Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

နောင်တကင်းတဲ့ ဘဝ

နောင်တကင်းတဲ့ ဘဝကို ပိုင်ဆိုင်ဖို့

လူတော်တော်များများဟာ အသက်ကြီးလာတဲ့အခါ နောင်တတွေ ရတတ်ကြပါတယ်။ သူတို့ဟာ သူတို့ ဘဝမှာ သူတို့ မလုပ်မိတဲ့အရာတွေအတွက် ရတဲ့ နောင်တတွေက များပါတယ်။ ဘဝမှာ အချိန်လွန်မှ နောင်တတွေနဲ့ မနေချင်ရင် အခုချိန်ကစပြီး ဒါတွေ လုပ်ဆောင်လိုက်ပါ။

အချိန်တွေ မဖြုန်းမိပါစေနဲ့

အချိန်ဆိုတဲ့အရာဟာ မင်းအတွက် အကြီးမားဆုံး ကုစားနိုင်တဲ့အရာ ဖြစ်နိုင်သလို အကြီးမားဆုံး ဒုက္ခပေးနိုင်တဲ့အရာလဲ ဖြစ်ပါတယ်။ ဒါကတော့ မင်းရဲ့ အပေါ်မှာ မူတည်ပါတယ်။ အခုအချိန် မင်းရဲ့ နေ့ရက်တွေကို ဘယ်လို အသုံးချနေတယ်ဆိုတာက မင်းရဲ့ အနာဂတ်ပေါ်မှာ အကြီးမားဆုံး သတ်ရောက်မှု ရှိမှာပါ။

ကိုယ်ပိုင် စည်းမျဉ်းတွေ လိုက်နာပါ

တစ်ခြားလူတွေ ပြဌာန်းထားတဲ့ စည်းမျဉ်း ဥပဒေတွေကို လိုက်နာနေရုံနဲ့ မင်းဘဝ ရှေ့ဆက်ဖို့ မလွယ်ပါဘူး။ တစ်ချို့ စည်းမျဉ်းတွေကို မင်း ဖောက်ဖျက်ဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ မင်းဟာ အများနည်းတူ လူအုပ်ထဲက လူတစ်ယောက်ပဲ ဖြစ်နေမှာပါ။

စွန့်စားမှုတွေ တက်နိုင်သလောက် လုပ်ပါ

မင်းလုပ်နိုင်သလောက် စွန့်စားမှုတွေကို ရယူလိုက်ပါ။ စွန့်စားမှုလုပ်တယ်ဆိုတာဟာ နိုင်မလားရှုံးမလား မသိနိုင်တဲ့အရာတွေကို ယုံကြည်မှုတစ်ခုနဲ့ လုပ်ကိုင်တာပါ။ အရှုံးတွေကို ရင်ဆိုင်နိုင်တုန်းမှာ စွန့်စားမှုတွေ ပြုလုပ်ပါ။

တစ်ခါတစ်ရံ ငြိမ်သက်နေတာ ကောင်းပါတယ်

မင်းဟာ အခြေအနေတိုင်းကို တုံ့ပြန်နေဖို့ မလိုပါဘူး။ အခြေအနေ တစ်ချို့မှာ ကိုယ်က တုံ့ပြန်လိုက်တာထက်စာရင် အေးအေးချမ်းချမ်းလေး ငြိမ်သက်နေလိုက်တာ ကောင်းပါတယ်။

ညီမျှတဲ့ ဘဝနေထိုင်မှု ပုံစံနဲ့ နေထိုင်ပါ

မင်းရဲ့ ဘဝကို အလုပ်ထဲမှာပဲ နစ်မြုပ်ထားတဲ့ သူမဖြစ်ပါစေနဲ့ ။ အမြဲတမ်း အပျော်အပါးတွေပဲ လုပ်နေတဲ့သူလဲ မဖြစ်ပါစေနဲ့။ ဘဝကို ညီညီမျှမျှ နေထိုင်ပါ။ အစွန်းနှစ်ဖက်ကို ရောက်သွားရင်တော့ မင်းဘဝ အဆုံးသတ်က မကောင်းလှပါဘူး။

ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ပါ

ကျွန်တော်တို့ဟာ ကိုယ့်ဘေးက ပတ်ဝန်းကျင်ရဲ့ စကားသံတွေကိုပဲ နားထောင်ပြီး အချိန်တွေ တော်တော်များများ ကုန်ဆုံးနေကြပါတယ်။ တစ်ခြားသူတွေ ပေးတဲ့ အကြံဉာဏ်တွေပေါ်မှာပဲ မီခိုနေတတ်ကြပါတယ်။ ကိုယ် ဘာလုပ်ချင်လဲဆိုတာ သိဖို့ ကိုယ် လုပ်ချင်တာကို လုပ်ဖို့ ကိုယ့်နှလုံးသားရဲ့ စကားသံတွေကို နားထောင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ တစ်ခြားသူတွေရဲ့ အကြံဉာဏ်ကို ယူတာဟာ ကောင်းပေမဲ့ တစ်ခါတစ်ရံ ဒါတွေကြောင့် ဘဝမှာ နောင်တတွေနဲ့ အဆုံးသတ်ရတတ်ပါတယ်။

