Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Goal ဆိုတာ

ဆန္ဒနဲ့ဘဝတစ်ထပ်တည်းဖြစ်ဖို့ GOAL

=========================

GOAL နဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ Goal Setting Framework လေး share ချင်ပါတယ်။ လူအများစုဟာ ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါ ကိုယ်ဖြစ်ချင်တာတွေနဲ့စကြပြီး ဒီဖြစ်ချင်တဲ့အရာတွေဟာ အချိန်ပေါ်မူတည်ပြီး ပြောင်းလဲသွားကြတယ်။ ဒီတော့ ဘဝမှ လုပ်နေတဲ့အလုပ်အပေါ်စိတ်ကျေနပ်ဖို့နဲ့ ရည်မှန်းချက်ပန်းတိုင်ချဖို့

1. G = Gift

ကိုယ့်ကိုကိုယ်နားလည်အောင်လုပ်ရပါတယ်။ ကိုယ့်ရဲ့ gift ကိုရှာဖွေရပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အားသာချက်နဲ့ Energy Flow ဟာမတူတဲ့အတွက် ကိုယ့် gift ကိုကိုယ်နားလည်ဖို့ ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်နိုင်ပါတယ်။ ဒါမှမဟုတ် Psychometric test တွေနဲ့ ကိုယ့်အကြောင်းကိုလေ့လာနိုင်ပါတယ်။ ဒီအချက်အင်မတန်အရေးကြီးပါတယ်။

2. O = Outcome

ကိုယ်အလုပ်က retire အနားယူတဲ့အချိန်ကို စဉ်းစားလိုက်ပါ။ ထားပါတော့ အသက်ခုနှစ်ဆယ်။ ကိုယ်ကဘယ်နေရာရောက်နေတာလည်း၊ ဘဝမှာလုပ်ခဲ့တဲ့အရာတွေအတွက်ကျေနပ်သလား။ နောက်ပြီး ဆယ်နှစ်အတွင်းပြန်စဉ်းစားပါ။ ဆယ်နှစ်အတွင်းဘာတွေဖြစ်ချင်တာလည်း။ နောက်ငါးနှစ်အတွင်းဖြစ်ချင်တာကိုစဉ်းစားပါ။ နောက်တစ်နှစ် အတွက်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို SMART (Specific, Measureable, Achieveable, Relevant, Timed) နဲ့ချရေးပါ။ ဒီနေရာမှာ Why တွေကအရေးကြီးပါတယ်။ ဘာ့ကြောင့် ဒီရည်မှန်းချက်ကိုအကောင်ထည်ဖော်ချင်တာလည်း။

3. A = Action

80/20 Rule ကို ကျင့်သုံးပါ။ အရေးကြီးတဲ့ 80% result ရစေမည့် 20% သော Key Action တွေကိုချရေးပါ။ Milestones တွေချထားပါ။ နေ့စဉ်လုပ်သွားရမည့် Key Activities တွေအပြင် တခြားသူကို Outsource လုပ်ရမည့်အရာတွေကို ရေးချပြီးစတင်လုပ်ဆောင်ပါ။ ဒီမှာအရေးကြီးတဲ့နောက်တစ်ချက်က ဒီ Action တွေအကောင်အထည်ဖော်ဖို့ ကိုယ့်ကိုကိုယ်ဘယ်လို self-image ရှိရမလည်းဆိုတာအင်မတန်အရေးကြီးပါတယ်။ Robert Dittz ရဲ့ Logical Model အရ ဒီရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ကိုယ်ဘယ်လိုလူဖြစ်ရမယ်ဆိုတာ စဉ်းစားပါ။ ဒီ Self-image အတိုင်းနေထိုင်ပါ။

4. L = Learning

Where I am နဲ့ Where I want to go ကြားမှာရှိတဲ့ Gap ကို ပိတ်ဖို့ learning လိုပါတယ်။ ဒီရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ရေရှည်မှာငါဘာတွေလေ့လာရမလည်း။ Public Speaking လား၊ Marketing လား၊ Business Management လား၊ ဒါမှမဟုတ် English စာလေ့လာရမှာလား။ ဘယ်သူ့ဆီကလေ့လာရမလည်း။

Previousကိုယ်.ရဲ. superpowerNextရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း

Last updated 3 years ago

Was this helpful?