Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Confidence

အောင်မြင်ဖို့အတွက် လိုအပ်တဲ့ confidence ကို ဘယ်လို တည်ဆောက်မလဲ။

မင်းကိုယ်မင်း ယုံကြည်မှုရှိတယ်ဆိုရင် အကောင်းဆုံး လူတစ်ယောက်အဖြစ် တည်ဆောက်နိုင်ပါလိမ့်မယ်။ confidence ဆိုတာကတော့ အောင်မြင်မှုရဖို့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်မှုရှိတာဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေကို လှုံ့ဆော်ပေးတဲ့ ယုံကြည်မှုတစ်ခုပါပဲ။ self-esteem ဆိုတာကတော့ ကိုယ့်ကိုယ်ကို ထင်မြင်မှု ကိုယ့်ကိုယ်ကို ဘဟ်လောက် တန်ဖိုးထားတယ်ဆိုတာနဲ့ ကိုယ့်ကိုယ်ကို ဘယ်လောက် လုပ်ကိုင်နိုင်စွမ်းရှိတယ်ဆိုတာ ခွင့်ပြုထားတဲ့ စွမ်းအားတွေပါ။ မင်းတွေးလိုက်တဲ့ ပြောလိုက်တဲ့ လုပ်လိုက်တဲ့ အရာအားလုံးဟာ မင်းရဲ့ confidence နဲ့ self-esteem ကို သက်ရောက်စေပါတယ်။ ဒါပေမဲ့ မင်းက မင်းရဲ့ အတွေးတွေ အပြောတွေ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

confidence ကို ဘယ်လိုတည်ဆောက်ရမလဲ။

စတင်လုပ်ဆောင်ပါ။

ကျော်ကြားလှတဲ့ Nike ရဲ့ slogan ကတော့ "Just Do it" ပါ။ Nike Swoosh က စတင် လုပ်ဆောင်ဖို့အတွက်ကို "Just Do it" ဆိုတဲ့ slogan နဲ့ ဖိတ်ခေါ်ထားပါတယ်။ လုပ်ဆောင်ချက်တွေ လုပ်တဲ့အခါမှာ အလုပ်ကိစ္စ ပြီးမြောက်မှုဖြစ်ပြီး အောင်မြင်မှုတွေ ရရှိပါတယ်။ ဒီလို အောင်မြင်မှုတွေက မင်းရဲ့ confidence ကို တည်ဆောက်ပေးပါလိမ့်မယ်။ perfect ