7 Habits

Stephen Covey ပြောခဲ့တဲ့ အောင်မြင်ချင်ရင် ကျင့်သုံးသင့်တဲ့ အလေ့အကျင့် (၇) ခု

1. Be proactive

Reactive person တွေဟာ အမြဲ ညည်းညူ အပြစ်တင်တတ်ကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေဟာ ထိန်းချုပ်လို့မရနိုင်တဲ့ ပြင်ပအရာတွေပေါ်မှာ မှီခိုနေပြီး သူတို့တွေဟာ ပြဿနာတွေကို အဖြေရှာရမဲ့အစား အပြစ်တင်ဖို့ပဲသိကြပါတယ်။ proactive person တွေကတော့ ပြဿနာတွေကို အပြစ်တင်မနေဘဲ အဖြေရှာတတ်ကြပါတယ်။ ဥပမာအနေနဲ့ မီးပုံပေါ်မှာ သင့်ရဲ့လက်ရောက်နေတယ်ဆိုပါစို့။ reactive person ကတော့ မီးအပူရှိန်ဘယ်လောက်ပြင်းတယ်ဆိုတာပဲ ညည်းတွားအပြစ်တင်နေပါလိမ့်မယ်။ proactive person ကတော့ ဒီမီးအပူရှိန်ကနေ သူ့လက်ကို ဖယ်ရှားပါလိမ့်မယ်။

2. Begin with the end in mind

ဒီအလေ့အကျင့်ကို စဖို့အတွက်ဆိုရင် သင်ဟာ သင့်ရဲ့ ပန်းတိုင်ကို ပထမဆုံး ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။ သင်ရဲ့ နေ့တွေကို သင့်ဘဝရဲ့နောက်ဆုံးအချိန်မှာရှိနေမဲ့ စံသတ်မှတ်ချက်တွေနဲ့ စတင်လိုက်ပါ။ ဥပမာအနေနဲ့ သင်သေသွားပြီလို့ စိတ်ကူးကြည့်လိုက်ပါ။ သင့်မိသားစုတွေ သင့်သူငယ်ချင်းတွေ သင့်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ သင်ပါဝင်ခဲ့တဲ့ အသင်းအဖွဲ့တွေက မိတ်ဆွေတွေ အဲ့ဒီသူတွေအတွက် သင်ဟာ ဘယ်လိုလူဖြစ်ခဲ့ချင်ပါသလဲ။ သူတို့ရဲ့စိတ်ထဲမှာ သင့်ကို ဘယ်လိုလူအနေနဲ့ မြင်ခဲ့စေချင်ပါသလဲ။ ဘယ်လိုအောင်မြင်မှုတွေကို သင်ချန်ထားခဲ့ချင်ပါသလဲ။ အဆုံးသတ်ကိုသာ သေသေချာချာသိမြင်နေရင် သင်နေ့စဉ်လုပ်နေတဲ့အရာတွေဟာ သင်အရေးအကြီးဆုံးလို့သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေကနေ သွေဖယ်သွားတော့မှာမဟုတ်ပါဘူး။ သင့်ရဲ့နေ့စဉ်လုပ်ဆောင်မှုတွေဟာ သင့်ဘဝရဲ့ပန်းတိုင်ကိုရောက်ဖို့ ပံ့ပိုးပေးနေပါလိမ့်မယ်။

3. Put First things First

highly effective ဖြစ်ချင်ရင် time management ကောင်းကောင်းရှိရပါမယ်။လူတော်တော်များများဟာ ကိုယ့်အချိန်တွေကို အကျိုးမရှိတဲ့အရာတွေပေါ်မှာပဲ အသုံးပြုတတ်ကြပါတယ်။ အောင်မြင်နေတဲ့သူတွေမှာတော့ ရှုံးနိမ့်တဲ့သူတွေ မလုပ်နိုင်ကြတဲ့ အလေ့အကျင့်ကောင်းတွေ ရှိကြပါတယ်။ သူတို့ဟာ ကိုယ့်အတွက်အရေးကြီးဆုံးအရာတွေကို ဦးစားပေးလုပ်ဆောင်ကြပါတယ်။ ကိုယ့်ကို တိုးတတ်စေမဲ့အရာတွေ ကိုယ့်ပန်းတိုင်ကို ရောက်အောင်ပို့ပေးမဲ့ အလေ့အကျင့်တွေကို လုပ်ဆောင်ကြပါတယ်။ ဒီနေရာမှာ independent will လို့ခေါ်တဲ့ မင်းမလုပ်ချင်တဲ့အရာတွေကို လုပ်နိုင်တဲ့ စွမ်းအားရှိဖို့လဲ လိုအပ်ပါသေးတယ်။

