Tony Robbins

Tony Robbins ရဲ့ အောင်မြင်ဖို့အတွက် top 10 rules

Tony Robbins ကတော့ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး success coachတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကမ္ဘာအနှံ့ ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ လုပ်နေတဲ့ motivational speaker တစ်ယောက်လဲဖြစ်ပါတယ်။ စီးပွားရေးလောကရဲ့ အကြီးကျယ်ဆုံးနဲ့ အချမ်းသာဆုံး စီပွားရေးလုပ်ငန်းတွေကို အကြံပေးအဖြစ်လဲ လုပ်ဆောင်ပါတယ်။ အံ့သြစရာကောင်းတာကတော့ Robbins ဟာ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက လာခဲ့တာမဟုတ်ပါဘူး။ သူငယ်ငယ်ကတည်းက သူ့အဖေဟာ သူတို့မိသားစုကို စွန့်ခွာသွားခဲ့ပါတယ်။ Robbins ဟာ အသက် 17 နှစ်မှာ အိမ်က ထွက်ခဲ့ပြီး ကောလိပ်ကိုတောင် မတတ်နိုင်ခဲ့ပါဘူး။

ဒီလိုဘဝကနေ အခုဆိုရင် သူဟာ သူ့ရဲ့ motivational speech တွေ success worrkshop တွေ bestselling book တွေနဲ့ ကမ္ဘာပေါ်က လူပေါင်းများစွာကို inspire လုပ်ပေးနေပါတယ်။

Raise Your Standards

Tony Robbins က အမြဲပြောပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့အရာတွေကို ပုံဖော်တဲ့နည်းလမ်းက အဲ့ဒီအရာကို ရမလား မရမလားဆိုတာကို သတ်မှတ်ပေးပါတယ်တဲ့။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရည်ရွယ်ချက်တွေကို (things we should get done) ကျွန်တော်တို့ လုပ်သင့်တဲ့အရာတွေအနေနဲ့ပဲ တွေးထားမယ်ဆိုရင် ဒါတွေကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ကို လုပ်ရမယ်လို့ တွေးတောပြီး လုပ်ဆောင်မှသာ ဒါတွေကို ရှိနိုင်မှာပါ။

Seek True Fulfillment

လူတွေက သူတို့ကိုပျော်ရွှင်စေတဲ့ fulfill ဖြစ်စေမဲ့ အလုပ်တွေမှာ သူတို့ရဲ့ စွမ်းအားတွေက ပိုပြီး တိုးပွားလာပါတယ်။ မင်းရဲ့ ပျော်ရွှင်မှုတံခါးကို ဖွင့်ဖို့ သော့လေးဟာ မင်းကိုယ်ထဲမှာပါ။ အဲ့ဒီသော့လေးကို ရှာဖွေပါ။ အပြင်က ဘယ်လို အခြေအနေတွေ ရှိနေပါစေ မင်းပျော်ရွှင်ရမှာပါ။

Progress leads to happiness

ကိုယ့်ရဲ့ goals တွေ dream တွေရအောင် ရှေ့ဆက် လုပ်ဆောင် သွားခြင်းဟာ လူသားတွေအတွက် အကြီးမားဆုံး ပျော်ရွှင်မှုပါပဲ။ ခက်ခဲတဲ့ အခြေအနေ စိန်ခေါ်မှုတွေကို တွေ့ကြုံရင်ဆိုင်ပြီး အောင်မြင်ရတာထက် ကောင်းတဲ့အရာမရှိနိုင်ပါဘူး။ အကြောက်တရားတွေကို ဘေးဖယ်ထားလိုက်ပါ။ progress လုပ်နိုင်ပြီဆိုတာနဲ့ နောက်ထပ် အောင်မြင်မှု level တစ်ခုကို တတ်ဖို့ အင်အားတွေရပါပြီ။

Love your customers

မင်းရဲ့ customer တွေဟာ မင်းအိမ်မက်တွေကို အကောင်အထည်ဖော်ပေးမဲ့သူတွေပါ။ မင်းက သူတို့အတွက် လုပ်ပေးနိုင်လေလေ မင်းကို သူတို့က မင်းအတွက် reward တွေ ပေးလေပါပဲ။

Add Value

Go above and beyond. အောင်မြင်ဖို့ဆိုရင် Go the extra mile ဖြစ်နေရပါမယ်။ ဥပမာအားဖြင် အင်္ဂါနေ့ ရမယ်ပြောထားတဲ့ product ကို တနင်္လာနေ့မှာ အရောက်ပို့နိုင်တာမျိုးပါ။ ဒီ စည်းမျဉ်းကတော့ အောင်မြင်တဲ့သူတွေ အားလုံးနီးပါး လုပ်ဆောင်ကြပါတယ်။ Add Value, Get Rewarded.

