လိုခံစားနေရလဲ? ရယ်မောနေတာလား? ပြုံနေတာလား? .... သင့်ရဲ့အာရုံထဲမှာ အတိအကျပုံဖော်လို့ရနေပြီဆိုရင် သင်ချမှတ်လိုက်တဲ့Goals တွေကိုလဲ သင်ဖမ်းဆုပ်လာနိုင်တော့မယ်လို့ ကျွန်ုပ်ယုံကြည်တယ်။ တစ်စုံတစ်ရာ အဆင်မပြေမှုကို စိတ်မပူပါနဲ့ သင်ရဲ့ Goals တွေအမှန်တကယ်ဖြစ်လာမယ်လို့သာ ယုံကြည်ထားပါ။ မြင်ယောင်ကြည့်ပါ။ အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။ လို့ ပညာရှင်တစ်ဦးက ဆိုထားပါတယ်။

(၅) သင်ရဲ့ တိုးတက်မှုကို တိုင်းတာနိုင်တယ်။

သင်ဟာ သင့်ရဲ့တိုးတက်မှုကို မမြင်ရတဲ့အခါ ဘဝဟာ ခက်ခဲတယ်လို့ခံစားလာရမယ်။ တနေ့ သေဆုံးဖို့အတွက် အလုပ်လုပ်နေရပြီး ကိုယ့်ကိုယ်ကို ဘယ်သွားနေမှန်းလဲမသိတဲ့ ခံစားချက်မျိုးတွေနဲ့ ပြည့်နှက်လာပါတယ်။ ဒါကိုဖြေရှင်းဖို့ Goals တွေကို ချရေးကြည့်လိုက်ပါ။ Goals တွေချရေးလိုက်တာဟာ သင်သွားမယ့် Highway လမ်းမကြီးမှာ မိုင်တိုင်တွေ စိုက်ထူးလိုက်ခြင်းနဲ့တူပါတယ်။ သင်လျှောက်လှမ်းခဲ့တဲ့ ခရီး ဘယ်ကိုရောက်နေပြီလဲ ဆိုတာကို မိုင်တိုင်တွေက သက်သေထူပေးပါလိမ့်မယ်။ သင်ရဲ့ ( Progress )တိုးတက်လာမှုတွေကို သင်သိလာပါတယ်။ ဖြတ်သန်းခဲ့တဲ့ ခရီးမှတ်တိုင်တွေက သင့်ရဲ့ တိုးတက်မှုပါ။ ထို့အပြင် ပန်းတိုင်ကို ဆက်လျှောက်နိုင်ဖို့လဲ ခွန်အားတွေ ဖြစ်လာစေပါတယ်။

PreviousCTANextAttractive person

Last updated 3 years ago

Was this helpful?