Work-Life Balance

Work-Life Balance ရဖို့ ဒီအချက် (၆) ချက်လိုပါတယ်။

work-life balance ဆိုတာဟာ လူတစ်ယောက်နဲ့တစ်ယောက်အတွက် အဓိပ္ပာယ်ဖွင့်ဆိုပုံတွေ တူညီကြမှာမဟုတ်ပါဘူး။ ဒီနေ့ခေတ်လို technology ခေတ်ကြီးမှာ အလုပ်နဲ့ ဘဝ ကို ဟန်ချက်ညီအောင် ထိန်းနိုင်ဖို့ဟာ မလွယ်ကူလှပါဘူး။ ကျန်းမာရေးနဲ့ career expert တစ်ဦးကတော့ မင်းအတွက် အလုပ်နဲ့ ဘဝ ဟန်ချက်ညီမျှဖို့ ကူညီပေးမဲ့ ဒီအချက် (၆) ချက်ကို မျှဝေထားပါတယ်။

  1. Let go of perfectionism

အောင်မြင်ချင်တဲ့ ကြိုးစားကြတဲ့သူ တော်တော်များများဟာ perfectionist tendicies ကို ငယ်ငယ်ကတည်းက ကျင့်သုံးကြပါတယ်။ ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့ဟာ ကျောင်းစာနဲ့ ဝါသနာတွေကိုပဲ အာရုံစိုက်ရချိန် ငယ်စဉ်အချိန်မှာ လွယ်ကူပေမဲ့ ကြီးလာတဲ့အခါမှာ ဘဝက ပိုပြီး ရှုပ်ထွေးလာတဲ့အတွက် မလွယ်ကူတော့ပါဘူး။ အလုပ်ရဲ့ တာဝန်တွေ မိသားစုတာဝန်တွေ ပေါင်းသင်းဆက်ဆံရေး စသဖြင့် တာဝန်တွေ တိုးလာပြီး perfectionist တစ်ယောက် မဖြစ်နိုင်တော့ပါဘူး။ အရေးကြီးဆုံးကတော့ အရာတိုင်းကို ပြီးပြည့်စုံမှုအတွက် အပြင်းအထန်ကြိုးစားလုပ်စရာမလိုဘဲ အကောင်းဆုံးတွေ ဖြစ်ဖို့ပဲ ကြိုးစားရမှာပါ။

  1. Unplug

telecommunication တွေ အလုပ်တွေကို လွယ်ကူစေတဲ့ တစ်ခြားအစီအစဉ်တွေ စသဖြင့် နည်းပညာက ကျွန်တော်တို့လူသားတွေရဲ့ ဘဝကို အများကြီး ကူညီပေးနေပါတယ်။ ဒါပေမဲ့ ဒီအရာက constant accessible ဖြစ်စေဖို့ ကျွန်တော်တို့ကို ဆွဲဆောင်နေပါတယ်။ အလုပ်လုပ်ရတဲ့အချိန်တွေ ဘယ်တော့မှ အဆုံးမသတ်နိုင်တော့လောက်အောင်ပါပဲ။ Harvard Medical School ရဲ့ စိတ်ပညာ ပါမောက္ခတစ်ဦးဖြစ်တဲ့ Robert Brooks က ကျွန်တော်တို့တွေဟာ ဖုန်းတွေကို ပိတ်ပြီး ပျော်စရာအချိန်လေးတွေ ခံစားဖို့လဲ လိုအပ်ပါတယ်တဲ့။ phone notification တွေဟာ ကျွန်တော်တို့ရဲ့ အနားယူချိန်တွေကို အနှောင့်အယှက်ပေးပြီး စိတ်ဖိစီးမှုကို တိုးစေပါတယ်။ မိသားစုနဲ့ အတူရှိနေချိန် သူငယ်ချင်းတွေနဲ့ အတူရှိချိန် စသည်ဖြင့် အဲ့လိုအချိန်တွေမှာ အလုပ်က ဖုန်းတွေပြောတာ text လုပ်တာမျိုးတွေ မလုပ်ပါနဲ့။

  1. Exercise and meditate

အလုပ်တွေ ဘယ်လောက်ပဲ ရှုပ်ပါစေ။ ကျွန်တော်တို့ လူသားတွေ ဘဝရဲ့ အရေးကြီးတဲ့အရာတွေအပေါ်မှာ အချိန်တွေ ပေးတတ်ကြပါတယ်။ အစားစားတာ ရေချိုးတာ အိပ်စက်အနားယူတာ စသည်ဖြင့်ပေါ့။ လေ့ကျင့်ခန်းလုပ်ခြင်းကိုလဲ ဘဝရဲ့ အရေးကြီးတဲ့အရာတစ်ခုအဖြစ် အချိန်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ ထိရောက်မှုရှိတဲ့ စိတ်ဖိစီးမှုကို လျော့နည်းစေတဲ့အရာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ feel-good endorphins ကို ထုတ်လွှတ်ပေးပါတယ်။ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ကျွန်တော်တို့ဟာ အပတ်တိုင်းမှာ self-care လုပ်ဖို့ အချိန်ပေးသင့်ပါတယ်လို့ Dr Pudar York က ပြောခဲ့ပါတယ်။ ဥပမာ လေ့ကျင့်ခန်းလုပ်တာတို့ yoga ကျင့်တာတို့ meditation လုပ်တာတို့လိုမျိုးပေါ့။

