Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Move out of comfort zone

" Move out of your Comfort Zone "

" Great things never come from Comfort Zone " ကြီးကျယ်ခမ်းနားသော အောင်မြင်မှုဆိုတာကို Comfort zone ထဲမှာ မရနိုင်ပါဘူး။ Comfort zone ဆိုတာဟာ ထူးထူးခြားခြား အားစိုက်ထုတ်စရာမလို၊ အခက်အခဲမတွေ့ရသော သက်သောင့်သက်သာနဲ့ ကျင်လည်ရာ နေထိုင်ရာ နယ်ပယ်တစ်ခုလို့ မြင်ပါတယ်။ ခမ်းနားသော အောင်မြင်မှုအတွက် ဒီလို Comfort zone ထဲကနေ ဖောက်ထွက်ဖို့လိုပါတယ်။ Comfort Zone ကိုချိုးဖောက်ဖို့ ပထမဆုံးလိုအပ်တာက Courage ပါပဲ ... ဘယ်လို Courage လဲဆိုရင် ကိုယ့်ကို challenge ဖြစ်စေတဲ့ အရာတွေကို လုပ်ရဲတဲ့ courage မျိုးပါ။ ဒါဆို ဘယ်လို Challenges တွေကိုလုပ်ရဲဖို့လိုမလဲ ??? 👇

(1) Challenge ဖြစ်စေတဲ့ Activities မျိုးကိုရွေးချယ်လုပ်ပါ။ ဥပမာ။ ။ skydiving ( လေထီးခုန် ) ကိုလုပ်ရမှာ ကြောက်နေတယ်ဆိုရင် ဒါကို လုပ်ကြည့်ဖို့လိုပါတယ်။ အမြင့်ကိုကြောက်လို့ တောင်မတက်ရဲဘူးဆိုရင် မိတ်ဆွေများနဲ့အတူ တောင်တက်ကြည့်ပါ။ Fear (ကြောက်စိတ်) ကို တွန်းလှန်ကြည့်ပါ။ ကြောက်စိတ်ကို ဖြစ်စေတဲ့ အခွင့်အလမ်းမျိုးကို ရွေးချယ်လုပ်ပါ။

(2) Challenge ဖြစ်စေတဲ့ Mission statement မျိုးဖော်ဆောင်ပါ ။ ဆိုလိုတာက ပုံမှန်လစဉ် sale target ထပ်ပိုပြီး ချမှတ်လိုက်သော target ကို အကောင်အထည်ဖော်ရဲသော သတ္တိရှိဖို့လိုပါတယ်။ လုပ်ကြည့်ဖို့ လိုပါတယ်။ အဆီပိုတွေရှိနေလို့ (၃လ)အတွင်းဖြစ်စေ (၆လ) အတွင်းဖြစ်စေ အချိန်တစ်ခု သတ်မှတ်ပြီး ဝိတ်ချတာမျိုးလုပ်ဆောင်တာဟာလဲ Challenge mission ကိုလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

( 3) ကိုယ့်ကိုယ်ကို ရာဇသံအမိန့်ပေးရဲတဲ့ သတ္တိရှိပါ။ သူတစ်ပါးကို ခိုင်းရတာလွယ်သလောက် ကိုယ့်ကိုယ်ကိုခိုင်းဖို့အရမ်းခက်ပါတယ်။ အကြောက်တရား၊ ပျင်းရိစိတ်တို့ကို ကျောခိုင်းပြီး ချက်ချင်းလုပ်ဆောင်စေဖို့ ကိုယ့်ကိုယ်ကို အမိန့်ပေးပါ။

(4) ကိုယ့်ရဲ့ Usual Habit ( လုပ်နေကျ အကျင့်) ကို ပြောင်းလဲပါ။ မနက်ကို နေမြင့်သည်အထိအိပ်နေကျလား? ဒါဆို ဒီလို Usual habit မျိုးကို ပြောင်းလဲပစ်ဖို့လိုပါတယ်။ ပွဲတစ်ပွဲမှာ ဆရာ ဦးမျိုးမင်း ပြောဖူးတဲ့စကားတစ်ခွန်းကို အမှတ်ရမိတယ် " နိုင်ငံတကာပြိုင်ဆိုင်မှုတွေပြင်းထန်လာနေပြီ အခုချိန်မှာ အိပ်ရေးဝအောင်အိပ်နေတုန်းလား? ဒါဆို သေချာတယ် နောင်အိပ်ရေးမဝစေရဘူး" တဲ့ ကျွန်တော် တကယ်ကြိုက်တဲ့စကားပါ။ နောက်ပြီး ဆရာ Dr Phyo Paing ပြောပြခဲ့ဖူးသလို အချိန်ကို ကျွန်တော်တို့ Manage လုပ်လို့မရဘူး။ ကိုယ့်ကိုယ်ကို Manage လုပ်ရပါမယ်။ ဒါကြောင့် အထူးသဖြင့် အကျိုးမဖြစ်ထွန်းစေတဲ့ usual Habit တွေကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။

ဒီလို Challenges တွေကိုလုပ်ရဲလာတဲ့အခါ Comfort zone ထဲကနေ ဖောက်ထွက်လာနိုင်ပါလိမ့်မယ်။ အဲ့ဒီအခါ ကိုယ့်ကိုယ်ကိုယုံကြည်မှု ( self-confidence) လဲတိုးလာပါတယ်။ လုပ်နိုင်တယ်လို့ ယုံကြည်နေတဲ့စိတ်ဟာ တကယ်လက်တွေ့လုပ်ဆောင် လာနိုင်စေပါတယ်။ နှစ်သစ်မှာ စ်ိတ်ဓါတ်ခွန်အားအပြည့်နဲ့ အောင်မြင်မှုပန်းတိုင်ကိုလျှောက်လှမ်းနိုင်ကြပါစေ။

PreviousDigital Marketing CareerNextDo what you love

Last updated 3 years ago

Was this helpful?