Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Do what you love

၉၀ ရာခိုင်နှုန်းသော လူတွေဟာ သူတို့ဘဝမှာ သူတို့ တကယ် လိုချင်တဲ့အရာတွေမဟုတ်ဘဲ အခြားလူတေ လိုချင်တာတေကိုပဲ လုပ်နေကြပါတယ်။ သင်ရောအဲ့ဒီထဲမှာ ပါနေပီလား။

ဘဝမှာ မင်းရဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲ။ တစ်ချို့လူတွေက ပြောကြမယ်။ သူတို့က သာယာတဲ့ မိသားစုဘဝလေးကို ရချင်တယ်တဲ့။ တစ်ချို့ကတော့ သူတို့လုပ်ငန်းတေမှာ အောင်မြင်တဲ့သူ ဖြစ်ချင်ပါတယ်တဲ့။ တစ်ချို့က ခရီးတွေသွားချင်တယ်။ ကမ္ဘာအနှံ့လျောက်သွားချင်တယ်တဲ့။ တစ်ချို့က ကျော်ကြားမှုကို လိုချင်တယ်တဲ့။ တကယ်တော့ လူတိုင်းမှာ မတူညီတဲ့ ရည်ရွယ်ချက်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာပဲဗျာ။ လူတော်တော်များများကတော့ တခြားသူတေရဲ့ လွှမ်းမိုးခြင်းကို ခံနေရပါတယ်။ မှားယွင်းတဲ့ရည်ရွယ်ချက်တွေနောက်ကို လိုက်နေကြတယ်။ သူတို့လိုချင်တာတွေ သူတို့ တကယ်လုပ်ချင်တာတွေမဟုတ်ဘဲ တခြားသူတွေ လိုချင်တာတွေနဲ့ မှားယွင်းစွာ ရှာဖွေနေကြပါတယ်။ သူတို့တေဟာ သူတို့ရဲ့ ကိုယ်ပိုင်အိမ်မက်တွေကိုရှာဖွေတည်ဆောက်ရမဲ့အစား တစ်ခြားသူတေက သူတို့ကို လက်ခံနိုင်ဖို့ကိုပဲ အဓိကထားနေကြပါတယ်။

မင်းကိုယ်မင်း ဒီမေးခွန်းတွေ မေးကြည့်ပါ။ မင်းဘဝရဲ့ ရည်မှန်းချက်တေက မင်းတကယ်လိုချင်တဲ့အရာတေလား။ တကယ်လို့များ မင်းချစ်တဲ့သူတေ မင်းရဲ့ ဘေးနားကလူတေ မင်းအားကျနေရတဲ့သူတေ အခြားအခြားလူတေသာ အဲ့တာတွေကို လက်မခံနိုင်ဘူးဆိုရင်ရော မင်းအခုလုပ်နေတဲ့အလုပ်တေကို ဆက်လုပ်နေမှာပဲလား။

ကျွန်တော်တို့ရဲ့ ဘဝရည်မှန်းချက်တေဟာ မကြာခဏဆိုသလို ကျွန်တော်တို့ပတ်ဝန်းကျင်က လူတေရဲ့ လွှမ်းမိုးမှုကို ခံနေရပါတယ်။

တစ်ခါတစ်လေမှာ မင်းဟာ သူများတေပြောတဲ့အရာတွေကို လက်မခံချင်ပေမဲ့ လက်ခံလိုက်ရတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲ့တာဆို သေချာပါတယ် မင်းဟာ ကိုယ်ပိုင်အယူအဆတွေထက် သူများရဲ့အယူအဆတွေကို အလေးပေးလိုက်ပါပီ။ အဲ့ဒီချိန်မှာ မင်းဟာမင်းရဲ့ ကိုယ်ရည်ကိုယ်သွေးတွေအစား မင်းကိုယ်ပိုင်မဟုတ်တဲ့ တခြားအသစ်တစ်ခုကို ဖော်ပြလိုက်တာပါ။ ဒါက အသေးအဖွဲကိစ္စလေးတွေမှာ အဆင်ပြေပါလိမ့်မယ်။ ဟုတ်ပါတယ် ကျွန်တော်တို့တွေက လူမှုအဖွဲ့အစည်းထဲမှာ နေနေရတာဆိုတော့ ကျွန်တော်တို့ အခြားသူတွေနဲ့ အဆင်ပြေအောင် နေရမှာပေါ့။ ဒါပေမဲ့ မင်းဘဝရဲ့ အရေးကြီးတဲ့အရာတေဖြစ်တဲ့ ဘဝရည်မှန်းချက်တွေမှာ သက်ရောက်နေတာတော့ မဖြစ်သင့်ပါဘူး။ မင်းမှာ သူများနဲ့မတူတဲ့ အတွေးအခေါ်တေ အယူအဆတေရှိနေတာဟာ အမှားအယွင်းတစ်ခုမဟုတ်ပါဘူး။ သူများတွေရဲ့ အယူအဆတွေကို မင်းလက်မခံနိုင်ဘူးဆိုတာဟာ မင်းမှားနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

