Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

ဆင်းရဲစေတဲ့အကျင့်များ

သင့်ကို မချမ်းသာစေတဲ့ နေ့စဉ်အလေ့အကျင့်များ

စာရေးဆရာ Thomas C. Corley ဟာ ချမ်းသာတဲ့သူတွေနဲ့ ဆင်းရဲတဲ့သူတွေကို ငါးနှစ်တာမျှ လေ့လာမှုတွေပြုခဲ့ပါတယ်။ poverty habit တွေဖြစ်တဲ့ ဆင်းရဲတဲ့သူတွေရဲ့ နေ့စဉ်ဘဝ အလေ့အကျင့်တွေကို တွေ့ခဲ့ပါတယ်။

၁။ လောင်းကစားလုပ်ခြင်း

Corney က ပြောပါတယ်။ ချမ်းသာဖို့ အတိုနည်းလမ်းဆိုတာ မရှိပါဘူးတဲ့။ မြန်မြန်ချမ်းသာနည်းဆိုတာမျိုးမရှိပါဘူး။ ငွေကြေးချမ်းသာမှုဆိုတာ အချိန်လိုအပ်ပါတယ်။ လောင်းကစားလုပ်နေတဲ့သူတေဟာ ချမ်းသာဖို့ ဖြတ်လမ်းရှိတယ်ဆိုတဲ့အတွေးနဲ့လှည့်စားခံနေရတဲ့ သူတွေပါ။ Corley ရဲ့ လေ့လာချက်အရ ဆင်းရဲသားတွေရဲ့ 52% လောက်ဟာ တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်လောက် အားကစားတွေမှာ လောင်းကစားလုပ်ကြပြီး 77% လောက်ဟာ အပတ်တိုင်း ထီထိုးကြပါတယ်တဲ့။ ချမ်းသာတဲ့သူတွေရဲ့ 84% က အားကစားမှာ လောင်းကစားမလုပ်ကြသလို 94% ကတော့ ထီမထိုးကြပါဘူးတဲ့။

၂။ မကျန်းမာစေတဲ့ အစားအစာများ စားသုံးခြင်း

Corley က "poor health habits create detrimental luck" လို့ ပြောထားပါတယ်။ သူ့လေ့လာချက်ထဲမှာ 97% လောက်သော ဆင်ရဲသားတွေက နေ့စဉ် 300 junk food ကဟ်လိုရီ ကို စားသုံးနေကြပြီး 69% ကတော့ အသင့်သုံးအစားအစာတွေကို တစ်နေ့ သုံးကြိမ်ထက်မနည်း စားသုံးနေကြပါတယ်။

ချမ်းသာကြွယ်ဝသူတွေကတော့ သူတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြပါတယ် တန်ဖိုးထားကြပါတယ်လို့ Corley က ပြောထားပါတယ်။

၃။ အရက်သေစာ အလွန်အကျွံသောက်စားခြင်း

ကျန်းမာရေးအရ တစ်ခါတစ်ရံ ဝိုင်သောက်တာ ဘီယာသောက်တာဟာ ကောင်းပေမဲ့ အလွန်အကျွံသောက်ရင်တော့ မင်းရဲ့ ကျန်းမာရေးကိုသာမက ငွေကြေးချမ်းသာကြွယ်ဝမှုကို ထိခိုက်စေမှာပါ။

အရက်အလွန်အကျွံသောက်သုံးခြင်းဟာ မင်းရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်နိုင်ပြီး တွေးခေါ်မှုစွမ်းရည်ကို ကျစေပါတယ်။

၄။ Hanging out with toxic people

ချမ်းသာတဲ့သူတွေထဲက 86 % လောက်ဟာ success-minded ရှိတဲ့သူတွေနဲ့ပဲ ပေါင်းသင်းကြပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့သူတွေထဲက 4% လောက်ကပဲ ဒီလိုလုပ်ကြပါတယ်။ ကျန်တဲ့ 96% လောက်က

toxic people တွေ negative people တွေနဲ့ ပေါင်းသင်းကြပါတယ်။

မင်းကိုယ်မင်း အောင်မြင်နေတဲ့သူတွေ မှန်ကန်တဲ့သူတွေနဲ့ ဝန်းရံထားမှသာ မင်းအောင်မြင်နိုင်မှာပါ။

၅။ တီဗွီအလွန်အကျွံကြည့်ခြင်း

အချိန်ဖြုန်းတယ်ဆိုတာဟာ ဆင်းရဲသားတွေရဲ့ ထင်ရှားတဲ့အချက်တစ်ခုဖြစ်ပြီး အချိန်ကို အကျိုးရှိအောင် အသုံးချတာဟာ ချမ်းသာတဲ့သူတွေရဲ့ ထင်ရှားတဲ့လက္ခဏာရပ်ပါ။ ချမ်းသာတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ဖျော်ဖြေမှုတွေ မလုပ်ဘဲ ပညာရဖို့ပဲ လုပ်ကြပါတယ်။ TV ကြည့်မဲ့အချိန်တွေကို စာဖတ်ခြင်း အားကစားပြုလုပ်ခြင်း တွေးခေါ်ခြင်းနဲ့ တခြား self-education တွေကို ပြုလုပ်ကြပါတဟ်။

