Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?

အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ???????

အောင်မြင်ဖို့နဲ့ ကျွန်တော်တို့တွေ ကိုယ်ဖြစ်ချင်တဲ့သူတွေ ဖြစ်နိုင်ဖို့ ကြိုးစားကြတဲ့အခါ တစ်ခါတစ်လေမှာ အများကြီး လုပ်ဖို့ မလိုပါဘူး။ တစ်ချို့အရာတွေကို စွန့်လွှတ်လိုက်ရုံပါပဲ။

၁။ မကျန်းမာစေတဲ့ ဘဝနေထိုင်မှုကို စွန့်လွှတ်လိုက်ပါ။

Jim Rohn က ပြောပါတယ်။ မင်း ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ဒါဟာ မင်းနေထိုင်ရမဲ့ တစ်ခုတည်းသော နေရာပါပဲ။ တဲ့

ကျွန်တော်တို့ဘဝမှာ လိုချင်တဲ့အရာတွေ ရနိုင်ဖို့ ဒီနေရာက စတင်ပါတယ်။ ပထမဆုံး ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရပါမယ်။ အဲ့ဒီမှာ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ကျန်းမာစေတဲ့ အစားအစာတွေ စားတာနဲ့ ကျန်းမာစေမဲ့ လေ့ကျင့်ခန်းတွေ လုပ်တာပါ။

ဒါဟာ သေးငယ်တဲ့ ခြေလှမ်းလေးဖြစ်ပေမဲ့ တစ်နေ့မှာတော့ မင်း ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိမှာပါ။

၂။ ရေတိုအတွက်ပဲ စဉ်းစားနေတာတွေကို စွန့်လွှတ်ပါ။ အိမ်မက်သေးသေးလေးတွေ မက်နေတာကို စွန့်လွှတ်လိုက်ပါ။

အောင်မြင်တဲ့သူတွေဟာ ရေရှည် ပန်းတိုင်တွေ သတ်မှတ်ပါတယ်။ ဒီလို သတ်မှတ်ထားတဲ့ ပန်းတိုင်တွေဆီ ရောက်အောင် နေ့ရက်တိုင်း ကြိုးစားဖြည့်စည်းပါတယ်။

ရေရှည် ပန်းတိုင်တွေ ချမှတ်ဖို့ မကြောက်ပါနဲ့။ ရည်မှန်းချက် ကြီးကြီးထားဖို့ မကြောက်ပါနဲ့။ ဒီပန်းတိုင်တွေ ရောက်ဖို့လဲ နေ့စဉ်အလေ့အကျင့်တွေ စည်းကမ်းတွေနဲ့ ကြိုးပမ်းရပါမယ်။

၃။ ဆင်ခြေပေးတတ်တဲ့အကျင့်ကို စွန့်လွှတ်လိုက်ပါ။

အောင်မြင်တဲ့သူတွေဟာ ကိုယ့်ဘဝကို ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ အမြဲဆင်ခြေပေးနေတဲ့ ငါက မပြည့်စုံတဲ့ဘဝက လာလို့ ငါက အမြဲ အရှုံးတွေပဲ ရနေတာ ငါ့ကံကိုက မကောင်းတာလေ လောကကြီးက မတရားဘူး ငါ့မှာက အားနည်းချက်တွေ များတာကိုး စသည်ဖြင့် ဒီလို ပေးနေကျ ဆင်ခြေတွေ အားလုံးကို ချက်ချင်း စွန့်လွှတ်လိုက်ပါ။ မင်းဟာ မင်းဘဝအတွက် တာဝန်ရှိတဲ့သူတစ်ယောက်ဆိုတာ အမြဲ မှတ်ယူထားပါ။ ဒီလိုမျိုး မင်း ဘဝမှာ နောက်ဖြစ်လာမဲ့အရာတွေ အားလုံးအတွက် မင်းမှာသာ တာဝန်ရှိတယ်ဆိုတာကို မှတ်ယူထားရတာဟာ စိတ်လှုပ်ရှားစရာ ကြောက်စရာကောင်းလှပါတယ်။ ဒါပေမဲ့ ဒါဟာ အောင်မြင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပါပဲ။ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ မင်းရဲ့ ကိုယ့်ကိုယ်ကို တိုးတတ်မှု နဲ့ အလုပ်အကိုင်မှာ တိုးတတ်မှုတွေကို ဆင်ခြေတွေက ကန့်သတ်ပေးနေမှာပါ။ တိုးတတ်မှုတွေကို ဟန့်တားပြီး အောင်မြင်မှုတွေက ဝေးစေပါလိမ့်မယ်။ ဒါကြောင့် ဒီအကျင့်ကို ခုချက်ချင်း စွန့်လွှတ်လိုက်ပါ။

