Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

ညနေခင်း

အလုပ်ပြီးချိန် ညခင်းတွေမှာ မင်းဘာလုပ်လဲဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။ မင်းဘဝပြောင်းလဲပါလိမ့်မယ်။

မင်းရဲ့ အလုပ်ချိန် ညနေ 6 နာရီမှာ ပြီးပြီးတော့ မင်းက ည သန်းခေါင် 12 နာရီမှ အိပ်ရာဝင်တယ်ဆိုပါစို့။ ဒီကြားထဲက 6 နာရီကို မင်းဘယ်လို အသုံးချပါသလဲ? TV ကြည့်တာလား? တကယ်တော့ ဒီအချိန်ကို မင်းဘယ်လိုအသုံးချတယ်ဆိုတာက မင်းထင်တာထက် ပိုအရေးကြီးပါတယ်။

လူတော်တော်များများထင်နေတာက ကျွန်တော်တို့ career ကို တိုးတတ်ဖို့ အလုပ်ချိန်အတွင်းမှာ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ ထင်နေကြတယ်။ ကျွန်တော်တို့ အနာဂတ်နဲ့ အလုပ်အကိုင်တွေဟာ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ ခေါင်းဆောင်အပေါ်ပဲ မူတည်နေတယ်လို့ ထင်နေကြတယ်။ တကယ်လို့ မင်း ကိုယ့်ကိုယ်ကို ဘဝမှာ တိုးတတ်မှုမတွေ့ဘူးဆိုရင်တော့ မင်းရဲ့ အလုပ်နဲ့ မင်းရဲ့ အလုပ်ရှင်တွေကို မင်းအပေါ် မြေတောင်မြှောက်မပေးလို့ဆိုပြီး အပြစ်တင်လို့မရပါဘူး။ ကိုယ့်ကိုယ်ကို တိုးတတ်အောင် ပျိုးထောင်ဖို့ဆိုတာ မင်းရဲ့ တာဝန်ပါ။

မင်းဟာ မင်းရဲ့ ညခင်းအချိန်တွေကို ဘယ်လိုအသုံးချလဲဆိုတာဟာ အလွန်အရေးကြီးပါတယ်။

စာဖတ်ပါ။

ဘဝမှာ မင်းလိုချင်တာရဖို့ knowledge က အရေးကြီးပါတယ်။ ဗဟုသုတတွေ စုဆောင်းရပါမယ်။ ဒီလို ဗဟုသုတတွေကို မင်းရဲ့ အလုပ်မှာ မင်းရဲ့ ဘဝမှာ ပြန်လည်အသုံးချရပါမယ်။ တကယ်လို့ မင်းက စာဖတ်သန်တယ်ဆိုရင် မင်းဗဟုသုတတွေ ပြည့်ပြီး မင်းရဲ့ စကားပြောတဲ့ ခေါင်းစဉ်တွေ အကြောင်းအရာတွေ ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။

Anthony Robbins က ပြောပါတယ်။ တကယ်လို့ မင်းဟာ တစ်နေ့ကို တစ်နာရီအချိန်ပေးပြီး အကြောင်းအရာတစ်ခုကို လေ့လာမယ်ဆိုရင် တစ်နှစ်ကြာတဲ့အခါမှာ မင်းရမဲ့ knowledge တွေက ကမ္ဘာ့လူတွေရဲ့ 99.999 % လောက်ထိဖြစ်ပါလိမ့်မယ်တဲ့။

တစ်နေ့ကို အချိန် သုံးဆယ်မိနစ်လောက်ပဲ စာဖတ်ချိန်ပေးနိုင်ရင်တောင် တစ်နေ့တစ်နေ့ knowledge တွေ အများကြီးရမှာပါ။ မင်း expert မဖြစ်ဘူးဆိုရင်တောင် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေထက် ပိုပြီး ဗဟုသုတများလာမယ်ဆိုတာ အာမခံနိုင်ပါတယ်။

တကယ်လို့ မင်းရဲ့ လက်ရှိအလုပ်က မင်းတကယ်စိတ်ဝင်စားတဲ့အလုပ်မဟုတ်ဘူးဆိုရင် မင်းဟာ ဒီအချိန်တွေမှာ မင်းတကယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာလို့ရပါတယ်။ ဒီလို ရတဲ့အချိန်မှာ စိတ်ဝင်စားတဲ့အရာတွေ လေ့လာပြီး အချိန်တစ်ခုရောက်တဲ့အခါမှာ မင်းရဲ့ career ကို ပြောင်းလိုက်လို့ရပါလိမ့်မယ်။ start up တစ်ခု စလိုက်လို့ ရပါတယ်။

project တွေ လုပ်ဆောင်ပါ။

မင်းရဲ့ ဗဟုသုတတွေ စိတ်ကူးတွေကို ပုံဖော်ဖို့ မင်းအလုပ်က အခွင့်အရေးမပေးရင် မင်းကိုယ်တိုင် ရှာဖွေလုပ်ဆောင်ပါ။ volunteer project တွေ လုပ်နိုင်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူတွေနဲ့ ပေါင်းပြီး အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ကြည့်ပါ။ စမ်းသပ်ကြည့်ပါ။ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာပါ။ လက်တွေ့ လုပ်ဆောင်ကြည့်ပါ။

Network တည်ဆောက်ပါ။

မင်းရဲ့ အလုပ်လမ်းကြောင်းမှာ ဖြောင့်ဖြူးဖို့ strong connection network တစ်ခု ရှိနေဖို့ လိုပါတယ်။ ဒီလိုမျိုးမရှိဘူးဆိုရင်တော့ မင်းရဲ့ အချိန်ထဲက ဖဲ့ပြီး လုပ်ဆောင်ရပါလိမ့်မယ်။ အတော်ဆုံး မိတ်ဆွေတွေကို ဆက်သွယ်ပြီး သူတို့ရဲ့ အကြံဉာဏ်တွေ ရယူတာတွေ သတင်းတွေ အချက်အလက်တွေ ဗဟုသုတတွေ ရအောင်လုပ်ပါ။ professional life ထဲက ဆရာကြီးတွေဆီက လေ့လာသင်ယူပါ။

အလုပ်က အိမ်ပြန်ရောက်လို့ ဒီလို ညချမ်းတွေမှာ အနားယူတယ်ဆိုပြီး movie ကြည့်တာ tv ကြည့်တာ game ကစားတာ social media ပေါ်မှာ သူများတေ အကြောင်း လိုက်စပ်စုနေတာ အတင်းပြောနေတာ ဒါတွေနဲ့ အချိန်ကုန်ဆုံးရတာ အရမ်းပျော်စရာကောင်းမှာပါ။ ဒါပေမဲ့ ဒါတွေက မင်းရဲ့ အနာဂတ်ကို ကောင်းမွန်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

မင်းဘဝရဲ့ အပြောင်းအလဲက ဒီနေ့ညက စပါပြီ။

6 နာရီကနေ ည ၁၂ နာရီထိပါ။ အလုပ်ပြီးလို့ မင်းအိမ်ပြန်တယ်။ မင်းဟာ တစ်ခြားသူတွေ ခိုင်းတဲ့အရာတွေကို လုပ်စရာမလိုတဲ့အချိန်ပါ။ မင်းရဲ့ အားလပ်ချိန်ပါ။

PreviousMarketing funnelNextCTA

Last updated 3 years ago

Was this helpful?