Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Tai Lopex ရဲ့ အကြံပေးချက်

စွန့်ဦးတီထွင်သူတွေ သိသင့်တဲ့ Tai Lopex ရဲ့ အကြံပေးချက်

Tai Lopez ကတော့ social media marketing expert တစ်ယောက်ပါ။ သူဟာ multimillion-dollar business တွေအတွက် အကြံပေးလဲလုပ်ပါတယ်။

1. Pick an idea that works for you.

လူတော်တော်များများက သူတို့ကိုယ်သူတို့ ဘယ်နေရာမှာ တော်တယ်ဆိုတာ သိကြတယ်လို့ ထင်ကြပါတယ်။ အများအားဖြင့်တော့ သူတို့ မှားနေကြတာပါ။

Peter Drucker က သူ့ရဲ့ Managing oneself ဆိုတဲ့ စာအုပ်မှာ ရေးသားထားပါတယ်။

ဒီအရာဟာ ကျွန်တော် တွေ့ရှိခဲ့သမျှထဲမှာ အရေးအကြီးဆုံး စည်းမျဉ်းတစ်ခုပါပဲ လို့ Lopex က ပြောပါတယ်။ entrepreneur တော်တော်များများက သူတို့ business တွေ ဘာလို့ ကျရှုံးကြလဲဆိုတဲ့ အကြောင်းရင်းကို မရှာဖွေနိုင်ကြပါဘူး။

မင်းဟာ ကိုယ့်ရဲ့ အားသာချက်ရှိတဲ့ပေါ်မှာပဲ business တစ်ခု တည်ဆောက်လို့ရပါတယ်။ Doing what you love ဆိုတာ မင်းရဲ့ ဝါသနာတွေအတွက်ပဲ အလုပ်ဖြစ်တာပါ။ မင်းရဲ့ business ကို မင်းရဲ့ အားနည်းချက်တွေမှာ မတည်ဆောက်မိပါစေနဲ့။

ကျွန်တော်က basketball ကစားရတာ ဝါသနာပါတယ်။ professional တစ်ယောက်အနေနဲ့ ကစားဖို့လောက်တော့ မတော်ပါဘူး။ ကျွန်တော် ဒါကို ကျွန်တော့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တစ်ခု အနေနဲ့ လုပ်လိုက်ရင် ကျွန်တော် ငွေကြေးအရ အဆင်ပြေနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် basketball ကို ဝါသနာတစ်ခုအနေနဲ့ပဲ ကစားပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် သဘာဝအလျောက် အလွယ်တကူဖြစ်စေတဲ့ public speaking တို့ video makings တို့ social media marketing တို့မှာ business တွေ တည်ထောင်ခဲ့တယ်။

Lopex အကြံပေးတာကတော့ ကိုဟ့်အကြောင်းကို ကိုယ်ပိုသိဖို့ပါပဲတဲ့။

၂။ Spot Trends

လတ်တလော ခေတ်စားနေတဲ့ trend တွေကို လျစ်လျူမရှုမိပါစေနဲ့။

social media နဲ့ ပတ်သတ်ပြီး business တွေဟာ struggle လုပ်နေရပါတဟ်။ ဒါကြောင့် Tai Lopex က business တွေအတွက် social media နဲ့ပတ်သတ်ပြီး manage လုပ်ပေးတဲ့ business ကို တည်ထောင်ခဲ့တယ်။

ု

ပြဿနာတွေကို အခွင့်အရေးလို့မြင်လိုက်ပြီး လူတွေကို ဖြေရှင်းဖို့ ကူညီလိုက်ပါ။ ဒါဆိုရင် မင်းရဲ့ အဖြေတွေအတွက် ဆုလာဘ်အနေနဲ့ ပိုက်ဆံရှာနိုင်မှာပါ။

3. Launch quickly.

Lopex က သူ့ရဲ့ ပထမဆုံး mentor ဖြစ်တဲ့ Joel Salatinက သူ့ကို ပြောထားတာကို မျှဝေထားပါတယ်။

