Digital marketing

Digital Marketing ဘာကြောင့်လုပ်ဖို့လိုတာလဲ?? လုပ်ရင် ဘာအကျိုးကျေးဇူးတွေရမှာလဲ ???

ကမ္ဘာမှာ အချိန်နဲ့အမျှ Changes တွေက ဖြစ်နေတာဖြစ်ပါတယ်။ တချိန်က Traditional Marketing ဖြစ်တဲ့ TV ads , Billboard တို့ကိုသာအသုံးပြုရာကနေ ယနေ့ခေတ်မှာ Digital Marketing အသူံးပြုမှုဘက်ကို ကူးပြောင်းလာနေပါပြီ။ email communication , Web tracking, PPC နဲ့ SEO အသုံးပြုမှုတွေဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် Digital Marketing က Internet ကိုအခြေခံထားတဲ့ အမျိုးမျိုးသော Electronic media တွေကိုအသုံးပြုပြီး Product/ service ကို Promote လုပ်တာပဲဖြစ်ပါတယ်။ ယခုချိန်မှာ Digital Marketing ဟာ Client တွေနဲ့ ချိန်ဆက်မှုအားကောင်းစေတယ်၊ လွယ်ကူမြင်သာစေသော နည်းလမ်းလဲဖြစ်နေတာမို့ တွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ သင့်ရဲ့ Company ဟာမည့်သည့် Product ကိုပဲရောင်းရောင်း Digital Marketing သုံးပြီး အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ Digital Marketing ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးအများကြီးထဲက မိတ်ဆွေတို့အတွက် အကောင်းဆုံး ( ၆ ) ချက်ကို မျှဝေပေးလိုက်ပါတယ်။

  1. တိုင်းတာလို့ရခြင်း။

Traditional marketing မှာ Audience/ customers ဘယ်လောက်များများက ကိုယ့်ရဲ့ Product / service ကို စိတ်ဝင်စားသလဲ ? ဝင်ရောက်ကြည့်ရှုကြသလဲ?ဆိုတာကို တိုင်းတာလို့မရနိုင်ပါဘူး။ Digital Marketing ကတော့ ဒါကိုစွမ်းဆောင်နိုင်ပါတယ်။ တိကျတဲ့ ခိုင်မာတဲ့ Report ကိုရရှိနိုင်ပါတယ်။ ဥပမာ။ ။ သင့်ရဲ့ email ဒါမှမဟုတ် Specific link တစ်ခုကို ဘယ်သူတွေက click နှိပ်သွားတယ်ဆိုတာကို အတိအကျ သင်သိနိုင်ပါတယ်။

  1. Flexible ဖြစ်ခြင်း။

ယနေ့ခေတ် Customers တွေက ပိုပြီး စိတ်တိုင်းကျဖြစ်မှုနဲ့ ပုဂ္ဂိုလ်ရေးအလေးထားမှုကို ရှာဖွေနေကြတာဖြစ်ပါတယ်။ Digital Marketing က ဒါကိုစွမ်းဆောင်နိုင်ပါတယ်။ တစ်ဦးချင်းဆီရဲ့ စိတ်ဝင်စားမှုနဲ့ ပိုမိုနှစ်သက်သောအရာတွေသိရှိအသုံးချနိုင်ပြီး ထိုသူတို့ဆီကို Marketing Messages များပေးပို့နိုင်ပါတယ်။ "တစ်ဦးချင်းဆီပုဂ္ဂိုလ်ရေး အလေးထားမှု" က Digital and Online marketing ရဲ့ အကြီးမားဆုံးသော ပိုင်ဆိုင်မှုပဲဖြစ်ပါတယ်။

  1. အခက်အခဲ၊အတားအဆီးနည်းစွာ ဝင်ရောက်နိုင်ခြင်း။

Traditional Marketing လုပ်တဲ့အခါ ကုန်ကျစရိတ် ( cost ) အရမ်းများပါတယ်။ Billboards , TV နဲ့ Radio တွေကနေ ကြေငြာတာဟာ ဈေးမနည်းတာတော့ သေချာပါတယ်။ Digital Marketing ကတော့ Large business မှမဟုတ်ဘဲ Small and Medium business များလဲ အသုံးပြုကြေငြာပြီး audience / customer တွေဆီ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ။ ။ Facebook မှာ သင့်ရဲ့ Coffee ဆိုင်လေးကို ဝင်ရောက်ကြေငြာခြင်းကြောင့် သင့်မှာကုန်ကျစရိတ် မရှိသလောက်ပဲ ဖြစ်ပါတယ်။ Customer Feedback တွေကိုတောင် Reply ပြန်ရင်း Customer engaging လုပ်နိုင်ပါတယ်။

