Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Motivated ဖြစ်ရန်

Motivated ဖြစ်ရန် အောက်ပါ အချက်(၇)ချက်ကို လုပ်ဆောင်ပါ

= = = = = = = = = = = = = = = = = = = = = = = = = = = =

အကောင်းဆုံး motivation ဟာ sef-motivation ပဲဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ကူးအကြံဉာဏ်ကောင်းတွေ ဘယ်လိုရအောင်ယူမလဲ ဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။ စိတ်ဓါတ်တက်ကြွမှုနှင့် စိတ်ကူးအကြံဉာဏ်ကောင်းတွေ ရရှိအောင် ဘယ်လိုနေထိုင်ရမလဲ? သင်ရဲ့ စွဲလမ်းမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ နဲ့ ပူလောင်ခြင်းတွေကို ဘယ်လိုထိန်းချုပ်ရမလဲ? ဆိုတာတွေအား Self-motivators တွေရဲ့ ပုံမှန်လှုပ်ရှားမှုကို သုံးသပ်ခြင်းအားဖြင့် အောက်ပါအချက်တွေကို လေ့လာသိရှိရပါတယ်။

၁။ လေးနက်မှု ရှိပါစေ

= = = = = = = = =

ထိပ်ဆုံးကို ရောက်ဖို့အတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေချပါ။ အခုကစပြီး အဆိုပါအကြောင်းကိုပဲ တွေးနေပါ စဉ်းစားပါ သင့်စိတ်ကို သင်အောင်မြင်သွားပါလိမ့်မယ်။ အဲ့ဒီနောက် ထိပ်ဆုံးကိုသွားဖို့အတွက် နည်းလမ်းတွေ အားလုံးကိုလည်း သင့်အတွေးတွေထဲမှာ အစီအစဉ်တွေချထားပါ။ အဲ့အကြောင်းကိုပဲ လေးလေးနက်နက် တွေးတောစဉ်းစားနေပါ။ ထို့နောက်မှာတော့ သင့်ရဲ့ဘဝကို ထိပ်ဆုံးသို့ယူဆောင်သွား ပါလိမ့်မယ်။ ထို့အရာက အထူးခြားဆုံးအရာ တစ်ခုပဲဖြစ်ပါတယ်။

သင့်ရဲ့ဘဝဟာ “ငါဟာအကောင်းဆုံးဖြစ်ဖို့ ဘာလုပ်ရမလဲ?” ဆိုတဲ့ ဆုံးဖြတ်ချက်ချနေတဲ့ အချိန်ထိတိုင်အောင် တောင်တစ်လုံးရဲ့ မှောင်မဲနေတဲ့ဘက်နေ မြှင့်တက်လာတဲ့ အရိပ်တစ်ခုနဲ့တူပါတယ်။ ပြီးတော့မှ သင်ဟာ ရုတ်တရက် နေအလင်းရောင်အဖြစ် ပြောင်းလဲသွားပါတယ် အဲ့ဒီနောက် သင့်ရဲ့ဘဝဟာအမြဲတမ်း အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါလိမ့်မယ်။

လေးလေးနက်နက်စဉ်းစား လုပ်ဆောင်ပါ။ ကိုယ့်သွားမယ့်လမ်းကြောင်းမဟုတ်တဲ့ တခြားအရာတွေကို ရူးသွပ်မနေပါနဲ့။

၂။ သင့်ရဲ့ ကန့်သတ်ထားတဲ့ ခြေလမ်းတွေကို သိပါစေ

= = = = = = = = = = = = = = = = = = = = = = =

သင့်ရဲ့ ကန့်သတ်ချက် ခြေလှမ်းတွေကဘာလဲ? သင်ကျွမ်းကျင်ရာ နယ်ပယ်ကနေ ဘာတွေရယူခဲ့ပြီးလဲ? ဘယ်လိုအရည်အသွေးတွေလဲ? ဘယ်လို ဆောင်ရွက်မှုမျိုးတွေလဲ? တစ်ခြားလူတွေကိုမေးကြည့်ပါ။ သင်ဟာ အဲ့ဒီနယ်ပယ်မှာ ယခုထက်ပိုပြီး ကောင်းမွန်ဖို့ ဘာတွေလိုအပ်မလဲဆိုတာကို တွေ့ရှိပါလိမ့်မယ်။

