Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Weekends

အောင်မြင်တဲ့သူတွေ စနေ တနင်္ဂနွေ အားလပ်ရက်ကို ဘယ်လို အသုံးချလဲ

အောင်မြင်တဲ့သူတွေက အားလပ်ရက်တွေဟာ သူတို့အတွက် အားအင်သစ်တွေ မွေးဖွားဖို့ အရေးပါတယ်ဆိုတာကို သိကြပါတယ်။ သူတို့ဟာ နောက်လာမဲ့ တစ်ပတ်လုံးကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ အားလပ်ရက်တွေကို ကောင်းမွန်စွာ အသုံးချကြပါတယ်။

ပုံမှန် အိပ်ရာထနေကျ အချိန်မှာပဲ အိပ်ရာထတယ်။

သာမန်လူတွေက အားလပ်ရက်တွေမှာ ပိတ်ရက်လေးမို့ ပိုပြီး အနားယူဦးမယ်ဆိုပြီး နောက်ကျမှ အိပ်ရာ ထတတ်ကြပေမဲ့ အောင်မြင်တဲ့သူတွေကတော့ သူတို့ရဲ့ ထနေကျအချိန်မှာပဲ အိပ်ရာထလေ့ရှိပါတယ်။ ဒီလိုမျိုး အားလပ်ရက်မို့ နောက်ကျမှထပြီး အနားယူလိုက်တာဟာ တခဏတာအတွက် စိတ်ချမ်းသာသွားပေမဲ့ အိပ်ရာထချိန်မမှန်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ carcadian rhythm ကို နှောင့်ယှက်ပါတယ်။ အဲ့ဒါကြောင့် တစ်ခြားနေ့တွေမှာလဲ အချိန်မှန်မထနိုင်တော့တာတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်ထက် ပိုပြီး အိပ်ချင်တယ်ဆိုရင်တော့ ညကို အိပ်ရာစောစောဝင်လိုက်ပါ။

အားလပ်ရက် မနက်ခင်းတွေကို ကိုယ်ပိုင်အချိန်အဖြစ် အသုံးချတယ်

မနက်ခင်း အိပ်ရာထပြီး ၂ နာရီကနေ ၄ နာရီအထိဟာ စိတ်ကို လန်းဆန်းစေပြီး productivity ဖြစ်စေပါတယ်။ ကျွန်တော်တို့ စိတ်က peak performance ကို ရရှိပြီး ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။ အောင်မြင်တဲ့သူတွေကတော့ ဒီလို မနက်ခင်းတွေမှာ ကိုယ်ပိုင်အချိန်တွေထားကာ mental work တွေ လုပ်ပြီး ငြိမ်းချမ်းမှုတွေ ရယူကြပါတယ်။

ကိုယ့်အတွက် အသစ်အဆန်းဖြစ်မဲ့အရာတွေ ပြုလုပ်တယ်

အရင်က ကိုယ်မလုပ်ဖူးတဲ့အရာ ဒါမှမဟုတ် မလုပ်တာ ကြာပြီဖြစ်တဲ့ အရာတွေ ပြုလုပ်ပါ။ မရောက်တာ ကြာပြီဖြစ်တဲ့ နေရာတွေ သွားတာမျိုး ပြုလုပ်ပါ။ ကိုယ်အမြဲလုပ်နေကျအရာတွေမဟုတ်ဘဲ အသစ်အဆန်းတွေ ပြုလုပ်ခြင်းက ခံစားချက်အသစ်တွေ ရရှိစေပြီး အားလပ်ရက်ကို အကောင်းဆုံး အသုံးချနိုင်မှာပါ။

ကိုယ်ဝါသနာပါတဲ့အရာအတွက် အချိန်ပေးတယ်

ကိုဟ်ဝါသနာပါတဲ့အရာကို ပြုလုပ်ရတာဟာ စိတ်ဖိစီးမှုတွေကနေ ကင်းဝေးစေပြီး ခံစားမှုအသစ်တွေ အတွေးအခေါ်အသစ်တွေ ရရှိစေပါတယ်။ အောင်မြင်သူတွေဟာ သူတို့ရဲ့ စနေ တနင်္ဂနွေ အားလပ်ချိန်တွေကို စာရေးတာ စာဖတ်တာ ပန်းချီဆွဲတာ စတဲ့ ဝါသနာပါတဲ့အရာတွေ လုပ်ဖို့ စိတ်အပန်းပြေစေမဲ့ အရာတွေ လုပ်ဖို့ အချိန်ပေးကြပါတယ်။

