စိတ်ကို ပြောင်းလဲဖို့

Howard Gardner ပြောတဲ့ လူတွေရဲ့ စိတ်ကို ပြောင်းလဲဖို့အတွက် factors 7 ခု

conflict တစ်ခုဖြစ်လို့ တစ်ဖက်လူကို ကိုယ်နဲ့ cooperate လုပ်လာအောင် collaborate လုပ်လာအောင် သူ့ရဲ့ စိတ်ကို ပြောင်းပေးဖို့ လိုပါတယ်။ အငြင်းပွားမှုတွေ ဖြစ်ရတယ်ဆိုတာဟာ အကြောင်းအရာတစ်ခုအပေါ်မှာ မတူညီတဲ့ စိတ်တွေနဲ့ ကြည့်နေကြလို့ပါ။ လူတွေက ကိုယ့်စိတ်ကို လွယ်လွယ်နဲ့ မပြောင်းလဲကြပါဘူး။ Resistence ဆိုတာကြောင့်ပါ။ Resistance သာ မရှိဘူးဆိုရင်တော့ စိတ်တွေကို ပြောင်းလဲရတာ လွယ်ကူမှာပါ။

Harvard တက္ကသိုလ်က စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Howard Gardner ရဲ့ ပြောပြချက်အရ

လူတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲဖို့ ပထမဆုံးလိုအပ်ချက်ကတော့ သင်ဟာ သင်ပြောင်းလဲချင်တဲ့သူရဲ့ အကြောင်းကို သိနေရပါမယ်။ ဘယ်လိုလူကို ပြောမှာလဲ။ ဘယ်လိုလူမျိုးတွေကို အုပ်စုတွေကို ရည်ရွယ်မှာလဲ။ ဒါတွေသိဖို့ လိုအပ်ပါတယ်။ ဥပမာ အသက်အရွယ် beliefs အလုပ်အကိုင် စသည်ဖြင့်ပေါ့။

ပြီးရင်တော့ ဒီအချက် 7 ချက်ကို သုံးပြီး ပေးချင်တဲ့ message ကို ပေးတာဟာ လူတွေရဲ့ စိတ်ကို ပြောင်းလဲဖို့ ကူညီပေးပါလိမ့်မယ်။

1. Rational reasoning

သင်ဟာ တစ်စုံတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲချင်တယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အကြောင်းပြချက် ပေးဖို့ လိုပါလိမ့်မယ်။ ဥပမာ မင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး တစ်ခြားသူတွေကို လက်ခံစေဖို့ ကြိုးစားတဲ့အခါ ဒီဆုံးဖြတ်ချက်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ကျိုးကြောင်းဆီလျော်စွာ ယုတ္တိတန်စွာ ရှင်းပြနိုင်ရပါမယ်။

2. Research

ကိုယ် ပြောမဲ့အကြောင်းအရာကို လက်ခံလာအောင် သင့်လျော်တဲ့ data တွေ အချက်အလက်တွေ ဥပမာ အဖြစ်အပျက်တွေ သုံးပြီး မင်းရဲ့ argument ကို ခိုင်မာအောင် ပြုလုပ်နိုင်ပါတယ်။

3. Resonance

မင်းပြောမဲ့ အကြောင်းအရာတစ်ခု မင်းရဲ့ ထင်မြင်ချက်တစ်ခုဟာ မင်းရည်ရွယ်တဲ့ သူတွေနဲ့ psychologically resonate ဖြစ်ရပါမယ်။ သူတို့ရဲ့ ခံစားချက်တွေထိ ရောက်အောင် ပို့နိုင်မဲ့ message မျိုးကို သုံးရပါမယ်။

4. Re-description

မင်းပြောမဲ့ အကြောင်းအရာကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြရပါမယ်။ မင်းရဲ့ ပရိသတ်နဲ့ အမျိုးမျိုးသော ပုံစံတွေနဲ့ communicate လုပ်ရပါမယ်။ ဥပမာအားဖြင့် ပြဿနာတစ်ခုကို negative ပုံစံကနေပြောပြီး positive ဘက်ကို ပြောင်းသွားတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဟာသတွေ ပုံပြင်တွေ ရုပ်ပုံတွေ စသည်ဖြင့် သုံးနိုင်ပါတယ်။

5. Resources and rewards

negotiation တွေမှာ အရေးကြီးဆုံးကတော့ rewards တွေပဲ ဖြစ်ပါတယ်။ rewards တွေနဲ့ punishment တွေကို incentive အဖြစ်နဲ့ သုံးပြီး မင်းရဲ့ အယူအဆ ဆုံးဖြတ်ချက်တွေကို လက်ခံလာအောင် လုပ်လို့ရပါတယ်။ ဒါကို "stick and carrot" approach လို့ခေါ်ပါတယ်။

6. Real world events

ဒါတွေကတော့ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုရစေမဲ့ ပြင်ပ အဖြစ်အပျက်တွေပါ။ မင်းရဲ့ အကြောင်းအရာ အယူအဆတွေကို ထောက်ပံ့ပေးမဲ့ society က အဖြစ်အပျက်တွေကို သုံးပါ။ ဒါတွေဟာ တစ်စုံတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပေးနိုင်ပါတယ်။ အသေးအဖွဲ အဖြစ်အပျက်လေးတွေလဲ ဖြစ်နိုင်ပါတယ်။ ဥပမာ မနက်ခင်းပိုင်းက ပြဿနာတစ်ခုဖြစ်တယ် အငြင်းအခုံတစ်ခုဖြစ်တယ်ဆိုပါစို့ ။ အဲ့ဒီလူနဲ့အတူ နေ့လည်စာစားတာမျိုးလုပ်တာ။ ဒီလိုမျိုး အချိန်ကုန်ဆုံးပြီး အေးအေးဆေးဆေး ဆွေးနွေးတာမျိုးတွေကလဲ အထောက်အကူဖြစ်နိုင်ပါတယ်။

7. Resistances

မင်းရဲ့ ထင်မြင်ယူဆချက် ဒါမှမဟုတ် ဆုံးဖြတ်ချက်ကို တစ်ခြားသူက ဘာလို့လက်မခံနိုင်လဲဆိုတဲ့ အကြောင်းအရာကို မင်းသိရှိနားလည်ဖို့ လိုပါတယ်။ ဒါကတော့ သူတို့ရဲ့စိတ်ကို ပြောင်းလဲပေးဖို့ မင်းကို ကူညီပေးပါလိမ့်မယ်။ resistance ဖြစ်ရတဲ့ အကြောင်းရင်းကို သိဖို့က အရေးကြီးပါတယ်။

ဒီအကြောင်းအရာတွေကို ပိုပြီးသိချင်သေးတယ်ဆိုရင်တော့ Howard Gardner ရဲ့ Changing Minds : The Art and Science of Changing Our Own and Other People's Minds စာအုပ်ကို ဖတ်နိုင်ပါတယ်။

Last updated