သင်ဟာဘယ်အရာအပေါ်မှာ စွဲငြိတွယ်တာနေတာလဲ ဆိုတာရှာပါ။ ဒီနေ့သင့်ကို အောင်မြင်ဖို့ ကန့်သတ်ထားတဲ့ခြေလှမ်းတွေကို ဆန်းစစ်ခြင်းဖြင့် ဆုံးဖြတ်ပါ။ အဲ့နောက်မှာ ကိုယ်တိုင်ပြင်ဆင်ပါ။

၃။ မှန်ကန်တဲ့သူတွေကို အနီးအနားမှာရှိပါစေ

= = = = = = = = = = = = = = = = = = =

ဘယ်သူတွေက မှန်ကန်တဲ့လူတွေလဲ? အနိုင်ရရှိသူများဟာ သူတို့ရဲ့အနားမှာ positive people တွေသာထားရှိပါတယ်။ အနီးနားမှာရှိတဲ့သူတွေနှင့် Goal တွေ Plan တွေကို ရေးဆွဲပါ။

Zig Ziglar ပြောခဲ့သလို “ သင်ဟာ သိန်းငှက်တွေနှင့် အတူတူပျံသန်းချင်ရင် ကြက်ဆင်တွေနဲ့ ပြိုင်ပြီးရန်မဖြစ်ပါနဲ့”။

အဆိုးမြင်သမားတွေနဲ့ ဝေးဝေးမှာနေပါ။ သူတို့ဆီက ညည်းသံ၊ ညူးသံတွေနဲ့ complainတွေပဲ အမြဲကြားနေရပါလိမ့်မယ်။ ဘယ်သူတွေက သူတို့ကိုလိုအပ်မှာလဲ? ဘဝဟာ တိုတိုလေးပါ။ သင့်ကိုယ်သင် မနစ်မွနး်ပါစေနဲ့။

၄။ သင့်ကိုယ်သင် ဂရုတစ်စိုက်ရှိပါစေ

= = = = = = = = = = = = = = = =

သင့်ရဲ့ကျန်းမာရေးကို အမြဲဂရုစိုက်ပါ။ ဘာကိုဆိုတာလဲဆိုတော့ ကောင်းကောင်းစား၊ ကောင်းကောင်း လေ့ကျင့်ခန်းလုပ်ပါ။ အစားအစာကို အချိန်မှန်မှန် အဟာရရှိရှိစား၊ အလုပ်ကိုပုံမှန်လုပ် ပြီး ကောင်းကောင်း အနားယူသင့်တယ်ဆိုတာကို လူတိုင်းသိပါတယ်။ သင်ဟာ တစ်ပတ်မှာ (၅)ရက်လောက် အလုပ်ကို အရမ်းကြိုးကြိုးစားစားလုပ်ပြီးလျှင် (၅)ရက်လောက် အိပ်ယာ စောစောဝင်ပါ။

၅။ သင့်ကိုယ်သင် အကောင်းဆုံးလို့မြင်ပါ

= = = = = = = = = = = = = = = = = =

သင်ဘာပဲလုပ်လုပ် သင်လုပ်သမျှဟာ အကောင်းတကာအကောင်းဆုံးလို့အမြဲတမ်း ပုံဖော်ကြည့်ပါ။ သင့်ဘဝရဲ့အစကနေ ခုချိန်ထိ တိုးတက်မှုတွေအားလုံးကို သင့်ရဲ့ စိတ်ကူးပုံရိပ်ထဲမှာ အမှတ်တရရှိပါစေ။