လေ့ကျင့်ခန်းလုပ်တယ်

လေ့ကျင့်ခန်းလုပ်ခြင်းဟာ အကြံဉာဏ်အသစ်တွေ စဉ်းစားနိုင်ဖို့ ကူညီပေးပါတယ်။ outdoor activities တွေ အားကစားတွေ လုပ်ခြင်းဟာ ကိုယ့်ရဲ့ တီထွင်နိုင်စွမ်းကို တိုးတတ်စေပါတယ်။ အောင်မြင်တဲ့သူတွေဟာ ပြေးခြင်း လမ်းလျာက်ခြင်း စက်ဘီးစီးခြင်း စတဲ့ physical activities တွေကို အားလပ်ရက်အတွက် အရေးပါတဲ့အရာအဖြစ် ပြုလုပ်ကြပါတယ်။

စဉ်းစားသုံးသပ်တယ်

အောင်မြင်တဲ့သူတွေဟာ အားလပ်ရက်ကို ကိုယ့်ကိုယ်ကို စဉ်းစားသုံးသပ်ဖို့ အသုံးချကြပါတယ်။ သူတို့ကိုယ် သူတို့ သူတို့ရဲ့ အလုပ် ဆက်ဆံရေး စသည်ဖြင့် နယ်ပယ်တွေမှာ စဉ်းစားသုံးသပ်ကြပါတယ်။ ဒီလိုလုပ်ခြင်းက နောက်လာမဲ့ ရက်သတ္တပတ် အတွက် အလုပ် လုပ်ကိုင်တဲ့အခါ အလွယ်တကူဖြစ်စေပြီး ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာလဲ အထောက်အကူဖြစ်ကာ productivity ကို တိုးတတ်စေပါတယ်။

မိသားစုနဲ့ အချိန်ကုန်ဆုံးတယ်

weekday တွေမှာ အလုပ်နဲ့ မအားတဲ့အတွက် မိသားစုကို အပြည့်အဝ အချိန်မပေးနိုင်ပါဘူး။ စနေ တနင်္ဂနွေ အားလပ်ရက်တွေမှာ မိသားစုနဲ့ အချိန်ကုန်ဆုံးတာဟာ အပန်းပြေပြီး တန်ဖိုးရှိလှပါတယ်။

အိမ်မှုကိစ္စတွေကို minimize လုပ်ပါတယ်

တစ်ခါတစ်လေ အိမ်မှုကိစ္စတွေ လုပ်ရတဲ့အတွက် အားလပ်ရက်မှာ မနားနိုင်တာမျိုးဖြစ်တတ်ပါတယ်။ အောင်မြင်တဲ့သူတွေကတော့ သူတို့ဟာ အိမ်မှုကိစ္စတွေ လုပ်ဆောင်သင့်တဲ့အရာတွေကို schedule လုပ်ပြီး သတ်မှတ်တဲ့အချိန်အတွင်း ပြီးစီးဖို့ လုပ်ဆောင်ကြပါတယ်။ အားလပ်ရက်တွေဟာ စိတ်ကို အနားယူ အပန်းဖြေဖို့အတွက် ဖြစ်တဲ့အတွက် အိမ်မှုကိစ္စတွေနဲ့ အနားယူမဲ့ အချိန်တွေကို မကုန်ဆုံးပစ်ပါဘူး။

နောက်တစ်ပတ်အတွက် ပြင်ဆင်ကြတယ်။

စနေ တနင်္ဂနွေ အားလပ်ရက်တွေဟာ နောက်လာမဲ့ တစ်ပတ်အတွက် ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ 30 မိနစ်လောက်ပဲ အချိန်ပေးပြီး plan လုပ်ခြင်းဟာ စိတ်ဖိစီးမှုတွေ လျော့ကျစေပြီး productivity ကို တိုးတတ်စေပါတယ်။ plan တစ်ခုနဲ့ လုပ်ကိုင်တဲ့အတွက် တစ်ပတ်လုံးမှာ လုပ်ကိုင်ရမဲ့ အလုပ်တွေကို လွယ်ကူစွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

Previousစိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေNextအချိန်မဆွဲနဲ့

Last updated 3 years ago

Was this helpful?