4. Think Win-Win

Win-Win အခြေအနေကတော့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိအောင် စဉ်းစားတဲ့အရာပါ။ Win-Win အခြေအနေက ဘဝကို ယှဉ်ပြိုင်မှုအနေနဲ့ ကြည့်တာမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ကြည့်တာပါ။ Win-Win ဆိုတာဟာ ငါရဲ့နည်းလမ်း သူ့ရဲ့နည်းလမ်းတွေဆိုတာမျိုးမဟုတ်ဘဲ ကောင်းမွန်တဲ့နည်းလမ်း မြင့်မားတဲ့နည်းလမ်းကို လုပ်ဆောင်တာပါ။

5. Seek first to Understand, Then to Be Understod

communication skill ဟာ ဘဝရဲ့ အရေးကြီးဆုံးအရာတစ်ခုပါ။ အိပ်နေတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ အားလုံးဟာ communicate လုပ်နေရပါတယ်။ လူတွေဟာ ဘယ်လိုရေးရမယ် ဘယ်လိုဖတ်ရမယ် ဘယ်လိုပြောရမယ်ဆိုတာတွေကိုပဲ ဒီဘဝလုံးလေ့လာနေကြပါတယ်။ နားထောင်ဖို့ကိုရောလေ့လာကြပါသလား? လူတော်တော်များများဟာ နားလည်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ နားထောင်ကြတာမဟုတ်ဘဲ ပြန်ဖြေဖို့ ပြန်ပြောဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ နားထောင်ကြပါတယ်။ သင်ဟာ လူတစ်ဦးတစ်ယောက်နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံချင်တယ်ဆိုရင် influence ဒါမှမဟုတ် manifest လုပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံးအဲ့ဒီလူကို နားလည်ပေးရပါမယ်။

6. Synergize

Synergy ဆိုတာကတော့ "The whole is greater than the sum of its parts" ပါ။ Two heads are better than one.

1+1=3 or more ဆိုတဲ့အခြေအနေပါ။

ဥပမာအားဖြင့် မင်းဟာ product တစ်ခုကို ထုတ်လုပ်ရောင်းချတော့မယ်ဆိုပါစို့။ 15 years work experience ရှိတဲ့ product designer တစ်ယောက် နဲ့ 15 years work experience ရှိတဲ့ web marketer တစ်ယောက်နဲ့ အလုပ်လုပ်ရင်ပဲ မင်းမှာ 30 years work experience ရသွားပါပြီ။ ကျွန်တော်တို့ဘဝမှာ တစ်ချို့သောskillတွေကို လေ့လာဖို့ ရရှိဖို့ အချိန်အကန့်အသတ်ရှိပါတယ်။ ဒါပေမဲ့ တစ်ခြားသူတွေနဲ့ synergize လုပ်ဖို့ကတော့ အကန့်အသတ်မရှိပါဘူး။

7. Sharpen the Saw

အမြဲတမ်း ပိုမိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်အောင် လုပ်ပါ။ ကိုယ့်ရဲ့ physical body ကိုဂရုစိုက်ပါ။ ကိုယ့်ခန္ဓာကိုယ်အတွက် ကောင်းမွန်သင့်တော်တဲ့ အစာတွေစားပါ။ ကောင်းကောင်းအနားယူပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ physical exercise တွေ နေ့စဉ်ပြုလုပ်ပါ။ meditation လုပ်ခြင်းနဲ့ စာဖတ်ခြင်းတွေပြုလုပ်ပါ။

Always strive to be a better person than you were yesterday!!

Last updated