မင်းဘဝရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေကို ဘယ်လိုရှာဖွေမလဲ။ မင်းကိုယ်မင်း တခြားသူတေရဲ့ လွှမ်းမိုးမှု ခံနေရတယ်လို့ထင်နေရင် ဒါတွေ လုပ်ကြည့်ပါ။

၁။ မင်းကို ဝေဖန်မဲ့သူတွေ မရှိဘဲ မင်းလုပ်ချင်တာတွေ လုပ်လို့ရတဲ့ ကမ္ဘာတစ်ခု စိတ်ကူးကြည့်လိုက်ပါ။

မင်းမိသားစုတွေ မင်းသူငယ်ချင်းတွေ မင်းပတ်ဝန်းကျင်က လူတွေက မင်းရဲ့ဆုံးဖြတ်ချက်တွေကို မဝေဖန်တဲ့အချိန် သူတို့တေ လက်ခံလား လက်မခံလား မင်းမသိနိုင်တဲ့အချိန် မင်းဘာကိုမှ ဂရုစိုက်စရာ မလိုတဲ့အချိန်မှာဆိုရင်ရော မင်းအခုနေနေတဲ့ ဘဝမျိုးမှာ မင်းဆက်နေမလား။ ဒီလိုတူညီတဲ့ဆုံးဖြတ်ချက်တွေကိုပဲ ချနေဦးမလား။ ဒါမှမဟုတ် မင်းဟာ လုံးဝ ပြောင်းလဲသွားတဲ့လူတစ်ယောက် ဖြစ်မလား။ တကယ်လို့များ လုံးဝ ကွဲပြားခြားနားတဲ့ ဘဝမျိုးကို မင်းစိတ်ကူးမျှော်မှန်းနေပီဆိုရင်တော့ မင်းလက်ရှိဘဝကို ပြောင်းလဲမှုတေ စလုပ်လိုက်ပါတော့။ ဒါက လူတော်တော်များများအတွက် တော်တော်ကြောက်စရာကောင်းတဲ့အရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်ရမှာက မင်းပြောင်းလဲလို့ရတယ်ဆိုတာကို မင်းအခုသိသွားတာပါပဲ။ စတင်ပြောင်းလဲဖို့ ကြိုးစားပါတော့။

၂။ သူများတေဆီက အကြံဉာဏ်တွေပဲ ရှာဖွေတောင်းခံမနေပါနဲ့။ ကိုယ့်ကိုယ်ကို အမေးအဖြေလုပ်ပါ။ သူများတွေနဲ့ ဆက်သွယ်နေတာထက် ကိုယ့်ကိုယ်ကို ပိုပီး ဆက်သွယ်ကြည့်ပါ။

ကိုယ့်ရဲ့ခံစားချက်တွေ အတွေးအခေါ်တွေကို သိဖို့ အမြဲ ကြိုးစားနေရင် မင်းဟာ သူများတေပြောတာပဲ လက်ခံနေရတဲ့အချိန်တွေ လျော့သွားပါလိမ့်မယ်။ မင်းဘာတွေကို အလေးပေးနေတာလဲ ဘာတေက မင်းကို နှောင့်ယှက်နေတာလဲ စဉ်းစားပါ။ မင်းရဲ့စိတ်ကူးတွေကိုမင်းဖော်ထုတ်ပြနိုင်တယ်ဆိုတာ ယုံကြည်ထားပါ။

၃။ "No" ပြောတတ်ဖို့ လေ့ကျင့်ထားပါ။ လွှမ်းမိုးခံရလွယ်တဲ့လူတော်တော်များများဟာ "No" ပြောဖို့ ခက်ခဲကြတဲ့သူတွေပါ။ သူတို့တွေဟာ "No" ပြောလိုက်တဲ့အတွက် တခြားသူတွေ စိတ်မကောင်းဖြစ်မှာ မကျေမနပ်ဖြစ်မှာပဲလို့ အမြဲတွေးနေကြပါတယ်။ တကယ်ကတော့ မင်း "No" ပြောလိုက်လို့ ဒါမှမဟုတ် မင်းရဲ့မတူညီတဲ့ အတွေးအခေါ်တွေကို ပြသလို့ မကျေမနပ်ဖြစ်သွားတဲ့သူတွေကို မင်းရှောင်သင့်ပါတယ်။ သူတို့တွေဟာ မင်းရဲ့ ဖြစ်တည်မှုအစစ်အမှန်ကို မကြိုက်ကြဘဲ သူတို့ရဲ့ ရောင်ပြန်တစ်ခုအနေနဲ့ပဲ မင်းကိုမြင်ချင်ကြတဲ့သူတွေပါ။ အတ္တကြီးတဲ့သူတွေပါ။ နေ့တိုင်း မှန်ထဲမှာ "No" ပြောတာကို လေ့ကျင့်ထားပါ။ ဒါက မင်းရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အထောက်အကူပြုပါလိမ့်မယ်။

ဒါတွေအားလုံးဟာ အနာဂတ်မှာ ကိုယ့်ဘဝကို ကိုယ်ပိုင်ရပ်တည်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

PreviousMove out of comfort zoneNextMarketing funnel

Last updated 3 years ago

Was this helpful?