Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

3 keys to Greatness

Jim Rohn ရဲ့ 3 keys to Greatness

Jim Rohn ကတော့ အမေရိကန်လူမျိုး စွန့်ဦးတီထွင်သူ စာရေးဆရာ စိတ်ခွန်အားတက်ကြွမှုအတွက် ဟောပြောသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူပြောခဲ့တဲ့ ဆောင်ပုဒ်တွေ သူရေးခဲ့တဲ့စာအုပ်တွေက ခုချိန်ထိ လူတေ လိုက်နာကျင့်သုံးနေကြပါတယ်။

သူဟာ 3 keys to Greatness ကို လူငယ်တွေအတွက် ရည်ရွယ်ပြီး ပြောခဲ့ပေမဲ့ ဒါကို လူတိုင်းကျင့်သုံးလို့ ရပါတယ်။

1. Setting goals

Jim Rohn ကတော့ goal တွေကို အနာဂတ် မြင်ကွင်း လို့ သတ်မှတ်ပါတယ်။ လူတေဟာ အနာဂတ်ရဲ့ တိကျမှုတွေကို သေချာမြင်နေမှသာ အဲ့ဒါတွေ ရဖို့ တန်ဖိုးကို ပေးဆပ်ချင်ကြပါတယ်။ တိကျသေချာတဲ့ goal တွေဟာ တိကျသေချာတဲ့ အနာဂတ်ကို မြင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ သင်ထင်သလို မလွယ်ကူလှတဲ့ တိကျသေချာတဲ့ အနာဂတ်ကို သင်မြင်နိုင်ပြီဆိုရင် သင်ဟာ မနက်ဖြန်ရဲ့ ဆုလာဘ်တွေကို ရဖို့ ဒီနေ့မှာ ပေးဆပ်ရမဲ့ တန်ဖိုးကို စိတ်အားထက်သန်စွာ ပေးဆပ်ပါလိမ့်မယ်။ ဒါကိုတော့ goal တွေချမှတ်ခြင်းက ကူညီပေးပါလိမ့်မယ်။

2. Personal Development

Jim Rohn က ပြောပါတယ်။ သင်ရဲ့ knowledge တွေကို လုပ်ဆောင်ချက်တွေအနေနဲ့ ပြောင်းလဲဖို့ဆိုရင်

သင်ဟာ အမြဲ လေ့လာလိုစိတ် ရှိနေရပါမယ်။ သင့်ရဲ့ စွမ်းရည်တွေကို တိုးတတ်အောင် အမြဲလုပ်နေရပါမယ်တဲ့။

self-education မှာ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာ knowledge bank တစ်ခု တည်ဆောက်တာဟာ သင့်ဘဝတစ်လျောက်လုံးအတွက် အကျိုးပြုပါလိမ့်မယ်။ Jim Rohn က စာအုပ်တွေ ဖတ်ဖို့ audio တွေ နားထောင်ဖို့ seminar တွေ event တွေ တတ်ဖို့ နေ့စဉ် မိမိကိုယ်ပိုင် journal ရေးဖို့ အောင်မြင်နေတဲ့သူတွေနဲ့ အချိန်တွေ ကုန်ဆုံးဖို့ တိုက်တွန်းထားပါတယ်။

Charlie Tremendous Jones ပြောထားတာလေးရှိပါတယ်။ သင့်ဖတ်ခဲ့တဲ့စာအုပ်တွေနဲ့ သင်တွေ့ခဲ့တဲ့လူတေကလွဲလို့ ဒီနေ့သင်ဟာ နောက်ငါးနှစ်က သင်နဲ့ အတူတူပဲ ဖြစ်နေပါလိမ့်မယ်တဲ့။ အဓိပ္ပာယ်ကတော့ နောက်ငါးနှစ်မှာ ရှိနေမဲ့သင်ဟာ အဲ့ဒီငါးနှစ်အတွင်း သင်ဖတ်ခဲ့တဲ့ စာအုပ်တွေ သင်ရဲ့ အပေါင်းအသင်းတွေရဲ့ စုစုပေါင်းပါပဲတဲ့။

3. Financial Planning

ဒါကို 70/30 plan လို့ခေါ်ပါတယ်။ သင့်ရတဲ့ လခကို သင်သုံးဖို့ 70% ချန်ပီး ကျန်တဲ့ 30% ထဲက 10% ကို စုမယ်။ နောက် 10% ကို ရင်းနှီးမြှုပ်နှံမယ်။ နောက်10% ကိုတော့ giving လုပ်ပါတဲ့။ ဒီနည်းလမ်းကို ရေရှည်သုံးသွားမယ်ဆိုရင် အချိန်တစ်ခုရောက်ရင် financial independence ရဖို့ အာမခံပါတယ်။

ဒီသုံးခုကိုသာ ရေရှည်မှာ သေချာလုပ်သွားမယ်ဆိုရင် အောင်မြင်မှုရဖို့ အာမခံပါတယ်။

Previousအောင်မြင်တဲ့စွန့်ဦးတီထွင်Next"2 list" strategy

Last updated 3 years ago

Was this helpful?