မင်းဘဝကို တာဝန်ယူလိုက်ပါ။ တစ်ခြားသူ ဘယ်သူမှ အစား တာဝန်ယူပေးမှာမဟုတ်ပါဘူး။

၄။ fixed mindset ကို စွန့်လွှတ်ပါ။

fixed mindset ရှိတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ သူတို့ရဲ့ အသိဉာဏ် ပင်ကို စွမ်းရည်တွေဟာ အမြဲရှိနေတဲ့ ကိုယ်ပိုင်အရည်အချင်းတွေဖြစ်ပြီး ကြိုးစားအားထုတ်မှုမပါဘဲ ဒီအရာတစ်ခုတည်းကပဲ အောင်မြင်မှုကိုခေါ်ဆောင်သွားမယ်လို့ မှတ်ယူထားပါတယ်။ ဒါဟာ လုံးဝ မှားယွင်းတဲ့အရာပါ။ အောင်မြင်ချင်ရင်တော့ growth mindset ရှိရပါမယ်။ အသိဉာဏ် ဗဟုသုတ အသစ်တွေ ရရှိဖို့ စွမ်းရည်အသစ်တွေ ပိုင်ဆိုင်ဖို့ နေ့စဉ်နေ့တိုင်း အချိန်တွေကို မြှုပ်နှံပေးဆပ်ရပါလိမ့်မယ်။ တစ်ခါတစ်လေ ပြောင်းလဲသင့်ရင် ပြောင်းလဲပြီး အလေ့အကျင့်ကောင်းတွေ မွေးမြူရပါလိမ့်မယ်။

၅။ ဘာကြိုးစားမှုမှမပါဘဲ အောင်မြင်မှုကို မြန်မြန်နဲ့ လွယ်လွယ်ရမယ်လို့ ယုံကြည်နေတာကို စွန့်လွှတ်လိုက်ပါ။

အောင်မြင်မှုရဖို့ မှော်ပညာနဲ့ လုပ်လို့မရပါဘူး။ ဥုံ ဖွ ဆိုပြီး အောင်မြင်မှုရအောင် လုပ်လို့မရပါဘူး။ အောင်မြင်ချင်ရင် နေ့စဉ်နေ့တိုင်း စဉ်ဆက်မပြတ် တိုးတတ်မှုတွေ ပြုလုပ်သွားရပါမယ်။ ဒီလို သေးငယ်တဲ့အရာလေးတွေက လိုချင်တဲ့ ရလဒ်ကို ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် အနာဂတ်အတွက် ပြင်ဆင်ထားဖို့လိုပါတယ်။ နေ့ရက်တိုင်းမှာ ကိုယ်လိုချင်တာတွေရဖို့ အာရုံစိုက်ရပါမယ်။ တစ်နေ့ကို ၁% ပဲ ဖြစ်ဖြစ် တိုးတတ်အောင် လုပ်ရပါမယ်။

၆။ ပြီးပြည့်စုံဖို့ ကြိုးစားနေတာတွေ စွန့်လွှတ်လိုက်ပါ။

မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘယ်အရာမှ ၁၀၀ % ပြီးပြည့်စုံမှု မရှိနိုင်ပါဘူး။ အရှုံးတွေ ရင်ဆိုင်ရမှာ ကြောက်တာဟာ ကျွန်တော်တို့ကို တကယ်စတင်လုပ်ကိုင်ဆောင်ရွက်ဖို့ ဟန့်တားနေပါမယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ကြီးမားတဲ့ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးနေရပါတယ်။ ပြီးပြည့်စုံဖို့ ကြိုးစားနေတာကို စွန့်လွှတ်ပြီး စတင်ဆောင်ရွက်လိုက်ပါ။ ပြီးပြည့်စုံဖို့ မလိုပါဘူး။ စတင်လုပ်ဆောင်ဖို့ပဲ လိုတာပါ။

၇။ multi-tasking လုပ်နေတာတွေ စွန့်လွှတ်ပါ။ မင်းဘဝရဲ့ ပန်းတိုင်ကို ရဖို့ အထောက်အပံ့မဖြစ်တဲ့ အရာတွေကို Yes လို့ ပြောနေတာတွေ စွန့်လွှတ်လိုက်ပါ။

