ကိုယ့်ကိုကိုယ်စကားပြောပါ။

ကိုယ့်ကိုယ်ကို စကားပြောတတ်တဲ့သူတွေဟာ အရူးမဟုတ်ပါဘူး။ genius တွေပါတဲ့။

လူတွေက ကိုယ့်ကိုယ်ကို စကားပြောတဲ့သူတွေကို အရူးလို့ သတ်မှတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို စကားပြောလို့ မင်းကို တခြားလူတွေက အရူးလို့ပြောနေရင် ပြန်ပြောလိုက်ပါ။ အဲ့တာ genius တွေရဲ့ လက္ခဏာတစ်ရပ်ပါလို့။

ကျွန်တော်တို့ genius လို့ သတ်မှတ်ထားတဲ့ ပညာရှင် Einstein ကလဲ ကိုယ့်ကိုကို စကားပြောတာကို လုပ်ပါတယ်တဲ့။ Einstein.org မှာ ဖော်ပြထားတာက "He used to repeat his sentences to himself softly."

မင်းက ကိုယ့်ကိုယ်ကို စကားပြောတတ်တဲ့ အကျင့်ရှိရင် ဒါဟာ မင်းတစ်ယောက်ထဲမဟုတ်ပါဘူး။ ပြီးတော့ မင်းက အရူးတစ်ယောက်မဟုတ်ပါဘူး။ genius တစ်ယောက်ပါ။😉

ကိုယ့်ကိုယ်ကို စကားပြောခြင်းက မင်းရဲ့ ဦးနှောက်ကို ပိုပြီး ကောင်းကောင်း အလုပ်လုပ်စေပါတယ်။

စိတ်ပညာရှင်တွေဖြစ်တဲ့ Daniel Swigley နဲ့ Gary Lupya တို့ရဲ့လေ့လာချက်အရဆိုရင် ကိုယ့်ကိုယ်ကို စကားပြောခြင်းက အကျိုးအများကြီးရှိပါတယ်တဲ့။ စမ်းသပ်ချက်တစ်ခုမှာ Swigley နဲ့ Lupya က လူအယောက် နှစ်ဆယ်ကို အရာဝတ္ထုတစ်ခုရဲ့ နာမည်ကို ပြောလိုက်ပါတယ်။ သူတို့တေက စူပါမားကတ်ထဲမှာ အဲ့ဒီအရာကို ရှာရပါတယ်။ ပထမအခေါက်ကတော့ ဘာမှအသံမထွက်ဘဲ ရှာစေပါတယ်။ နောက်တစ်ခေါက်မှာတော့ သူတို့ရှာနေတဲ့ အရာဝတ္ထုနာမည်ကို ကိုယ့်ကိုယ်ကို အသံထွက်ပြီး ထပ်ခါထပ်ခါ ပြောစေပြီး ရှာခိုင်းပါတယ်။ live science အရဆိုရင် သူတို့တွေဟာ ကိုယ့်ကိုယ်ကို အသံထွက်ပြီး ထပ်ခါထပ်ခါပြောပြီး ရှာဖွေတဲ့အခါ အဲ့ဒီအရာကို လွယ်လွယ်ကူကူ ရှာနိုင်ကြပါတယ်တဲ့။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ ကိုယ့်ကိုယ်ကို စကားပြောခြင်းက မှတ်ဉာဏ်ကို လှုံ့ဆော်ပေးပါတယ်။

ကိုယ်လိုချင်တဲ့အရာကို သိနေတဲ့အခါမှသာ ကိုယ့်ကိုယ်ကို စကားပြောခြင်းက ကူညီပေးနိုင်မှာပါ။

တကယ်လို့ မင်းက အရာဝတ္ထုတစ်ခုခုကို ရှာနေတယ်ဆိုပါစို့။ Lupyan ရဲ့ ပြောဆိုချက်အရဆိုရင် ကိုဟ့်ကိုယ်ကို စကားပြောတာဟာ အမြဲတမ်း အကူအညီဖြစ်တာမဟုတ်ပါဘူး။ ကိုယ်ရှာနေတဲ့အရာကို ကိုယ်မသိတဲ့အခါ ပုံမဖော်နိုင်တဲ့အခါ ဒီနည်းကိုသုံးတာဟာ ဘာမှအကျိုးမဖြစ်ဘဲ ကြန့်ကြာစေပါတယ်။ အဲ့တော့ မင်းလိုချင်တာကိုသိပြီး အဲ့ဒီအရာကို ပြောဆိုခြင်းက ရှာတွေ့ဖို့ ပိုလွယ်မှာပါ။

