Marketing funnel

" Marketing Funnel တစ်ခု ဖန်တီးနေပြီလား "

သင်တို့၊ ကျွန်ုပ်တို့ရဲ့ website ၊ webpage တွေမှာ visitor ( ဝင်ရောက်ကြည့်ရှုသူ) တွေ ဝင်ရောက်ကြည့်ရှုတာမျိုးကိုလိုချင်ကြတယ်ဆိုတာဟာ အငြင်းပွားဖွယ်မရှိပါဘူး။ visitors တွေ Sign up လုပ်တာ၊ form ဖြည့်တာ ၊ ဝယ်ယူကြတာမျိုးကို ကျွန်ုပ်တို့ လိုချင်ကြတယ်ဟုတ်? အကယ်၍ တစုံတယောက်က သင်ဖြစ်စေချင်တဲ့အရာကို လုပ်ဆောင်လိုက်တယ်ဆိုရင် ဒါကို " Conversion " လို့ခေါ်ပါတယ်။ Visitors တွေက Browsing ( ရှာဖွေမှု) ကနေမှ ( purchase )ဝယ်ယူတဲ့အဆင့်ကိုကူးပြောင်းကြပါတယ်။ ဒီလို conversion အဆင့်ကို ရောက်ဖို့ visitors တွေ ဖြတ်ကျော်ရမယ့် အဆင့် ( steps) တွေစုထားတဲ့အရာကို Funnel လို့ခေါ်တာဖြစ်ပါတယ်။

အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းအများစုမှာ သက်ရောက်မှုကောင်းတဲ့ Marketing funnel တစ်ခုတော့ရှိကြပါတယ်။ ဒါဆို Marketing Funnel ဆိုတာကဘာလဲ? Visitor တစ်ယောက်က ကျွန်ုပ်တို့ရဲ့ Product or Service နဲ့ လုံးဝ အစိမ်းသက်သက်ဖြစ်နေရာကနေ lead ( product /Service ကိုစိတ်ဝင်စားသူ ) ဖြစ်လာခဲ့ပီဆိုရင် ဒီfunnel ထဲကို Visitorsတွေ ဖြတ်သန်းသွားဖို့ မဟာဗျူဟာ (strategy ) တွေသုံးပြီး တိုက်တွန်းအားပေးမှု လုပ်တဲ့အရာကို Marketing funnel လို့ခေါ်ပါတယ်။ awareness (သတိပြုမိခြင်း ) အဆင့်ကနေ actual Conversion ဖြစ်သွားတဲ့အထိအဆင့်ကို ဖော်ပြတဲ့ Model ကို Marketing funnel လို့အလွယ်မှတ်လို့ရပါတယ်။ Lead magnets နဲ့ calls to action ( CAT) ဆိုတာတွေက Funnel ရဲ့ အကျိုးသက်ရောက်မှုကောင်းသော အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။

Customer's journey ဟာ awareness အဆင့်ကနေစပြီး Purchase မှာခရီးဆုံးပါတယ်။ ကြားထဲမှာ အဆင့်တွေအများကြီးတော့ ရှိနေပါမယ်။ Marketer တစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်ရင် Lead Generation , Lead Nature နဲ့ Sale ဆိုပြီး အကြမ်းဖျင်းအားဖြင့် ၃ ပိုင်းပိုင်းထားတာ တွေ့ရပါမယ်။

(1) Lead Generation Customer တစ်ယောက်ဟာ Marketing and advertising campaigns , consumer research နဲ့ discovery ကနေ Product or Service ကို သတိပြုမိကြတယ်။ Awareness ဆိုတာဟာ informations တွေစုစည်းပြီး ဖြစ်လာတာဖြစ်တယ်။ ဒီလို informations တွေစုဆောင်းတဲ့ အဆင့်ကို Lead Generation လို့ခေါ်ပါတယ်။ ခဲသတ္တုတွေ စုဆောင်းတဲ့ သဘောပေါ့။

(2) Lead Nature

Lead Nature ဆိုတာကတော့ ကျွန်တော်တို့ စုဆောင်းထားတဲ့ lead တွေကို lead nature ခဲသတ္တုရဲ့ သတ္တိတွေ ဖြစ်တည်လာအောင်လုပ်ခြင်းဖြစ်ပါတယ်။ ဒါမှ lead Magnet (ခဲသံလိုက်) နဲ့ ဆွဲငင်လို့ရမှာဖြစ်တယ်။ ဒါကြောင့် Product ကို သတိပြုမိလာတဲ့ Customers တွေကို စိတ်ဝင်စားလာအောင်၊ ဝယ်ယူချင်လာအောင် ဆောင်ရွက်ရခြင်းဟာ marketer တွေရဲ့တာဝန်ပဲဖြစ်ပါတယ်။ တခြား Product တွေထပ် ထူးခြားကောင်းမွန်ကြောင်း လက်ခံလာအောင် အားထုတ်မှုပြုရပါတယ်။ဒီအဆင့်မှာ Product အပေါ် စိတ်ဝင်စားမှုရှိတဲ့ Customers တွေကို တွေ့ရမှာဖြစ်ပါတယ်။ Marketer အနေနဲ့ several channel ကိုသုံးဖို့လိုမှာဖြစ်ပြီး Public relation , affiliates ( အဖွဲ့ဝင်များ) နဲ့ Partner များ တိုးတက်များပြားလာအောင်လဲ လုပ်ရပါတယ်။

