Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Feeling lost?

ဘာကြောင့် တစ်ချို့လူတွေ ကိုယ့်ကိုယ်ကို ပျောက်ဆုံးတယ်လို့ ခံစားနေကြတာလဲ

ကျွန်တော်တို့အားလုံး ဘဝမှာ တစ်ခါတစ်လေတော့ lost ဖြစ်တယ်လို့ ခံစားဖူးကြမှာပါ။ ဒါဘာကြောင့်ဖြစ်တာလဲလို့ စဉ်းစားဖူးကြပါသလား?

  1. Drift Syndrome

ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ လုပ်ဆောင်နေရတဲ့အလုပ်တွေကို ဘာကြောင့် လုပ်နေရတာလဲ စတဲ့ မေးခွန်းတွေကို အဖြေရှာမရတဲ့အခါ ကျွန်တော်တို့ lost ဖြစ်တယ်လို့ ခံစားလာရပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ plan မရှိခဲ့ဘူး။ ဒါမှမဟုတ် ကျွန်တော်တို့မှာ plan ရှိတယ်။ ဒါပေမဲ့ အခက်အခဲနည်းနည်းကြုံတာနဲ့ လက်လျော့ပြီး နောက်တစ်ခုပြောင်းတယ်။ လွယ်လွယ်လေးပဲ ရေစီးကြောင်းမှာ မျောပါလာကြတယ်။ ဒီလိုပဲ မျောပါရင်း နောက်ဆုံး အခု ရောက်နေတဲ့နေရာမှာ ကိုယ့်ကိုယ်ကို တွေ့ရတယ်။

  1. Passion မရှိလို့

မင်းရဲ့ အလုပ်ဟာ မင်းတကယ် passion ရှိတဲ့အလုပ်ဆိုရင် ဒါ တကယ်ကောင်းမွန်တဲ့အရာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တော်တော်များများဟာ အလုပ်ဆိုတာ ကိုယ့်အတွက် အသုံးစရိတ်တွေ ပေးဖို့အတွက်ပဲ ဖြစ်နေကြပါတယ်။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ lost ဖြစ်တယ်လို့ ခံစားလာရပါမယ်။

  1. Purpose ရှာမရဘူး

passion ဆိုတာ မင်းလုပ်နေတဲ့အလုပ်ဟာ purpose ရှိတယ်ဆိုတာ ယုံကြည်ဖို့အတွက် အထောက်အကူတစ်ခုပါ။ မင်းအသက်ရှင်နေရတဲ့ တစ်ခုတည်းသောအကြောင်းရင်းကတော့ မင်းရဲ့ purpose ပေါ့။ passion မရှိတော့ purpose ရှာမရ ဒီအချိန်မှာ မင်း lost ဖြစ်လာပါလိမ့်မယ်။

  1. social support မရှိလို့

ကျွန်တော်တို့ ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲလာတယ်။ specific need တွေအတွက်ပဲ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ဆက်သွယ်လာကြတယ်။ technology တိုးတတ်လာတာနဲ့အမျှ online social media တွေ များပြား တိုးတတ်လာတယ်။ အချင်းချင်းကြားမှာ စစ်မှန်တဲ့ social interaction တွေ နည်းလာတယ်။ isolation ဖြစ်လာပြီး feel lost ဖြစ်လာတတ်ပါတယ်။

  1. Cognitive Overload

နေ့စဉ်နဲ့အမျှ ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ စိတ်ကို အနားမပေးဘဲ အလုပ်လုပ်နေကြတယ်။ ကျွန်တော်တို့ manage လုပ်ရမဲ့ အကြောင်းအရာတွေ အများကြီးပါ။ အချက်အလက်တွေ ကြော်ငြာတွေ နည်းပညာတွေ စသဖြင့်ပေါ့။ ဦးနှောက်နဲ့ စိတ်ကို အနားပေးဖို့ ကြိုးစားလို့မရတဲ့အခါ feel lost ဖြစ်လာတတ်တယ်။

  1. Bad Diets

saturated fats တွေ sodium တွေ ကာဗိုဟိုက်ဒရိတ်တွေဟာ ကျွန်တော်တို့တွေ မှန်မှန်ကန်ကန်တွေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ခုဆိုရင် လူနေမှုပုံစံပြောင်းလဲလာတာနဲ့အမျှ fast food တွေ အသုံးများလာပြီး ကောင်းမွန်တဲ့ diet စားသုံးမှု နည်းလာကြပါတယ်။ bad diet တွေကနေ အတွေးတွေ နှေးကွေးပြီး memory တွေ ကျရှုံးတာဟာလဲ lost ဖြစ်ရတဲ့ အကြောင်းထဲမှာပါဝင်ပါတယ်။

  1. Media representationတွေက ကျွန်တော်တို့အတွက် မှားယွင်းတဲ့ expectation တွေ ဖြစ်စေတယ်။

ကျွန်တော်တို့အားလုံး media တွေက တင်ဆက်နေတဲ့ ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ ဘယ်အရာကိုမဆို နှစ်သက်ကြတယ်။ ကားအကောင်းစားတွေ ပစ္စည်းအကောင်းစားတွေ ဒါတွေက business တွေက commercialized လုပ်ထားတဲ့ fantasy သက်သက်ပါ။ ဒါတွေကို ကျွန်တော်တို့တွေ မျှော်လင့်တောင့်တမိကြတယ်။ ပြီးရင် စိတ်ဓာတ်ကျလာတယ်။ ကိုယ့်အတွက် အောင်မြင်မှုဆိုတာ ဘာလဲ သေချာပုံမဖော်နိုင်ကြဘူး။ ဒီအချိန်မှာ lost ဖြစ်လာကြပါတယ်။

PreviousThink like an EntrepreneurNextDigital marketing

Last updated 3 years ago

Was this helpful?