မင်းရဲ့ အတွေးတွေကို စုစည်းဖို့ကူညီပေးပါတယ်။

ကိုယ့်ကိုယ်ကို စကားပြောတဲ့အခါ မင်းရဲ့ ဦးနှောက်ထဲမှာ မင်းရဲ့ စိတ်ထဲမှာ ပျံ့နှံ့နေတဲ့ မရေမတွက်နိုင်တဲ့ အတွေးတွေကို မင်းစုစည်းနိုင်ပါလိမ့်မယ်။ ပြဿနာတွေနဲ့ ကြုံတဲ့ခါမှာလည်း မင်းရဲ့ အပြင်က ပြောနေတဲ့အသံက inner-brain ကို ကူညီပေးပါလိမ့်မယ်။ စိတ်ပညာရှင် Linda Sapadin ကတော့ ကိုယ့်ကိုယ်ကို အသံထွက် စကားပြောခြင်းက အရေးကြီးတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေမှာ ကူညီပေးနိုင်ပါတယ်တဲ့။ မင်းရဲ့ အတွေးတွေကို ရှင်းလင်းပေးပြီး အရေးကြီးတဲ့အရာကို ဦးတည်စေပါတယ်။ မင်း စဉ်းစားချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်မာစေပါလိမ့်မယ်တဲ့။

မင်းရဲ့ goal တွေကို ရယူတဲ့နေရာမှာ ကူညီပေးပါလိမ့်မယ်။

Sapadin ပြောတာကတော့ အသံထွက်ပြီး ကိုယ့်ကိုယ်ကို ပြောခြင်းက မင်းရဲ့ အာရုံစူးစိုက်မှုကို စုစည်းပေးပြီး ရည်ရွယ်ချက်တွေကို အမြဲသတိပေးပါတယ်။ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စရာတွေကနေ တားဆီးပေးပါတယ်။ မင်းရဲ့ goal တွေကို အသံထွက်ပြီး ကိုယ့်ကိုယ်ကို ပြောတာဟာလဲ ကိုယ့်ကိုယ်ကို အမြဲသတိပေးနေတာဖြစ်တဲ့အတွက် အထောက်အကူဖြစ်စေပါတယ်။

self-talk နှစ်မျိုးရှိပါတယ်။

motivational self-talk ဆိုတာကတော့ ဥပမာ ဒါကို ငါလုပ်နိုင်တယ် လို့ ကိုယ့်ကိုယ်ကို ပြောတာမျိုးပါ။ instructional self-talk ကတော့ အလုပ်တစ်ခုကို လုပ်ရင်း ကိုယ့်ကိုယ်ကို ပြန်ပြောနေတာမျိုးပါ။ လေ့လာချက်အရတော့ motivational self-talk တွေဟာ speed တို့ power တို့ strength တို့ အခြေခံထားတဲ့ အလုပ်တွေမှာ အကူအညီဖြစ်ပြီး instructional self-talk တွေကတော့ အာရုံစူးစိုက်မှု မဟာဗျူဟာနဲ့ နည်းလမ်းတွေ ပါဝင်နေတဲ့ အလုပ်တွေအတွက် အထောက်အကူဖြစ်စေပါတယ်။

ကိုယ့်ကိုယ်ကိုစကားပြောတယ်ဆိုတာ မင်းက self-reliant ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ Albert Einstein လိုပဲ ကိုယ့်ကိုယ်ကို စကားပြောကြတဲ့ ကျွန်တော်တို့တွေဟာ ကိုယ့်လိုအပ်တာတွေရှာဖွေဖို့ ကိုယ့်ကိုယ်ကိုသာ အားကိုးတတ်တဲ့သူတွေပါ။

Last updated