(3) Sale Funnel ရဲ့ အကျဉ်းဆုံးအပိုင်းပဲ ဖြစ်ပါတယ်။ တကယ်ဝယ်ယူသူတွေရှိနေတဲ့ အဆင့်ပါ။ Marketer တွေရဲ့ အားထုတ်မှုနဲ့ Customer's journey ရဲ့ Result ပဲဖြစ်ပါတယ်။

Marketing Funnel ရဲ့ အပိုင်း ၃ ပိုင်းကို Customer's journey အဆင့် ( ၆ ) ဆင့် နဲ့ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

(1) Awareness ( သတိပြုမိခြင်း အဆင့်)

Marketer တစ်ယောက်ဟာ အစမှာ အလားအလာရှိတဲ့ potential customers တွေကို Focus လုပ်ရပါတယ် ။ Product or Service ကို သတိပြုမိလာစေဖို့ Effective ဖြစ်တဲ့ Marketing, Advertising , public relation နဲ့ အခြားသော Communication strategy တွေကို သုံးရပါတယ်။ Customer information တွေစုဆောင်းပြီး lead တွေစုဆည်းခြင်းရဲ့နောက်မှာ awareness ဆိုတာက ဖြစ်လာပါတယ်။ ဒီ information တွေက lead magnet system ထဲမှာ potential customers တွေကို Funnel ရဲ့ အောက်ဘက်ထိဖြတ်သန်းသွားစေဖို့ အထောက်အပံပေးနိုင်ပါတယ်။

(2) Interest ( စိတ်ဝင်စားမှု အဆင့်)

ဒီအဆင့်မှာ Potential customers တွေထဲက Leads တွေဖြစ်လာပြီဆိုတဲ့ သူတွေကို Product နဲ့ Brand အကြောင်းကို Information ပေးဖို့အချိန်ရောက်လာပါပြီ။ Customers တွေက Company ရဲ့အကြောင်းကို consumer research, word od mouth နဲ့ online ဖြစ်စေ offline ဖြစ်စေ နည်းအမျိုးမျိုးနဲ့ လေ့လာကြပါတယ်။ ကိုယ့် Brand ရဲ့အကြောင်းကို Positive information ရလေလေ Customers တွေက ပိုစိတ်ဝင်စားလာလေလေ ဖြစ်ပါတယ်။ ဒီအဆင့်မှာ opportunity တိုင်းကိုသေချာဖမ်းဆုပ်ပြီး buyers တွေနဲ့ အကောင်းဆုံး relationship တည်ဆောက်ဖို့လိုပါတယ်။ Product Review တွေပြခြင်း၊ ရှေ့က customers တွေရဲ့ recommendations ပြခြင်း ၊ Customer attention ရဖို့ Graphic interface ကောင်းကောင်းရှိနေခြင်း၊ informations များများပိုပေးခြင်း စတာတွေနဲ့ တည်ဆောက်ရပါတယ်။ ဒီအဆင့်မှာ မျော်လင့်ထားတဲ့ Customers တွေဟာ Marketing funnel ထဲမှာ ဆက်ရှိနေမလား၊ ထွက်ခွာသွားမလားဆိုတာကို အဓိကအားဖြင့် ဆုံးဖြတ်ကြတဲ့နေရာဖြစ်တာမို့ အရေးကြီးတဲ့ သတိထားရမယ့် အဆင့်ပဲဖြစ်ပါတယ်။

(3) Consideration ( တွေးတောစဉ်းစားခြင်းအဆင့်)

စိတ်ဝင်စားပြီးတဲ့နောက် ဝယ်ယူဖို့စဉ်းစားတဲ့အဆင့်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Leads တွေဟာ qualified leads ပိုကောင်းတဲ့ lead တွေဖြစ်လာပါပြီ။ မျော်လင့်ထားတဲ့ customers တွေက ဝယ်တော့မယ်လို့ စဉ်းစားနေပြီ။ ဒါကြောင့် Marketer ဟာ ဒီလို customers ကို attention ပိုထားပြီး product ၊ offers နဲ့ discounts informations တွေနဲ့ communicates ကောင်းကောင်းလုပ်ဖို့လိုပါတယ်။ Free trials, emails , newsletters , phone marketing အပြင် အခြားသော direct interaction strategies တွေနဲ့ informations တွေကို communicate လုပ်နိုင်ပါတယ်။ ဝယ်ယူချင်စိတ်ကို အရှိန်မြင့်ပေးဖို့ ဆောင်ရွက်ရပါတယ်။