အောင်မြင်တဲ့သူ ဖြစ်ချင်ရင်တော့ တစ်ချို့အရာတွေကို စွန့်လွှတ်ရပါလိမ့်မယ်။ အရာတိုင်းကို ဘာလာလာ Yes လို့ ပြောလို့ မရပါဘူး။ လူတွေရဲ့ လောဘအရ လူတွေဟာ အရာတိုင်းကို Yes ပြောကြပါတယ်။ ဘယ်အရာကိုမဆို လိုချင်ကြတယ်။ ဒါပေမဲ့ အဲ့ဒီအရာတွေက ကိုယ်တကယ်လိုချင်တာ မဟုတ်ဘူးဆိုတာ နောက်ကျမှ သိလာရတာတွေ များပါတယ်။ အဲ့ဒီတော့ အောင်မြင်ချင်ရင် အရာတိုင်းကို လုပ်ဆောင်ဖို့ ကြိုးစားနေတာတွေကို စွန့်လွှတ်ပါ။ ကိုဟ့်ပန်းတိုင်ကို ရဖို့ အထောက်အကူဖြစ်စေမဲ့ အရာတွေပဲ ရွေးချယ်ပြီး လုပ်ဆောင်ပါ။

၈။ အရာတိုင်းကို ထိန်းချုပ်ချင်တဲ့ စိတ်ကို စွန့်လွှတ်ပါ။

ဘဝမှာ တစ်ချို့အရာတွေက ကိုယ့်အပေါ်မူတည်နေပြီး ကိုယ်က ထိန်းချုပ်နိုင်သလို တစ်ချို့အရာတွေက ကိုယ့်အပေါ်မူတည်မှုမရှိဘဲ ကိုယ်က ထိန်းချုပ်လို့မရတာတွေ ရှိပါတယ်။ တစ်ခါတစ်လေမှာ သိထားရမှာက ကိုယ်က ထိန်းချုပ်နိုင်တဲ့အရာဟာ တစ်ခုတည်းပဲ ရှိပါတယ်။ ဒါကတော့ ဖြစ်လာတဲ့အရာတွေအပေါ်မှာ ကိုယ်ထားတဲ့ စိတ်နေသဘောထားပါပဲ။ အရာတိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေရင် အောင်မြင်မှုရဖို့ မလွယ်ပါဘူး။

၉။ toxic people တွေကို စွန့်လွှတ်ပါ။

Jim Rohn က ပြောပါတယ်။ "You are the average of five people you spend the most time with." ပါတဲ့။

ကျွန်တော်တို့နဲ့ အချိန်တွေအများဆုံး အတူတူ ကုန်ဆုံးတဲ့သူတွေဟာ ကျွန်တော်တို့ဘယ်လိုလူဖြစ်လာမလဲ ဆိုတဲ့အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ထက် ပိုပြီး အောင်မြင်မှုတွေ ရရှိနေတဲ့သူတွေ ပိုပြီး ကြိုးစားနေတဲ့သူတွေ ရှိသလို ကျွန်တော်တို့လောက် မရရှိတဲ့သူတွေလည်း ရှိမှာပါ။ ကျွန်တော်တို့တွေ လူပျင်းတွေ လူဖျင်းတွေ လူညံ့တွေနဲ့ ပေါင်းရင် ကျွန်တော်တို့ ဒီလိုပဲဖြစ်မှာပါ။ အောင်မြင်သူတွေနဲ့ ပေါင်းရင်တော့ ကျွန်တော်တို့လဲ အောင်မြင်နိုင်ပါလိမ့်မယ်။ မင်းပတ်ဝန်းကျင်ကို လေ့လာကြည့်ပါ။ မင်း ဘယ်လိုလူတွေနဲ့ ပေါင်းသင်းနေလဲ။ စွန့်လွှတ်သင့်တဲ့သူတွေ ဘယ်နှစ်ယောက်ရှိသလဲ။

၁၀။ လူတွေ အားလုံးက ကိုယ့်ကို နှစ်သက်လာဖို့ ကြိုးစားနေတာကို စွန့်လွှတ်လိုက်ပါ။

ကိုယ့်ကိုယ်ကို niche market တစ်ခုအနေနဲ့ စဉ်းစားလိုက်ပါ။ ဒီ niche market ကို ကြိုက်နှစ်သက်သဘောကျတဲ့လူတွေ အများကြီးရှိသလို မကြိုက်တဲ့သူတွေလဲ ရှိမှာပါ။ ဘာပဲလုပ်လုပ် ဈေးကွက်ကြီးတစ်ခုလုံးက မင်းကို နှစ်သက်သဘောကျဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဟာ သဘာဝပါပဲ။ မင်းလုပ်ရမဲ့အရာကတော့ ကိုယ့်ကိုယ်ကို စစ်မှန်ဖို့နဲ့ တိုးတတ်အောင် လုပ်ပြီး တန်ဖိုးရှိအောင် လုပ်နေဖို့ပါ။

Previous"No" ပြောဖို့NextWhere to invest?

Last updated 3 years ago

Was this helpful?