Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

အချိန်မဆွဲနဲ့

Procrastination ကနေ Motivation ကို ဘယ်လိုပြောင်းလဲမလဲ?

အချိန်ဆွဲတယ်ဆိုတာကတော့ မင်းက မင်းရဲ့ အလုပ်တွေကို ပြီးစီးရမယ်ဆိုတာသိနေပေမဲ့ လုပ်ရမဲ့အလုပ်ကို ဘေးချပြီး လုပ်ချင်တာကို လုပ်နေတယ်။ deadline ကို ရောက်ခါနီးမှ စိတ်ပူ အထိတ်တလန့်ဖြစ်ပြီး ငါ့မှာ အချိန်ရှိတုန်းက မလုပ်ခဲ့ရလေခြင်းဆိုပြီး နောင်တရတတ်တာမျိုးပါ။

အချိန်ဆွဲခြင်းဆိုတာ အကြွေးဝယ်ကတ်တစ်ခုလိုပါပဲ။ ငွေပေးချေရမဲ့ bill မရမချင်းတော့ အတော်ပျော်စရာကောင်းတဲ့အရာပါ။ ခရစ္စတိုဖာ ပါကာ

အမြဲ အချိန်ဆွဲတတ်တဲ့အကျင့်ကနေ motivationအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ ဘယ်လိုလုပ်ကြမလဲ?

ကိုယ့်ကိုယ်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်ပါစေနဲ့

မင်း လုပ်ကိုင်ရမဲ့အလုပ်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့ မသတ်မှတ်ပါနဲ့။ မင်းဟာ အချိန်ဆွဲမနေဘဲ ကောင်းကောင်းစီမံခန့်ခွဲနိုင်ရင် အလုပ်ဟာ အချိန်မီပြီးမယ်။ ပြီးရင်တော့ ကိုယ်လုပ်ချင်တဲ့အရာ လုပ်လို့ရပြီပေါ့။ အဲ့လိုပဲ တွေးပါ။ မင်းဟာ ကိုကိုဟ်ကို

ဒါမလုပ်ရင် ဘာဖြစ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကို မေးပြီး ကိုယ့်ကိုယ်ကို သတိပေးနေပါ

ကိုယ်က ဒီအရာကို မလုပ်လိုက်ရင် ပြီးရမဲ့အချိန် မပြီးခဲ့ဘူးဆိုရင် ဘာတွေ ဖြစ်နိုင်မလဲ။ စိတ်ကူးကြည့်ပါ။ ဒီအရာက ရေရှည်မှာရော ဘယ်လို သက်ရောက်နိုင်မလဲဆိုတာ သေချာစဉ်းစားကြည့်ပါ။ ဒီလို အကြောက်တရားက မင်းရဲ့ အလုပ်ကို အချိန်မီပြီးနိုင်ဖို့ motivation ကို ပေးနိုင်မှာပါ။

အလုပ်ပြီးမြောက်ရင် ကိုယ့်ကိုယ်ကို ဆုချီးမြှင့်ပါ

motivation ရဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ဆုချီးမြှင့်တာပါ။ ဒီအလုပ်ပြီးမြောက်ရင် လုပ်ချင်တာ လုပ်ခွင့်ပေးမယ်။ ကိုယ့်ကိုယ်ကို စိတ်ထဲမှာ ပြောထားပါ။ ဥပမာ ဒီအလုပ်ပြီးမြောက်သွားရင် ငါ မင်းကို ရုပ်ရှင် ပြမယ်။ စားချင်တာ ကျွေးမယ်။ စသည်ဖြင့် ကိုယ့်ကိုယ်ကို ဆုချီးမြှင့် ရပါမယ်။

အလွယ်ဆုံးအရာကို အရင်လုပ်ပါ

အလွယ်ဆုံးအလုပ်ကို အရင်လုပ်တဲ့အခါ ဒီအလုပ်က အချိန်သိပ်မကုန်တဲ့အတွက် မြန်မြန်ပြီးလိမ့်မယ်။ အဲ့ဒီအခါ မင်းရဲ့စိတ်ထဲမှာ အလုပ်ပိုပြီးတယ်ဆိုပြီး စိတ်ကျေနပ်မှုရပါလိမ့်မယ်။ အလွယ်ဆုံးအလုပ်က စပြီး လုပ်တဲ့အခါ မင်းအတွက် ခက်ခဲတဲ့ အလုပ်တွေအတွက် အချိန်ပိုရပါလိမ့်မယ်။

အစားအစာစားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင်ထားပါ

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မင်းအတွက် ထိန်းသိမ်းထားလို့ ရနိုင်တာကတော့ မင်းရဲ့ အစားအသောက်ပုံစံပါ။ မင်းရဲ့ စားသောက်တဲ့ အစားအစာတွေက မင်းရဲ့ ဦးနှောက်ကို တိုက်ရိုက်သက်ရောက်ပါတယ်။ တကယ်လို့ မင်းက junk food တွေပဲ စားနေတယ် ဒါမှမဟုတ် သင့်တော်တဲ့အစားအစာတွေ ပုံမှန်မစားဘူးဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ဟာ လန်းဆန်းတက်ကြွမှာ မဟုတ်ပါဘူး။ motivation အပြည့် energy အပြည့်နဲ့ ကိုယ့်ရဲ့ အလုပ်တွေကို သေချာအာရုံစိုက်ပြီး လုပ်ကိုင်နိုင်ဖို့ အချိန်တိုအတွင်း ပြီးမြောက်နိုင်ဖို့ ကိုယ့်ရဲ့ အစားအစာစားသောက်မှုပုံစံကိုလဲ သေချာ ဂရုစိုက်သင့်ပါတယ်။

အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်ကို အပြောင်းအလဲ လုပ်ပါ

ဒီနေရာတစ်နေရာထဲမှာပဲ အလုပ်တစ်ခုကို အမြဲလုပ်နေတယ်ဆိုရင်တော့ မင်းဟာ ပျင်းပြီး စိတ်ငြီးငွေ့သွားကာ အလုပ်ထဲမှာ စိတ်မပါတော့တာ ဖြစ်တတ်ပါတယ်။ အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်တွေ ပြောင်းလဲပြီး အလုပ်လုပ်တဲ့အခါ မင်းရဲ့ အတွေးတွေကိုလဲ ပြောင်းလဲပေးနိုင်ပါတယ်။

အာရုံစူးစိုက်မှုရအောင် တည်ဆောက်ပါ

အလုပ်ကို အနှောင့်အယှက်ဖြစ်မဲ့အရာတွေကို အဝေးမှာ ရှိပါစေ။ မင်းဟာ အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကိုယ့်ရဲ့ အလုပ်ကို အနှောင့်အယှက်ဖြစ်နိုင်တဲ့အရာတွေ ဥပမာ ဖုန်း တီဗွီ စတဲ့အရာတွေကို ဝေးဝေးမှာ ထားပါ။

အစီအစဉ်ဆွဲထားပါ

ကိုယ်လုပ်ရမဲ့ အလုပ်တွေကို စာရင်းလုပ်လိုက်ပါ။ အဲ့ဒီထဲကမှ ကိုယ့်အတွက် အရေးကြီးဆုံးအရာတွေကနေ အရေးသိပ်မကြီးတဲ့အရာတွေ စသည်ဖြင့် စဉ်လိုက်ပါ။ အရေးကြီးဆုံးအရာတွေကို အရင် စတင်လုပ်ဆောင်ပါ။ ကိုယ် လုပ်ကိုင်ရမဲ့ အလုပ်တွေကို ဘယ်လို လုပ်ကိုင်ရင် ရမယ်။ ဒါလုပ်ဖို့ ဘာတွေ လိုအပ်မယ်။ စသည်ဖြင့် ရှင်းလင်းအောင် လုပ်ထားပါ။ ကိုယ်လုပ်ရမဲ့အရာတွေကို ရှင်းရှင်းလင်းလင်း သိထားတာက အလုပ်တွေ ပြီးမြောက်အောင် လုပ်ကိုင်ဖို့ motivation ပေးနိုင်ပါတယ်။

PreviousWeekendsNextWork-Life Balance

Last updated 3 years ago

Was this helpful?