Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Where to invest?

ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်မှာသုံးသင့်လဲ???????

ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း ငွေရဖို့ အလုပ်တွေ ကြိုးစားကြတယ်။ ကျွန်တော်တို့ မဖြစ်မနေအသုံးပြုရမဲ့ သုံးငွေတွေ ပြီးရင် ပိုတဲ့ ငွေတွေကို ဘာလုပ်ကြလဲ။ လစာထုတ်လို့ ကိုယ့်လက်ထဲ ပိုက်ဆံရောက်တဲ့အခါ အဝတ်အစားသစ်တွေ ဝယ်ကြတာလား? ခေတ်စားနေတဲ့ ဖိနပ်အသစ်တွေ ဝယ်စီးသလား? ဈေးကြီးလှတဲ့ လက်ဝတ်လက်စား ရတနာတွေ ဝယ်ဝတ်ကြလား? အသစ်ထွက်သမျှ ပစ္စည်းတွေ ဝယ်ကိုင်ကြလား? မလိုအပ်တာတွေ ဝယ်ဖို့ shopping ထွက်ကြသလား?

ဒီလို အကန့်အသတ်ရှိတဲ့ငွေပိုတွေကို ကောင်းကောင်းမွန်မွန် အသုံးချဖို့လိုပါတယ်။ ဒီငွေတွေကို မင်းအတွက် တကယ်ပျော်ရွှင်စေမဲ့အရာပေါ်မှာ အသုံးပြုဖို့ လိုတာပေါ့။

စိတ်ပညာရှင် ဒေါက်တာ သောမတ်စ်က နှစ် ၂၀ ကြာ လေ့လာချက်ပြုလုပ်ပြီး ကောက်ချက်ချခဲ့တာကတော့ မင်းရဲ့ ငွေတွေကို အရာဝတ္ထုပစ္စည်းတွေပေါ်မှာ သုံးမပစ်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒီအရာဝတ္ထု ပစ္စည်းတွေက ပေးတဲ့ ပျော်ရွှင်မှုက တစ်ခဏပဲဖြစ်ပြီး မြန်မြန်ပျောက်ပြယ်သွားလို့ပါပဲ။ ဒါကို ဒီအချက် ၃ ချက်က ဖော်ပြနေပါတယ်။

၁။ ကျွန်တော်တို့ဟာ ပိုင်ဆိုင်မှုအသစ်တွေနဲ့ နေသားကျနေပါပြီ။

ကျွန်တော်တို့အတွက် အရင်က စိတ်လှုပ်ရှားစေပြီး တန်ဖိုးရှိလှတဲ့ အရာတွေဟာ အခုတော့ ပုံမှန်အရာဝတ္ထုတွေ ပိုင်ဆိုင်မှုတွေပဲ ဖြစ်နေပါပြီ။ အခုလောလောဆယ် မင်းအတွက် ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ ပစ္စည်းက နောင်မှာ ပုံမှန်အရာဝတ္ထုပစ္စည်းတစ်ခုပဲ ဖြစ်နေဦးမှာပါ။

၂။ ကျွန်တော်တို့ ထပ်ထပ်ပြီး လိုချင်နေဦးမှာပါပဲ။

ဝယ်ယူမှု အသစ်အသစ်တွေ လုပ်လေ နောက်ထပ်အရာတွေကို ထပ်ထပ်ပြီး လိုချင်နေလေပါပဲ။ အဲ့ဒီအသစ်အသစ်တွေနဲ့ နေသားကျသွားပြန်ရင် အခြားအသစ်အသစ်တွေ ပိုကောင်းတာတွေကို တောင့်တပြန်ပါရော။

၃။ ယှဉ်ပြိုင်မှုတွေလုပ်ပြီး ကျေနပ်ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။

ပိုင်ဆိုင်မှု ပစ္စည်းတွေက သူ့ရဲ့ သဘာဝအတိုင်း ယှဉ်ပြိုင်မှုတွေ ဖန်တီးပေးပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ နောက်ဆုံးပေါ်ကားတစ်စင်း ဝယ်လိုက်တယ်ဆိုပါစို့။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတစ်ယောက်က ဒီထက်ပိုကောင်းတဲ့ ကားတစ်စင်း မဝယ်မချင်းတော့ ကျွန်တော်တို့တွေ ပျော်ရွှင်ပြီး စိတ်လှုပ်ရှား ကျေနပ်နေပါလိမ့်မယ်။ အမြဲတမ်း ပြိုင်ဆိုင်မှု ရှိပါတယ်။

ပျော်ရွှင်မှုရဲ့ ရန်သူတွေထဲက တစ်ခုကတော့ adaptation ပါပဲလို့ Gilovich က ပြောပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်ဖို့ စိတ်ကျေနပ်ဖို့ ပစ္စည်းတွေ ဝယ်ကြပါတယ်။ ဒါပေမဲ့ ခဏတာပါပဲ။ ပစ္စည်းအသစ်အသစ်တွေက ကျွန်တော်တို့ကို ဆွဲဆောင်နေဦးမှာပါ။ ဒါတွေကို ကျွန်တော်တို့ကလဲ လိုချင်နေဦးမှာပါ။ ကျွန်တာ်တို့က ဝယ်လိုက်တဲ့ ပစ္စည်းတွေကနေ ပျော်ရွှင်မှု စိတ်ကျေနပ်မှုတွေ ရလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ကြပါတယ်။ ဒီစိတ်ကျေနပ်မှုတွေက အဲ့ဒီပစ္စည်း ကြာရှည်ခံသလောက် ကြာလိမ့်မယ်လို့ ထင်မြင်ကြတယ်။ ကျွန်တော်တို့ မြင်နိုင် ကြားနိုင် ကိုင်တွယ်နိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေက ကျွန်တော်တို့အတွက် အဖိုးတန်တယ်လို့ ထင်မြင်ကြပါတယ်။ ဒါဟာ မှားယွင်းပါတယ်။