(4) Intent ( စိတ်အားထက်သန်မှုအဆင့်)

ဒီအဆင့်မှာ Customers ဟာ ဝယ်ယူဖို့ စိတ်အားထက်သန်နေပါပီ။ ဝယ်ယူဖို့ မေးမြန်းမှုတွေရှိလာမယ်၊ Shopping cart ထဲကို product တွေထည့်နေမယ် စသည်ဖြင့် ဒီအဆင့်မှာ တွေ့ရမှာဖြစ်တယ်။ Intent stage ဟာ Marketer တစ်ယောက်အတွက် သူရဲ့ Remarketing နဲ့ အခြားသော pull marketing strategies တွေနဲ့စဖို့ ခလုပ်တစ်ခုဖြစ်ပါတယ်။

(5) Evaluation ( သုံးသပ်ခြင်း အဆင့်)

Evaluation ဟာ purchase decision မချခင် နောက်ဆုံးအဆင့်ပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ Customer တွေမှာ ဒီproduct ကို တကယ်ဝယ်ယူဖို့သင့်မသငိ့ သုံးသပ်ကြပါတယ်။ ဈေးနှုန်းတွေ ၊ ရပိုင်ခွင့်တွေ ၊ စိတ်ကျေနပ်မှုတွေ စတဲ့ Benrfits တွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ကြပါတယ်။ ဒီအဆင့်မှာတော့ Marketing team ထက် Sale team က ပိုပြီးပါဝင် သက်ဆိုင်လာပြီလို့ ပြောလို့ရပါတယ်။

(6) Purchase ( ဝယ်ယူခြင်းအဆင့်)

Marketing Funnel ရဲ့ အဖျားပိုင်း၊ အကျဉ်းဆုံးအပိုင်းပဲ ဖြစ်ပါတယ်။ Marketing Funnel ရဲ့ ပထမ ဆုံးအဆင့် Awareness မှာ potential customers တွေဖြစ်တဲ့အတွက် အရေအတွက်ကတော့ အများဆုံးဖြစ်နေပါမယ်။ နောက် Interest အဆင့်မှာ အရေအတွက်လျော့သွားမယ်။ တဖြည်းဖြေးနဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ purchase မှာတော့ တကယ်ဝယ်ယူသူဖြစ်တဲ့ အရေအတွက် အနည်းဆုံးကိုတွေ့ရမယ်။ ဒါကြောင့်လဲ Funnel ( ကတော့ပုံစံ) လို့ပြောတာဖြစ်ပါတယ်။ နောင်ဆုံး Purchase အဆင့်ဟာ Process တစ်လျောက်လုံးမှာ Marketer တစ်ဦးရဲ့ အားထုတ်ကြိုးပမ်းခဲ့မှု ရလဒ်ပဲဖြစ်ပါတယ်။

Marketer တစ်ယောက်ဟာ ကိုယ့်ရဲ့ goals တွေဟာဘာလဲ? Visitors တွေကို ကိုယ့်ရဲ့Site မှာ ဘာလုပ်စေချင်တာလဲ ? ဆိုတာကိုသေချာ အဖြေရှာနိုင်ရင် Funnel တစ်ခုကိုဖန်တီးနိုင်ပါတယ်။ ခုလို Data တွေရှိတဲ့အခါ ဘယ်နေရာမှာ အတားအဆီးဖြစ်နေလဲ ၊ အဟန့်အတားရှိနေလဲ ဆိုတာကို သိနိုင်ပြီး Funnel ကို ပိုကောင်းအောင်လုပ်လာနိုင်ပါတယ်။ Effective marketing funnel တစ်ခုရှိနေခြင်းက Leads တွေပိုရနိုင်ရုံသာမကပဲ အဲ့ဒီ leads တွေကို Repeat buyers တွေအဖြစ်လဲ ပြောင်းလိုက်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ Marketing Funnel ကို မြင်သာအောင် အရှင်းဆုံး ဥပမာ ၂ ခု နဲ့ရေးထားပါတယ်။

ဥပမာ(၁) Amazon ရဲ့ marketing Funnel ကိုလေ့လာကြည့်ပါ။

  • They have to visit Amazon.com

  • They have to view a product

  • They have to add a product to the cart

  • They have to purchase

ဥပမာ (၂) Retail store ရဲ့ Marketing Funnel

  • Customer walks into store

  • Customer looks at ptoduct

  • Customer grabs the items and put it in her cart

  • Customer walks to checkout

  • Customer completes purchase with store clerk

Last updated