Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

အောင်မြင်တဲ့စွန့်ဦးတီထွင်

Mindsets of successful entrepreneurs

1. Reach out to Customers First

Greg Gianforte ကတော့ သမားရိုးကျ လူတော်တော်များများ သတ်မှတ်ထားတဲ့ product development ကို ပထမဆုံးစဉ်းစားသင့်တယ်ဆိုတဲ့ အချက်ဟာ မှားယွင်းတဲ့ approachဖြစ်တယ်ဆိုတာကို ပြခဲ့ပါတယ်။ သူက လုပ်ငန်းစတဲ့အခါမှာ သူ့ဆီမှာ အတွေ့အကြုံအများကြီးရှိတဲ့ technology sector ကို ရွေးခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းကို product / service ကို စထုတ် ပြီးမှ customer ရှာတဲ့ သမားရိုးကျနည်းနဲ့ မစခဲ့ပါဘူး။ သူက အလားအလာရှိတဲ့ customer တွေကို ဖုန်းဆက်ပြီး သူတို့တွေ ဘယ်လိုအမျိုးအစား product မျိုး ဝယ်ချင်လဲဆိုတာကို အရင်ဆုံး ဆွေးနွေးပါတယ်။ တစ်လလောက် လေ့လာပြီးတဲ့အခါမှာတော့ သူ့customer တွေ လိုအပ်တဲ့ product ကို coding လုပ်ပြီး စတင်ခဲ့ပါတယ်။ သူ့ရဲ့ RightNow Technologies ကုမ္ပဏီဟာဆိုရင် enterprise organization တွေအတွက် customer relationship management software service ပေးတဲ့ software company ဖြစ်ပါတယ်။ 2011 ခုနှစ်မှာ သူ့ကုမ္ပဏီကို Oracle ကို ရောင်းခဲ့ပါတယ်။

2. Use Networking to Build your Business

networking က တော်တော်အရေးကြီးကြောင်း စွန့်ဦးတည်ထွင်သူတော်တော်များများက ပြောကြပါတယ်။ Docstock.com ရဲ့ CEO ဖြစ်တဲ့ Jason Nazar က သူ့ရဲ့ လက်ရှိ ကုမ္ပဏီ အောင်မြင်နေရတာဟာ networking ကြောင့်လို့ပြောပါတယ်။ သူက networking ကို သုံးပြီး သူ့ရဲ့ startup funds ကို $4 millionထိ တိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူက စွန့်ဦးတီထွင်သူတွေကို networking လုပ်တဲ့အခါမှာ networking လုပ်လို့ရလာမဲ့ ROI ဆိုတဲ့ Return on Investment ကို အမြဲတိုင်းတာနေပါလို့ အကြံပေးထားပါတယ်။ networking လုပ်တဲ့နေရာမှာ တစ်ဖက်လူက ဘာပေးနိုင်မလဲဆိုတာက မစသင့်ဘဲ ကိုယ်ပေးနိုင်တဲ့ value ကို အရင် ဆုံးဖြတ်ရပါမယ်တဲ့။

3. Focus your energy on What's Good for your Business

Jay Z ဟာဆိုရင် rapper တစ်ယောက်အနေနဲ့သာမက သူ့ရဲ့ စီးပွားရေး အမြင်ထက်မြတ်မှုတွေအတွက်ပါ ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ အချိန်တွေနဲ့ သူ့ရဲ့ focus ကို သူ့ရဲ့ entrepreneurial ventures တွေကို ချဲ့ထွင်နိုင်မဲ့နေရာမှာပဲ အသုံးချပါတယ်။

Jay Z ဟာ သူ့ဘဝအကြောင်းရေးနေတဲ့ Forbes မဂ္ဂဇင်းရဲ့ စာရေးစရာ Greenburg ရဲ့ စာအုပ်မှာ ပါဝင်ပေးဖို့ကို ငြင်းဆိုခဲ့ပါတယ်။ အဲ့ဒီအစား သူ့ရဲ့ ကိုယ်ပိုင်စာအုပ်ကို ထုတ်ဝေပြီး သူ့ရဲ့ own story နဲ့ image တွေကနေ ကိုယ်ပိုင် အမြတ်ရအောင်လုပ်ခဲ့ပါတယ်။

ကျွန်တော်တို့တွေ ကိုယ့်focus တွေ energy တွေကို ကိုယ့် business ကနေပြီး ဝေးကွာအောင် တစ်ခြားသူတွေကို ဘယ်နှစ်ခါများ ခွင့်ပြုပေးခဲ့ပြီလဲ။ အဲ့ဒီအတွက် cost တွေကရော ဘယ်လောက်များနေပြီလဲ။

4. Understand the power of Brand

Star Wars ရုပ်ရှင်ရဲ့ ပထမဆုံး series စထွက်လာတော့ လူတေက ဒါကို ပေါ်ပင်တစ်ခုအနေနဲ့ပဲ မြင်ကြပါတယ်။ ဒါပေမဲ့ creator နဲ့ filmmaker ဖြစ်တဲ့ George Lucas မြင်တာကတော့ ဒီထက်ပိုခဲ့ပါတယ်။ သူက powerful brand တစ်ခု ဖြစ်လာအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီ Star Wars brand ဟာဆိုရင် အရုပ်တွေ video game တွေ အမှတ်တရသိမ်းထားတဲ့ ပစ္စည်းတွေအတွက်ပါ licensing လုပ်ရတဲ့ထိ အောင်မြင်ခဲ့ပါတယ်။ Lucas က သူ့ရဲ့ Lucasfilm နဲ့ Star Wars franchise ကို $4.05 billion နဲ့ Disney ကို ရောင်းခဲ့ပါတယ်။ ဒီ brand ကပဲ Lucas ကို billionaire တစ်ယောက် ဖြစ်စေခဲ့ပါတယ်။

Previousဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲNext3 keys to Greatness

Last updated 3 years ago

Was this helpful?