၆။ Negative thinking

ကြာရှည်ခံတဲ့ အောင်မြင်မှုဆိုတာ မင်းမှာ positive mental outlook ရှိမှသာ ဖြစ်နိုင်ပါတယ်။ လူတော်တော်များများရဲ့ ပြဿနာကတော့ သူတို့ဟာ သူတို့ရဲ့ အတွေးတွေကို သတိမထားကြတာပါ။ positive လား negative လားဆိုတာ မသိကြပါဘူး။ Awareness ကတော့ အဓိကအရာပဲ ဖြစ်ပါတယ်။

၇။ အချိန်ဆွဲခြင်း

အချိန်ဆွဲတတ်ခြင်းဟာ ပင်ကိုယ်ပါရမီအထူးချွန်ဆုံးသူတစ်ယောက်ကိုတောင် အောင်မြင်မှုမရရှိနိုင်အောင် ပြုလုပ်တတ်ပါတယ်။ အချိန်ဆွဲတတ်ခြင်းဟာ မင်းရဲ့ဘဝမှာ ငွေကြေးနဲ့ပတ်သတ်ပြီး ရုန်းကန်နေရတဲ့ အကြောင်းရင်းတစ်ရပ်ပါ။

၈။ feedback ကို ရှောင်ခြင်း

ဝေဖန်မှုကို ကြောက်ရွံ့ကြလို့ ကျွန်တော်တို့တွေဟာ တစ်ခြားသူတွေဆီက feedback တွေ မတောင်းကြပါဘူး။ ဘယ်အရာတွေက အလုပ်ဖြစ်ပြီး ဘယ်အရာတွေက အလုပ်မဖြစ်ဘူးဆိုတာ သိဖို့အတွက် feedback တွေက အရေးကြီးပါတယ်။ မင်းဟာ မှန်ကန်တဲ့လမ်းကြောင်းမှာ ရောက်နေရဲ့လားဆိုတာ သိဖို့ feedback တွေက ကူညီပေးပါလိမ့်မယ်။ ဝေဖန်မှုတွေ ရှာဖွေခြင်းဟာ လေ့လာခြင်းနဲ့ တိုးတတ်ဖို့အတွက် မရှိမဖြစ် အရေးကြီးတဲ့အရာပါ။

၉။ ငွေသုံးကြမ်းခြင်း

ကိုယ်ရှာတာထက် ပိုပြီးသုံးစွဲခြင်းဟာ မင်းကို ငွေကြေးအခက်အခဲတွေ ဖြစ်စေပါတယ်။ ဆင်းရဲတဲ့သူတွေ 95% ဟာ ငွေမစုကြပါဘူး။ သူတို့တွေဟာ နေ့စဉ်သုံးစွဲမှုတွေအတွက် အကြွေးတွေယူပြီး အသုံးပြုတဲ့သူတွေလဲရှိပါတယ်။ မင်းဟာ ကိုယ်ရှာတဲ့ ငွေထက် ပိုသုံးနေရင် ဒါမှမဟုတ် ငွေစုဖို့ကို မစဉ်စားရင်တော့ မင်း ထွက်ပေါက်မရှိတဲ့ ဆင်းရဲတွင်းနက်နေမှာပါ။

၁၀။ ကိုယ်မနှစ်သက်တဲ့ အလုပ်ကိုလုပ်နေခြင်း

ကိုယ်မကြိုက်တဲ့အလုပ်မှာ မင်းကြိုးစားလုပ်နေရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကို စိတ်ပင်ပန်းစေပြီး ကိုယ့်ဘဝကိုယ်လဲ ကျေနပ်မှာမဟုတ်ပါဘူး။ ဒါဟာ မင်းအတွက်ချမ်းသာဖို့ အခွင့်အလမ်းတွေမှာလဲ ထိခိုက်နိုင်ပါတယ်။

ချမ်းသာတဲ့သူတွေဟာ သူတို့ရဲ့ passion ကို pursue လုပ်ကြပါတယ်။ ကိုယ် passion ရှိတဲ့ အလုပ်ဆိုရင် လုပ်ရတာ ပျော်ရွှင်ကျေနပ်စရာ ကောင်းနေပါလိမ့်မယ်။ ဒါဟာ မင်းအတွက် အရှုံးတွေ ငြင်းပယ်မှုတွေ အခက်အခဲတွေ အမှားတွေကို ကျော်ဖြတ်နိုင်ဖို့ စွမ်းအားတွေ ဇွဲ လုံ့လနဲ့ ခွန်အားတွေ ပေးနိုင်ပါတယ်။

၁၁။ comfort zone ထဲက မထွက်နိုင်ခြင်း

ချမ်းသာဖို့ ရည်ရွယ်ထားရင် risk တွေ ယူရဲရပါမယ်။ လူတော်တော်များများ ဆင်းရဲနေရတာကတော့ သူတို့ဟာ risk တွေ မယူရဲဘဲ မသေချာမှုတွေကို ကြောက်ရွံ့နေပြီး ကိုဟ့်ရဲ့ comfort zone မှာပဲ နေနေကြလို့ပါ။

PreviousMorning RoutineNextကိုယ့်ကိုကိုယ်စကားပြောပါ။

Last updated 3 years ago

Was this helpful?