၆။ သင့်ကိုယ်သင် ချိုချိုသာသာ ပြောပါ။

= = = = = = = = = = = = = = = =

သင့်စိတ်ရဲ့အတွင်းပိုင်းက စကားလုံးတွေကို positive စကားတွေဖြစ်အောင် control လုပ်ပါ။ ဘယ်လိုပြောရမလဲ? “ ငါဟာ အကောင်းဆုံး”၊ “ငါ့ကိုယ်ငါ ကျေနပ်တယ်”၊ “ငါဟာ ဒါကိုလုပ်နိုင်တယ်”၊ “ငါ့အလုပ်ကိုငါ ချစ်တယ်”လို့ပြောပါ။

သင်ကိုယ်သင် အဲ့လိုတွေပြောခြင်းဟာ အဲ့ဒီအရာတွေကိုယုံကြည်မှုမရှိခြင်းနှင့် ကိုယ့်ဘာသာကို လိမ်ညာနေခြင်း မဟုတ်ဘူးလား?။

မဟုတ်ပါဘူး၊ သင်ကိုယ်သင် လိမ်ညာနေတာမဟုတ်ပါဘူး၊ ထိုအရာက တိုးတက်ရာ တိုးတက်လမ်းအတွက် အမှန်တရားကိုပြောပြနေတာပါ။ မဖြစ်နိုင်သေးတဲ့နည်းလမ်းဖြစ်နေတယ်ဆိုရင်တောင်မှ သင်ဖြစ်ချင်တဲ့ နည်းလမ်းတွေကို သင့်ကိုယ်သင် ပြောပါ။ သင့်ရဲ့မတော်တဆမှားယွင်းမှုလေးတွေကနေ သင်ခန်းစာယူပြီး လေ့လာဆည်းပူးခြင်းအားဖြင့် လှပတဲ့အနာဂါတ်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

၇။ ရပ်မနေပါနဲ့၊ ဆက်သွားပါ

= = = = = = = = = = = =

မြန်မြန်သွားပါ။ မြန်မြန်သွား မြန်မြန်လုပ်ကိုင်ခြင်းက လူတိုင်းနဲ့ သင်ရဲ့ ခြားနားချက်တစ်ခု ဖြစ်သွားပါလိမ့်မယ်။တိုးတက်မှုတွေမြန်မြန်ရရှိအောင်လုပ်ပါ။ သင့်မှာ အကြံဉာဏ်ကောင်းတစ်ခုရှိရင် အခုပဲချက်ချင်း အကောင်အထည်ဖော်လိုက်ပါ။ မြန်မြန်လှုပ်ရှားခြင်းက ပိုမိုကောင်းမွန်တဲ့ အရာတွေကိုရရှိစေပါတယ်။ ပိုမိုကောင်းမွန်တဲ့အရာတွေရရှိခြင်းက သင့်ကိုယ်သင် ပိုပြီးကျေနပ်စေပါတယ်။ သင့်ကိုယ်သင် ပိုပြီးကျေနပ်စေခြင်းက ကိုယ့်ကိုယ်ကိုလေးစားမှု အမြင့်ဆုံးကိုရောက်စေပါတယ်။ ကိုယ့်ကိုယ်ကိုလေးစားမှု အမြင့်ဆုံး ရောက်ရှိခြင်းက ကိုယ့်ကိုယ်ကို ပိုပြီးစည်းကမ်းရှိစေပါတယ်။ ပြီးတော့ ပိုပြီး ကြံခိုင်စေပါတယ် အဲ့ဒီနောက်မှာ သင်ဟာ ရပ်တန့်လို့မရအောင်ကိုဖြစ်သွားပါလိမ့်မယ်။

PreviousZero to OneNextLarry Page

Last updated 3 years ago

Was this helpful?