Prepare an Exist Strategy.

ကျွန်တာ်တို့ရဲ့ အိမ်မက်တွေတိုင်း အားလုံးဖြစ်လာတာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ မင်းဟာ မင်းအတွက် မဖြစ်နိုင်တဲ့အရာကြီးပေါ်မှာပဲ စွဲစွဲမြဲမြဲ မင်းရဲ့ အချိန်တွေ အားအင်တွေအားလုံးကို ပေးထားမယ်ဆိုရင် အလုပ်မဖြစ်နိုင်ပါဘူး။ နောက်ထပ်တစ်ခုကို ပြောင်းလဲလုပ်ဆောင်ကြည့်ဖို့ မင်း ကြိုးစားရပါမယ်။ တကယ်လို့ မင်းမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ရှိနေရင်တောင် မင်းမှာ Exist Strategy ရှိရပါမယ်။ ရောင်းပြီး ဒီထက်ကောင်းတဲ့အရာတစ်ခုကို ရှေ့ဆက်သင့်ရင် ရှေ့ဆက်ရပါမယ်။ ဒါက quit လုပ်လိုက်တာ မဟုတ်ပါဘူး။

Be Resourceful

အမြဲတမ်း ကိုယ့်မှာ resource မရှိလို့ ဘာမှမဖြစ်နိုင်တာလို့ တွေးမနေပါနဲ့။ အရာတိုင်းကို blame လုပ်မနေပါနဲ့။ resourceful ဖြစ်ပါစေ။ ကိုယ့်ကိုယ်ကို လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့။ ကိုယ့်ကို ရှေ့ပို့ပေးမဲ့ တိုးတတ်စေမဲ့အရာတွေကို ရှာဖွေလုပ်ဆောင်ပါ။ ကိုယ် လေးစားအတုယူရမဲ့ လူတွေကနေ လေ့လာပါ။

Details matter

Greatness is a lot of small things done well, day after day. လို့ ပြောထားတာရှိပါတယ်။ ဒါဟာ အောင်မြင်မှုရဲ့ သော့ချက်တစ်ခုပါ။

Look for Leverage

ကျွန်တော်တို့ဟာ တစ်ခါတစ်လေမှာ ဘဝမှာ ကိုယ်နဲ့မကိုက်ညီတဲ့ တိုက်ပွဲတွေ ဝင်ရင်း အဆုံးသတ်နေကြပါတယ်။ ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ဖို့ မကြိုးစားပါနဲ့။ မင်းရဲ့ goal တွေကို ပိုပြီး လွယ်လွယ်ကူကူ ရရှိနိုင်အောင် လုပ်ပေးမဲ့ lever တွေ ရှာပါ။ ကြီးကျယ်တဲ့ ပြဿနာတွေကို အသေးလေးတွေ ဖြစ်အောင်လုပ်ပြီး တစ်ခုချင်းစီ ဖြေရှင်းပါ။

Change your mindset

ကျွန်တော်တို့ရဲ့ စိတ်တွေဟာ အလွန်စွမ်းအားရှိတဲ့ပ အရာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အပြင်လောကကြီးကို မထိန်းချုပ်နိုင်ရင်တောင် ကျွန်တော်တို့ အပြည့်အဝ ထိန်းချုပ်နိုင်တာ တစ်ခုရှိပါတယ်။ ဒါကတော့ mindset ပါ။ မှန်ကန်တဲ့ mindset ကတော့ မင်းအတွက် အခက်ခဲဆုံး အခြေအနေတွေကို အောင်မြင်စွာ ကျော်လွှားနိုင်စေပြီး မှားယွင်းတဲ့ mindset က မင်းအတွက် အခွင့်အလမ်းကောင်းတွေကို လက်လွတ်စေမှာပါ။ Change your mind, and Change your life.

Last updated