  1. ပိုမိုများပြားသော Audience / customer တွေဆီကို အရောက်သွားနိုင်ခြင်း။

Digital Matketing က Online ပေါ်မှာ လုပ်ဆောင်နေတာဖြစ်နဲ့အတွက် audience ပိုမိုကြီးမားလာအောင် ချဲ့ဖို့လွယ်ကူပါတယ်။ Global audience ကိုတောင် ရရှိနိုင်ပါတယ်။ Traditional Marketing က Geographic area က limited ( အကန့်အသတ်) ဖြစ်နေပါတယ်။ ဥပမာ။ ။ လမ်းဆုံနေရာ၊ အဓိကကျတဲ့ နေရာမျိုးက Billboard မှာကိုယ်က ကြေငြာချင်ပေမယ့် အခြားသောလုပ်ငန်းများက နေရာယူပြီးဖြစ်နေတဲ့အခါ လွတ်နေတဲ့ အခြားသောနေရာမှာသာ ကြေငြာလို့ရနိုင်ပါတော့တယ်။ Digital Marketing ကတော့ Limit မရှိတာတွေ့ရပါမယ်။ သင်ကြိုက်တဲ့အချိန် ကြိုက်တဲ့ပုဲစံမျိုးနဲ့ ကြေငြာလို့ရနိုင်ပါတယ်။ Effective means ( အကျိုးဖြစ်ထွန်းစေမည့်နည်းလမ်းများ) ကိုသုံးပြီး International audience ထိကိုပါ ထိုးဖောက်လို့ရနိုင်ပါတယ်။

  1. ပိုကောင်းအောင်လုပ်ဖို့ လွယ်ကူခြင်း။

Digital matketing က Rrporting နဲ့ဖြစ်တဲ့အတွက် အကယ်၍ သင်ဖြစ်ချင်သလို ဖြစ်မလာတဲ့အရာတခုခုတွေ့နေရပြီဆိုရင် Pinpoint ( အတိအကျဖော်ထုတ်) ပြီး ပြောင်းလဲသင့်က ပြောင်းလဲလိုက်နိုင်ပါတယ်။ အမျိုးမျိုးသော နည်းလမ်းတွေကိုတောင် စမ်းကြည့်နိုင်ပြီး အကောင်းဆုံးအလုပ်ဖြစ်တဲ့ တစ်ချက်ကို ရွေးချယ်လုပ်ကာ ရှေ့ဆက်လျောက်လှမ်းမယ့် အဓိကနည်းဗျူဟာအဖြစ်သတ်မှတ် ရွေးချယ်သွားနိုင်ပါသေးတယ်။

  1. ပြောင်းလဲမှုနှုန်းကို တိုးမြှင့်ပေးခြင်း။

ယနေ့ခေတ်မှာ customers တွေက ဈေးနှုန်းစုံစမ်းဖို့၊ ဈေးဝယ်ဖို့ ဖုနိးဆက်နေဖို့မလိုတော့သလို ဆိုင်ကယ်/ကားမောင်းပြီးသွားဝယ်နေဖို့ဆန္ဒမရှိရင် သွားဖို့မလိုတော့ပါဘူး။ Internet သုံး website လေးဖွင့်ပြီး သိချင်သလောက် ပစ္စည်းအမျိုးပေါင်းများစွာကို ရှာဖွေလို့ရနိုင်ပါတယ်။ သူတို့ရဲ့ email ကိုသုံးပြီး website ကနေ လိုချင်တဲ့ပစ္စည်းကို မှာယူပြီး အိမ်ကနေပဲ စောင့်ယူလို့ရနေပါပြီ။ အများကြီး ပြောင်းလဲလို့နေပါပြီ။

အထပ်ပါ ၆ ချက်အပြင် အခြားသော Benefits တချို့ကို ဖော်ပြရရင်...

  • More cost effective than Traditional Marketing

  • Higher Revenue

  • Higher ROI from your campaign

  • Compete with large corporation

  • Earn people's trust and build brand reputation

    ဆိုတဲ့ Benefits တွေလဲရှိပါတယ်။

    သေချာလေ့လာ လုပ်ဆောင်ပြီး အောင်မြင်တိုးတက်ကြပါစေ။

Last updated