  1. Limit time-wasting activities and people

ကိုယ့်ဘဝမှာ ဘာအရေးကြီးလဲဆိုတာ သေချာစဉ်းစားပါ။ မင်းရဲ့ အဓိကအရာတွေကို အလေးပေးလုပ်ရမှာပါ။ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ သူတွေ အရေးကြီးတဲ့အရာတွေကို အချိန်ပေးပါ။ email တွေ အင်တာနက်မှာ ရှာဖွေတာတွေကို အချိန်ကန့်သတ်ထားပါ။ အလုပ်လုပ်နေရမဲ့အစား မင်းဟာ facebook မှာပဲ အချိန်ကုန်နေတယ်ဆိုရင် ကိုယ့်အချိန်ကို သေချာ အစီအစဉ်ဆွဲထားရပါလိမ့်မယ်။ ကိုယ့်အတွက် အရေးကြီးတဲ့သူတွေ အလုပ်တွေကိုပဲ အချိန်ပေးရပါလိမ့်မယ်။ ကိုဟ့်အတွက် အကျိုးပြုမဲ့ သူတွေ အလုပ်တွေကိုပဲ ရွေးချယ်ရပါလိမ့်မယ်။ တစ်ချို့လူတွေကတော့ မင်းကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောကြပါလိမ့်မယ်။ ပါမောက္ခ Robinson ကတော့ ဒါဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒါကတော့ လေယာဉ် ဥပမာလိုပါပဲ။ တကယ်လို့ မင်းလိုက်ပါလာတဲ့ လေယာဉ်က ချွတ်ယွင်းမှုဖြစ်တယ်ဆိုပါစို့။ အဲ့ဒီအချိန်မှာ oxygen mask ကို ကိုယ့်အတွက်ကို အရင် တတ်ရပါလိမ့်မယ်။ ဒါပြီးမှ မင်းက တစ်ခြားသူတွေကို ကူညီပေးနိုင်မှာပါ။ ဒီလိုပါပဲ။ ကိုယ့်ကိုယ်ကို ကောင်းအောင် လုပ်မှသာ ကိုယ်ပတ်ဝန်းကျင်က လူတွေအတွက် ကောင်းတဲ့သူတစ်ယောက် ဖြစ်အောင်လုပ်နိုင်မှာပါ။

  1. Change the structure of your life

တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ဘဝကို ပြောင်းလဲလို့မရတဲ့ ဘဝကြီးလို့ တွေးမိတတ်ကြပြီး ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေကိုလဲ ပြောင်းလဲဖို့ မလွယ်ကူဘူးလို့ မှတ်ယူတတ်ကြပါတယ်။ ကိုယ့်ဘဝကို ငှက်ကလေးတွေလို အပေါ်စီးကနေ ခြုံငုံကြည့်လိုက်ပြီး ကိုယ့်ဘဝမှာ ဘယ်လို အပြောင်းအလဲမျိုးတွေ ပြုလုပ်ဖို့ လိုနေလဲဆိုတာကို မေးခွန်းထုတ်ကြည့်ပါ။ ဘဝမှာ တစ်ချို့အရာတွေဟာ ကိုယ်တိုင် လုပ်ဖို့ မလိုတာတွေ ရှိပါတယ်။ ကိုယ်က အရာတိုင်းကို လိုက်ပြီး လုပ်နေတတ်တယ်ဆိုရင် မင်းရဲ့ ဘဝနေပုံထိုင်ပုံ အလေ့အကျင့်တွေကို ပြောင်းလဲလိုက်ပါ။ တစ်ချို့အရာတွေဟာ ကိုယ်တိုင်လုပ်စရာမလိုဘဲ တစ်ခြားသူတွေကို ခွဲဝေလုပ်ကိုင်စေသင့်ပါတယ်။

  1. Start small. Build from there.

ကျွန်တော်တို့တွေ အားလုံး ကြုံဖူးကြမှာပါ။ New Year resolution တွေ အားပါးတရ ရေးထားပြီး နှစ်ကုန်မပြောနဲ့ ဖေဖော်ဝါရီလောက်မှာ မေ့သွားတာမျိုးတွေပေါ့။ work-life balance ရဖို့ ကြိုးစားတဲ့နေရာမှာလဲ အတူတူပါပဲ။ ကျွန်တော်တို့ဟာ အများကြီးတွေနဲ့ မြန်မြန်ရဖို့ ကြိုးစားကြပါတယ်။ ကျွန်တော်တို့တွေ တော်တော်များများဟာ အများကြီးနဲ့ အလျင်မြန်ဆုံး ပြောင်းလဲဖို့ ကိုယ့်ကိုယ်ကို commit လုပ်တတ်ပါတယ်။ ဥပမာ အလုပ်ချိန် တစ်ပတ်မှာ ၈၀ နာရီလောက် လုပ်နေကျကနေ နာရီ ၄၀ လောက်ထိ ချပစ်ဖို့ ကြိုးစားတာမျိုး တစ်နေ့ ဘယ်နှစ်မိုင်မှ မပြေးဖူးတဲ့သူက တစ်နေ့ ငါးမိုင်လောက် ပြေးမယ်ဆိုတာမျိုးပေါ့။ ဒါဟာ ကျရှုံးဖို့ အကြောင်းတရားတွေပါ။

မင်းဘဝရဲ့ ဇာတ်ညွှန်းတွေကို ပြောင်းလဲဖို့ ကြိုးစားတဲ့အချိန်မှာ သေးငယ်တဲ့အရာလေးတွေက စတင်ပါ။ သေးငယ်တဲ့အရာလေးက စတင်ပြီး အဲ့ဒီအရာတွေကရတဲ့ အောင်မြင်မှုကို ခံစားလိုက်ပါ။ ဒီလိုပဲ တစ်ဖြည်းဖြည်း တည်ဆောက်သွားပါ။

Last updated