ဒါဆို ကျွန်တော်တို့ ငွေတွေကို ဘယ်မှာသုံးသင့်လဲ။

Gilovich နဲ့ တစ်ခြား သုတေသနပညာရှင်တွေ တွေ့ရှိထားတာကတော့ မင်းရဲ့ ငွေတွေကို အရာဝတ္ထု ပစ္စည်းတွေအပေါ်မှာ အသုံးချတာထက်စာရင် အတွေ့အကြုံတွေရဖို့ အသုံးချတာက မင်းကို ပိုပြီး ပျော်ရွှင်အောင် ပြုလုပ်ပေးပါလိမ့်မယ်တဲ့။ အရာဝတ္ထုပစ္စည်းတွေကပေးတဲ့ ပျော်ရွှင်မှုထက် ပိုမို ကြာရှည်ခံတဲ့ ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်တဲ့။

ဘာလို့လဲ??????

အတွေ့အကြုံတွေက ကျွန်တော်တို့ identity ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတယ်။

ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ့မြင်ထားတဲ့ အရာအားလုံး ကျွန်တော်တို့လုပ်ဆောင်ထားတဲ့ အရာအားလုံး ကျွန်တော်တို့ သွားရောက်ဖူးတဲ့နေရာ စတဲ့အရာတွေကို စုဆောင်းလို့ ရရှိလာတဲ့အရာ ဖြစ်ပါတယ်။ အရာဝတ္ထုပစ္စည်းတစ်ခု ဝယ်လိုက်လို့ မင်းဘယ်သူလဲဆိုတဲ့အရာဟာ ပြောင်းလဲမသွားပါဘူး။ ခရီးတွေ ထွက်ပြီး အတွေ့အကြုံတွေ စုဆောင်းတာက မင်းကို ပြောင်းလဲစေမှာပါ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေဟာ အရာဝတ္ထုပစ္စည်းတွေထက်စာရင် ကျွန်တော်တို့ ဘယ်သူလဲဆိုတာ ပိုပြီး ပြသနိုင်ပါတယ်။ မင်းဟာ မင်းရဲ့ ပစ္စည်းတွေကို သဘောကျနှစ်သက်နိုင်ပါတယ်။ ဒီအရာတွေကို မင်းဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအရာတွေဟာ အမြဲ မင်းနဲ့ ကွဲကွာနေမှာပါ။ အတွေ့အကြုံတွေကတော့ မင်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိနေမှာပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အတွေ့အကြုံတွေအားလုံးရဲ့ ပေါင်းလဒ်ပါပဲ။

အတွေ့အကြုံတစ်ခုကို ကြိုတင် မျှော်မှန်းရတာက ပျော်ရွှင်စရာ စိတ်ကျေနပ်စရာ ပေးပါတယ်။

အရာဝတ္ထုပစ္စည်းတစ်ခုကို ရဖို့ မျှော်မှန်းနေရတာဟာ စိတ်မချမ်းသာစရာ စောင့်နေရတဲ့အတွက် သည်းမခံနိုင်စရာ စိတ်မရှည်စရာ ခံစားမှုတွေကို ပေးပေမဲ့ အတွေ့အကြုံတစ်ခု ခံစားရဖို့အတွက် မျှော်မှန်းနေရတာဟာ စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်ကျေနပ်စရာ ခံစားမှုကို ပေးနိုင်ပါတယ်။ အတွေ့အကြုံတွေကတော့ စတင်စီစဉ်တဲ့ အချိန်ကစပြီး စိတ်ကျေနပ်စေပြီး တွေ့ကြုံပြီးတဲ့နောက်မှာလဲ အမြဲတမ်း ပျော်ရွှင်မှုပေးနိုင်မှာပါ။

အတွေ့အကြုံတွေက မင်းကို ကမ္ဘာသစ်တစ်ခုကို မိတ်ဆက်ပေးပါတယ်။

အရာဝတ္ထုပစ္စည်းတွေနဲ့မတူဘဲ အတွေ့အကြုံတွေဟာ မင်းကို အမြင်သစ်တွေ သင်ခန်းစာအသစ်တွေ ပေးစွမ်းနိုင်ပါတယ်။ ဒီအရာကနေ မင်းရဲ့ ဘဝကို အကောင်းဆုံး ဖြတ်သန်းသွားဖို့ ကူညီပေးပါလိမ့်မယ်။

social relationship ကို ပေးနိုင်တယ်။

ကျွန်တော်တို့တွေဟာ အတွေ့အကြုံတွေကို တစ်ခြားသူတွေနဲ့အတူ ဖန်တီးပါတယ်။ တကယ်လို့ လူတစ်ယောက်က ကျွန်တော်တို့ ဘေးမှာမရှိနိုင်ရင်တောင် သူနဲ့အတူ ဖန်တီးခဲ့တဲ့ အတွေ့အကြုံတွေက အမြဲရှိနေပြီး တစ်ခြားသူတွေကို ပြန်လည်ပြောနိုင်ပါတယ်။ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အကြောင်းအရာတွေ ဆွေးနွေးပြောဆိုကြတဲ့အခါ တစ်ခြားသူတွေနဲ့ မိတ်ဆွေဖွဲ့ကြတဲ့အခါ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေအကြောင်း ဆွေးနွေးတာ ရှားပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံတွေ ဖလှယ်ရင်း မိတ်ဆွေဖွဲ့ကြပါတယ်။

Previousအောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?NextThink like an Entrepreneur

Last updated 3 years ago

Was this helpful?