Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

CTA

Call-to-action ( CTA ) ဆိုတာဘာလဲ ?

Call-to-action ဆိုတာကို ရင်းနှီးနေလိမ့်မယ်လို့ထင်ပါတယ်။ " Marketing Funnel တစ်ခုဖန်တီးနေပြီလား " ဆိုတဲ့ postမှာ ပြန်လည်ဖတ်ရှုအမှတ်ရနိုင်ပါတယ်။ (Marketing funnel အကြောင်းမဖတ်ဖူးသေးသူများအဖို့ အရင်ဆုံး Marketing funnel အကြောင်းကို ဖတ်ကြည့်စေချင်ပါတယ် ) Call-to-action ကို Marketing funnel ရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ Lead Nature အပိုင်းမှာ တွေ့ရပါမယ်။ Call-to- action ဟာ Marketing funnel ရဲ့ အရေးပါပြီး အလွန်အထောက်အပံ့ဖြစ်စေတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဆို Call-to-action က ဘာများလဲ????

Call-to-action ( CTA) ဆိုတာဟာ Page ကိုကြည့်မယ့် Visitor တွေ Acion တစ်ခုခုလုပ်ဖို့ အထောက်အပံ့ပေးတဲ့ image ဒါမှမဟုတ် text Buttom လေးတစ်ခုဖြစ်ပါတယ်။ ဥပမာ။ ။ Subscribe to a newsletter , View a webinar or Request a product demo စတာမျိုးတွေဖြစ်ပါတယ်။ ( Webinar ဆိုတာကတော့ web -based (website အခြေခံ) live video conference တစ်ခုဖြစ်ပါတယ်။ ပြောဆိုမယ့် ၊ တင်ဆက်မယ့် Host နဲ့ listeners တွေ ကို ချိတ်ဆက်ပေးတဲ့အပြင် audience တွေက မေးခွန်းတွေမေးလို့လဲ ရတဲ့ Q & A session လဲပါဝင်တဲ့ web-based live Video conference တစ်ခုဖြစ်ပါတယ်။ )

CTA က visitors ဖြစ်တဲ့ လူတွေကို Page ထဲကိုရောက်ရှိနိုင်ဖို့ လမ်းညွှန်ပေးတာပဲဖြစ်ပါတယ်။ အဲ့ဒီအခါမှာ Visitors တွေရဲ့ contact information ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Marketing မှာ customer Informations ကအရမ်းအရေးကြီးပါတယ်။ Effective CTA တစ်ခုက Leads တွေပိုရရှိလာစေရုံမကဘဲ သင်တို့၊ ကျွန်ုပ်တို့ရဲ့ website မှာ conversions တွေလဲ အများကြီးဖြစ်လာစေပါတယ်။ CTA ကို click တစ်ချက်နှိပ်ပြီး Page ထဲကိုဝင်ရောက်နိုင်ဖို့ ဖန်တီးပါ။ Visitor ကနေ lead conversion များဖြစ်လာစေဖို့ CTA များများဖန်တီးဖို့ လိုပါတယ်။ website ပေါ်မှာ မြင်သာအောင်လုပ်ပါ။ တကယ်ကောင်းမွန်တဲ့ CTA တစ်ခုဟာ Customers တွေကို ဖမ်းဆုပ်နိုင်ရုံသာမကဘဲ ထိုသူတို့ကို Marketing funnel ထဲကို ဆက်လက်ဖြတ်သန်းစေပြီး Conversion ကိုဖြစ်စေပါတယ်။

Call-to-action ဖန်တီးမှုကို ပိုပြီးသဘောပေါက်နားလည်နိုင်အောင် Facebook မှာ Call-to-action ဖန်တီးမှုကို ဥပမာအဖြစ်ရေးသားဖော်ပြထားပါတယ်။ ( Facebook version အလိုက် မတူညီတဲ့ Step တွေလဲရှိနိုင်ပါတယ်)

Facebook မှာ Call-to-action တစ်ခုဖန်တီးတဲ့အခါ

(1) Click " Add a Buttom"

သင့် Page ရဲ့ Cover photo အောက်မှာ "Add a Buttom" ဆိုတာကို တွေ့ရပါလိမ့်မယ်။ Add a Buttom ကို တစ်ချက်နှိပ်လိုက်ပါ။

(2) Choose your call-to-Action

သင်နှစ်သက်ရာ call to action တစ်ခုကိုရွေးချယ်ပါ။ သင့်ရဲ့ page ပေါ်မှာ ပေါ်စေချင်တဲ့ Buttom ကိုရွေးချယ်ရမှာဖြစ်ပါတယ်။

  • Book Now

  • Contact Us

  • Send Message

  • Use App

  • Play Game

  • Shop Now

  • Sign Up

  • Watch Video အစရှိသည်ဖြင့် တွေ့နိုင်မယ်။

(3) Insert website

Visitor တွေကို ရောက်ရှိစေချင်တဲ့ သင့်ရဲ့website ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။

(4) Save Changes and watch the clicks roll in!

Visitors တွေ Click ဘယ်လောက်များများ လုပ်သွားလဲဆိုတာကို ကြည့်ရှု မှတ်သားနိုင်ပါတယ်။

အကြိုက်ဆုံး CTA တစ်ခုကို ဖန်တီးပြီး အကောင်းဆုံးသော Marketing funnel တစ်ခုကို တည်ဆောက်နိုင်ကြပါစေ။

Previousညနေခင်းNextWrite down your goals

Last updated 3 years ago

Was this helpful?