မင်းရဲ့ passion ကို အလုပ်တစ်ခုအဖြစ် ပြောင်းလဲပါ

ငွေနောက်ကို မလိုက်ပါနဲ့။ ဒီအလုပ်တစ်ခုက မင်းကို ဝင်ငွေများများ ပေးနိုင်လို့ဆိုပြီး မင်းမကြိုက်တဲ့ အလုပ်ကို မရွေးချယ်လိုက်ပါနဲ့။ မင်း နှစ်သက်တဲ့ အလုပ်ကို လုပ်ကိုင်ပါ။ ကိုယ် နှစ်သက်မြတ်နိုးတဲ့ အရာကို လုပ်နေရရင် အလုပ်လုပ်နေရတယ်လို့ မထင်ဘဲ ပင်ပန်းမှုမရှိဘဲ ပျော်ရွှင် ကျေနပ်နေမှာပါ။ မင်း အလုပ်တစ်ခုကို ဇွဲရှိရှိ လုပ်ဆောင်မယ်ဆိုရင် ငွေက နောက်က လိုက်လာပါလိမ့်မယ်။

ငြီးငြူတာတွေ ရပ်ပြီး စတင်လုပ်ဆောင်ပါ

ဘဝမှာ အချိန်နဲ့အမျှ အခက်အခဲတွေ ပြဿနာတွေ ကြုံတွေ့ရမှာပါ။ ကိုယ့်ပြဿနာကို ကိုယ်တိုင်ပဲ ဖြေရှင်းရပါလိမ့်မယ်။ ဘယ်သူကမှ အစားဖြေရှင်းပေးမှာမဟုတ်ပါဘူး။ ဖြေရှင်းဖို့ မကြိုးစားဘဲ ငြီးငြူနေရင်တော့ မင်းဘဝဟာ အရှုံးနဲ့ပဲ အဆုံးသတ်ရပါလ်ိမ့်မယ်။

ကိုယ့်ကိုယ်ကို အဆုံးရှုံးမခံပါနဲ့

မင်း ဘာပဲလုပ်လုပ် လူတွေရဲ့ ပျော်တော်ဆက် မဖြစ်ပါစေနဲ့။ လူတွေအားလုံးကို စိတ်ကျေနပ်ဖို့ မင်း လုပ်မပေးနိုင်ပါဘူး။ လူတစ်ယောက်ကို စိတ်ကျေနပ်စေရင်တောင် နောက်တစ်ယောက်အတွက် စိတ်ကျေနပ်မှု ရချင်မှ ရနိုင်မှာပါ။ လူတွေအားလုံးကို စိတ်ကျေနပ်ဖို့ ကြိုးစားနေရင်တာ့ ကိုယ့်ကိုယ်ကို ဆုံးရှုံးရပါလိမ့်မယ်။

ပိုက်ဆံဟာ အရာအားလုံးအတွက် အဖြေမဟုတ်ပါဘူး

ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့ မရပါဘူး။ ငွေကြေးချမ်းသာရင် ပျော်ရွှင်ရမယ်လို့ မင်းကို အာမ မခံနိုင်ပါဘူး။ ငွေကြေးချမ်းသာဖို့ ကြိုးစားနေရင်း လမ်းတစ်လျောက်မှာ မင်းအတွက် ဆုံးရှုံးရတာတွေ အများကြီး ရှိမှာပါ။ အချိန်တွေ ချစ်မြတ်နိုးတဲ့လူ တွေ စသည်ဖြင့်ပါ။ မင်းရဲ့ ပျော်ရွှင်မှုကို ပိုက်ဆံပေါ်မှာ မီခိုမနေပါနဲ့။

ကြိုးစားပါ

အောင်မြင်မှုကို ရရှိခြင်းဟာ ရုပ်ရည်သွင်ပြင်နဲ့ မဆိုင်ပါဘူး။ ကြိုးစားမှုနဲ့ပဲ ဆိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရဖို့ ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကြိုးစားဖို့ပဲ လိုအပ်တာပါ။ ငါမကြိုးစားခဲ့ရလို့ဆိုတဲ့ နောင်တမျိုး ဘယ်တော့မှ မရပါစေနဲ့။

PreviousConfidenceNextစိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ

Last updated 3 years ago

Was this helpful?