Sometimes, Good enough is perfect. ပါတဲ့။

ဒီအယူအဆကတော့ building prototypes that are just good enough versions to test in the market. လို့ ဆိုလိုတာပါ။

entrepreneur တွေ ကျရှုံးရတဲ့အကြောင်းရင်းကတော့ ဘယ်သူမှ မဝယ်ချင်တဲ့ အရာတွေကို ဖန်တီးနေကြလို့ပါတဲ့။

prototyping ကို အသုံးပြုပြီး မင်းက လူတွေ မြန်မြန်နဲ့ ဈေးသက်သက်သာသာ ပေးဝယ်ကြမဲ့အရာကို ဖန်တီးနိုင်မှာပါ။ "Speed of launch" က procrastinate လုပ်နေတာနဲ့ ရင်ဆိုင်ရမှာပါ။

ကျွန်တော်တို့တွေဟာ initial launch မှာ perfect ဖြစ်ဖို့ ကြိုးစားရင်းနဲ့ အချိန်ဆွဲနေတတ်ကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ စိတ်မဝင်စားတော့ဘဲ ဒီ project က ဘယ်တော့မှ အောင်မြင်နိုင်တော့မှာမဟုတ်ပါဘူး။

Good enough is perfect ဆိုတာ မမေ့ပါနဲ့။

4. Pivot around what customers want.

Lopex က Apple နဲ့ Kodak ကနေ entrepreneur တွေ ဘယ်လို သင်ခန်းစာယူနိုင်လဲဆိုတာ ပြေပြထားပါတယ်။

i phone ဟာ user request တွေကို ဖြည့်စည်းပေးရင်း အမြဲမပြတ် ပြောင်းလဲအောင် လုပ်နေတဲ့အတွက် smartphone market ကို ကြီးစိုးထားနိုင်ပါတယ်။

ပြောင်းပြန်အနေနဲ့ Kodak ဟာ ဆယ်စုနှစ်အတော်ကြာ top photography brand တစ်ခုအနေနဲ့ ရပ်တည်နေရင်း ပြောင်းလဲမှုတွေကို လျစ်လျူရှုပြီး အမြန်ဆုံး ပြောင်းလဲမှုတွေ မလုပ်နိုင်တဲ့အတွက် 2012 မှာ ဒေဝါလီခံခဲ့ရပါတယ်။

business တစ်ခု grow လုပ်ဖို့ မင်းရဲ့ idea အပေါ်မှာပဲ မီခိုမနေပါနဲ့။ idea က မင်းကို စတင် လုပ်ဆောင်စေတယ်။ ဒါပေမဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ အမြဲ ဆန္ဒရှိနေပါစေ။ မင်းရဲ့ idea ကို စမ်းသပ်မှုတွေ ပြုလုပ်ပြီး တိုးတတ်အောင် လုပ်ပါ။ မဟုတ်ရင်တော့ မင်းကျရှုံးရမှာပါ။

5. Optimize your pricing.

Lopex က business တော်တော်များများဟာ ဈေးနှုန်းသတ်မှတ်တဲ့နေရာမှာ မှားယွင်းနေကြပါတယ်။

price optimize လုပ်တာဟာ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဈေးနှုန်းဟာ အရမ်းများနေလို့ မဖြစ်သလို အရမ်းနည်းနေလို့လဲ မဖြစ်ပါဘူး။ different prices တွေကို စမ်းသပ်ကြည့်ပါ။

6. Use a trainer.

Lopex က world-class performer တွေအားလုံးမှာ trainer တွေ coaches တွေ mentors တွေ ရှိကြတယ်ဆိုတာကို သတိထားမိပါတယ်။ ဒါကြောင့် သူ့ဘဝကိုလဲ ဒီအတိုင်းပဲ coach တွေ trainer တွေ ထားပါတယ်။

ဘယ်လို business ကိုပဲ မင်းစတင်ပါစေ။ mentor တွေက မင်း online မှာ ရှာဖွေလို့မရတဲ့ အဖြေတွေ ပေးနိုင်ပါတယ်။ သူတို့ရဲ့ personal experience တွေက မင်းကို လမ်းပြပေးနိုင်ပါလိမ့်မယ်။

PreviousToe Tet for Personal DevelopmentNextစိတ်ကို ပြောင်းလဲဖို့

Last updated 3 years ago

Was this helpful?