Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Monday

ရက်သတ္တပတ်ရဲ့အစ တနင်္လာနေ့တိုင်းအတွက်

ကျွန်တော်တို့တွေတော်တော်များများဟာ သောကြာနေ့ရောက်လို့ နားရမယ်ဆိုတဲ့အသိနဲ့ ပျော်ရွှင်ကြသလို တနင်္လာနေ့ရောက်တိုင်း အလုပ်လုပ်ရတော့မယ်ဆိုပြီး ငြီးတွားလေ့ရှိကြပါတယ်။ ကျွန်တော်တို့ တော်တော်များများမှာ monday blues တွေရှိကြပါတယ်။ Monday Blues ဆိုတာကတော့ negative feeling တစ်ခုပါ။ အလုပ်လုပ်ရမဲ့ ရက်သတ္တပတ်ရဲ့ အစတွေမှာ ဖြစ်တတ်ပြီး အလုပ်မှာမပျော်ရွှင်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အဲ့ဒီထဲမှာ depression, tiredness, hopelessness စတဲ့ စိတ်မပျော်ရွှင်စရာ ခံစားချက်တွေ ပါဝင်ပါတယ်။

ဒီလိုတွေဖြစ်နေရင်တော့ ဘာလုပ်သင့်ပါသလဲ။

၁။ ပြဿနာကို ဖော်ထုတ်ပါ။

မင်းဟာ ရက်သတ္တပတ်တော်တော်များများမှာ ဒီလို Monday Blue ရှိနေတယ်ဆိုရင်တော့ မင်းကိုယ်မင်း မေးကြည့်ပါ။ ဒီအရာက အမြဲတမ်းဖြစ်သင့်တဲ့အရာ မဟုတ်ပါဘူး။ မင်းဟာ အလုပ်မှာ မပျော်ရွှင်ဘူးလို့ အဓိပ္ပာယ် သက်ရောက်နေတဲ့အတွက် ဒီတိုင်းမနေပါနဲ့။ မင်း ဒီလို မပျော်ရွှင်မှုတွေကို ကိုင်တွယ်နိုင်ရဲ့လား ဒါမှမဟုတ် အလုပ်အသစ်တစ်ခု ပြောင်းဖို့ လိုအပ်နေပြီလားဆိုတာ ဆန်းဆစ်ကြည့်ပါ။ မင်းအလုပ်မှာ အဆင်မပြေတာတွေ မင်းကို stress ပေးနေတာတွေကို စာရင်းလုပ်လိုက်ပါ။ ပြီးရင် အဖြေရှာပါ။

၂။ တနင်္လာနေ့အတွက် ကိစ္စရပ်တွေကို သောကြာနေ့ကတည်းက ပြင်ဆင်ပါ။

မင်းအတွက် ခက်ခဲတဲ့ အလုပ်တွေ ဒါမှမဟုတ် စိတ်မချမ်းမသာစေမဲ့ အလုပ်တွေကို သောကြာနေ့ကတည်းက ဖြေရှင်းလိုက်ပါ။ ဒီလို အလုပ်မျိုးတွေဟာ ရက်သတ္တပတ်ရဲ့ အစမှာ လုပ်တာထက်စာရင် ရက်သတ္တပတ်ရဲ့ အဆုံးမှာ လုပ်ရတာက ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။ ဒါဆိုရင် မင်းရဲ့ ပိတ်ရက်ကို ဒီလို စိတ်မချမ်းသာစရာ အလုပ်ကိစ္စကိုပဲ တွေးပြီး ကုန်ဆုံးစရာ မလိုတော့တာပေါ့။

၃။ မင်းကို စိတ်လှုပ်ရှားစေမဲ့ ပျော်ရွှင်စေမဲ့ အလုပ်တွေကို စာရင်းလုပ်ပါ။

တနင်္ဂနွေညမှာ ဒီတစ်ပတ် မင်းရဲ့ အလုပ်မှာ မင်းရချင်တဲ့ အောင်မြင်မှုတွေ မင်းပြီးမြောက်ချင်တဲ့ အလုပ်တွေကို စာရင်းလုပ်ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ စိတ်ကို positive mood ဖြစ်အောင် motivate ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။

၄။ ပိတ်ရက်ကို ကောင်ကောင်းအနားယူပါ။

သောကြာနေ့မှာ မင်းရဲ့ အလုပ်နဲ့သက်ဆိုင်တာတွေကို အလုပ်မှာပဲ ထားခဲ့လိုက်ပါ။ ပိတ်ရက်မှာ အလုပ်ကိစ္စတွေ မလုပ်ပါနဲ့။ အလုပ်နဲ့ ကိုဟ်ပိုင်အချိန်ကို ခွဲခြားထားပါ။

၅။ အိပ်ရေးဝဝ အိပ်ပါ။ စောစောထပါ။

တနင်္ဂနွေညမှာ အိပ်ရာစောစောဝင်ပါ။ အိပ်ရေးဝဝအိပ်ပါ။ တနင်္လာနေ့မနက်မှာ စောစောထပါ။ ဒါတင်မကပါဘူး။ လေ့ကျင့်ခန်းလုပ်တာ လမ်းလျောက်တာ မနက်စာ ကောင်းကောင်းစားတာကလဲ မင်းကို Monday blues တွေ ခံစားရတာကနေ လျော့စေပါတယ်။

၆။ အကောင်းမြင်စိတ်ရှိပါ။

နေ့ရက်ရဲ့ အစကို attitude of gratitude နဲ့ စတင်ပါ။ မင်းရဲ့ အလုပ်နဲ့ ပတ်သတ်တဲ့ မင်း ပျော်ရွှင်ရတဲ့အရာတွေ grateful ဖြစ်တဲ့အရာတွေကို တွေးပြီး စတင်ပါ။

၇။ Monday schedule ကို ကောင်းကောင်း လုပ်ထားပါ။

တနင်္လာနေ့ဟာတော့ အလုပ်တွေမှာ အလုပ်ရှုပ်တဲ့အချိန်တွေ ဖြစ်ပါတယ်။ မင်းရဲ့ busy schedule ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် သေချာ စီမံထားပါ။

၈။ တစ်ခြားသူတွေကို ပျော်ရွှင်အောင် လုပ်ပေးပါ။

တနင်္လာနေ့ မင်းရဲ့ အလုပ်မှာ တစ်ခြားသူတစ်ယောက်ကို ကူညီတာမျိုးလုပ်ပါ။ အလုပ်အတူလုပ်တဲ့သူတွေ custoner တွေကို မေတ္တာနဲ့ ဆက်ဆံပါ။ တစ်ခြားသူတွေအတွက် ကောင်းမွန်တဲ့အရာတွေ လုပ်ပေးရတဲ့အခါလည်း ကိုယ့်ရဲ့ စိတ်စွမ်းအား တိုးမြင့်ပါတယ်။

၉။ Have fun at work.

မင်းအတွက် ပျော်ရွှင်စေမဲ့ စိတ်ချမ်းသာစေမဲ့ အရာတွေကို အလုပ်မှာ လုပ်ပါ။ ဥပမာ - ပိတ်ရက်က ကိုယ့်ရဲ့ activities တွေကို co-worker တွေကို ပြန် မျှဝေတာမျိုးပါ။ ကိုယ့်ရဲ့ သူငယ်ချင်း အလုပ်တူတူ လုပ်သူတွေနဲ့ ပြေလည်စေပြီး ဆက်ဆံရေး ကောင်းမွန်အောင် ပြုလုပ်ပါ။

PreviousTony RobbinsNextConfidence

Last updated 3 years ago

Was this helpful?