Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

"No" ပြောဖို့

"No" ပြောဖို့ ဘာကြောင့် အရေးကြီးတာလဲ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်တဲ့ Warren Buffett က ပြောပါတယ်။ အောင်မြင်တဲ့သူနဲ့ အလွန် အောင်မြင်တဲ့သူရဲ့ ကွာခြားချက်ကတော့ အလွန်အောင်မြင်တဲ့သူက အရာတိုင်းနီးပါးကို No လို့ ပြောတတ်တာပါပဲ တဲ့။

ကျွန်တော်တို့ အောင်မြင်နေတဲ့သူတွေကို ကြည့်တဲ့အခါ သူတို့ ဘာတွေလုပ်ခဲ့လဲဆိုတာကိုပဲ မြင်တာ များပါတယ်။ တကယ်ကတော့ သူတို့ရဲ့ အားကျစရာ အောင်မြင်မှုတွေနောက်မှာ သူတို့မလုပ်ခဲ့ကြတဲ့ အရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့အားလုံးမှာ အချိန်အကန့်အသတ်ရှိပါတယ်။ ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ ဘဝရဲ့ အရေးကြီးတဲ့အရာတွေ ပြီးမြောက်ဖို့ဆိုတာက တစ်ချို့အရာတွေကို No လို့ ပြောတတ်ဖို့ လိုပါတယ်။ မှန်ကန်တဲ့ အချိန်မှာ No ပြောတတ်တာဟာ စွမ်းရည်တစ်ခုပါ။

လူတွေ ဘာကြောင့် No ပြောဖို့ သတ္တိမရှိတာလဲ?

ကျွန်တော်တို့တွေဟာ No ပြောလိုက်တဲ့အတွက် အခွင့်အရေးတွေ ဆုံးရှုံးရမှာ ဒါမှမဟုတ် ဒီအခွင့်အရေးတွေ တစ်ခြားသူဆီရောက်သွားမှာ ဒါတွေကို စိုးရိမ်တဲ့အတွက် No မပြောရဲကြပါဘူး။ ကျွန်တော်တို့ No ပြော လိုက်တဲ့အတွက် တစ်ခြားသူတွေက ကျွန်တော်တို့အပေါ် အမြင်မကြည်မှာ တစ်ခြားသူတွေကို ထိခိုက်မှာ စသည်ဖြင့် စိုးရိမ်တာကြောင့်လဲ No မပြောနိုင်ကြပါဘူး။ No ပြောဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ အောင်မြင်ချင်တယ်ဆိုရင်တော့ တစ်ချို့အရာတွေကို No လို့ပြောရပါလိမ့်မယ်။ စဉ်းစားကြည့်ပါ။ မင်းဘဝမှာ တစ်ခြားသူတွေအကြိုက် လုပ်ဖို့ Yes တွေ ပြောခဲ့ပြီး အဲ့ဒီ Yes တွေအတွက် နောင်တရခဲ့တဲ့ အချိန်တွေ ဘယ်လောက် များခဲ့ပြီလဲ။ မင်းဘဝမှာ တစ်ချို့သော အရာတွေကို No မပြောရဲတဲ့အတွက် အချိန်တွေ ဘယ်လောက်ကုန်ခဲ့ပြီး လိုချင်တာတွေ မရနိုင်သေးတာလဲ။

ဒါဆို No ပြောဖို့ အရေးကြီးတာ ဘာကြောင့်လဲ?

၁။ မင်း Yes ပြောလိုက်တဲ့ မင်းအတွက် အရေးကြီးတဲ့အရာတွေကို ကောင်းကောင်း လုပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

ကျွန်တော်တို့ ကိုယ့်အတွက် အရေးမကြီးတဲ့အရာတွေကို No ပြောလိုက်ရင် ကျွန်တော်တို့ တကယ် လိုချင်တဲ့အရာတွေကို စွမ်းအားအပြည့်နဲ့ လုပ်ကိုင်နိုင်ပါလိမ့်မယ်။ အဲ့လို လုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ တကယ်လိုချင်တဲ့ အောင်မြင်မှုကို ရရှိနိုင်ပါလိမ့်မယ်။

၂။ စိတ်ကျေနပ်စရာ ဘဝကို နေထိုင်နိုင်ပါလိမ့်မယ်။

ကျွန်တော်တို့တွေ ကြုံဖူးမှာပါ။ ငါ ဘာလို့ မငြင်းလိုက်မိတာလဲ ငါ ဒါကို ဘာလို့ လက်ခံလိုက်တာလဲ စသည်ဖြင့် နောင်တရတဲ့အချိန်တွေ ရှိမှာပါ။ ကိုယ့်ကိုယ်ကို အပြစ်တင် စိတ်ပျက်မှုတွေ ကြုံဖူးမှာပါ။ No လို့ပြောတာဟာ ကိုယ့်အတွက် သင့်လျော်တဲ့ response ဖြစ်တဲ့အခါ ဒါကို သတ္တိရှိရှိ ပြောနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုရင် ဘဝကို စိတ်ကျေနပ်စွာ နေနိုင်မှာပါ။

၃။ လိုချင်တဲ့ ရလဒ်တွေ ရရှိနိုင်ပါတယ်။

ကျွန်တော်တို့ဟာ No မပြောရဲတဲ့အတွက် Yes လို့ လွယ်လွယ်ပဲ ပြောလိုက်ကြပါတယ်။ No လို့ မပြောရဲတဲ့ အကြောက်တရားကတော့ ကျွန်တော်တို့ကို လူတွေက သဘောကျစေချင်တယ်။ လက်ခံစေချင်တယ်။ အလေးထားတာခံချင်တဲ့ စိတ်ကြောင့် ပေါ်ပေါက်လာရတာပါ။ ဒါဟာ ခေါင်းဆောင်မှု လုပ်တဲ့အပိုင်းမှာလဲ အရေးပါလှပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ လူတွေအားလုံးရဲ့ အကြိုက်ကို လိုက်လုပ်ပေးနေရင်တော့ တကယ်လိုချင်တဲ့ ရလဒ်ကို ရနိုင်မှာ မဟုတ်ပါဘူး။

၄။ personal growth အတွက် အရေးကြီးပါတယ်။

No လို့ပြောရတာဟာ ခက်ခဲပေမဲ့ ဒါဟာ မင်းရဲ့ personal growth အတွက် အရေးကြီးလှပါတယ်။ အရင်က မင်းတကယ် စိတ်မပါဘဲ Yes လို့ပြောနေကျအရာတွေကို No ပြောနိုင်တဲ့အချိန်မှာ မင်းဟာ ကိုယ့်အတွက် နယ်ပယ်အကန့်အသတ်တစ်ခု သတ်မှတ်နိုင်ပြီး အနာဂတ်မှာ No လို့ လွယ်လွယ်ကူကူပြောနိုင်ပါလိမ့်မယ်။ ဒါဟာ မင်း ကိုယ့်ကိုယ်ကို တိုးတတ်အောင် ပြုလုပ်နိုင်ခြင်းပါပဲ။

သင့်တော်တဲ့အချိန်မှာ No လို့ ပြောနိုင်တဲ့ အရည်အချင်းရှိဖို့ အင်မတန်လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အချိန် စိတ်ဝင်စားမှုနဲ့ စွမ်းအားတွေဟာ အကန့်အသတ်ရှိပါတယ်။ ရသမျှ အခွင့်အရေးတွေကို Yes လို့ပြောနေမိရင်တော့ ဘဝမှာအောင်မြင်မှုရဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ဘဝမှာ တစ်ချို့အရာတွေကို No ပြောဖို့ အရေးကြီးပါတယ်။

PreviousWork-Life BalanceNextအောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?

Last updated 3 years ago

Was this helpful?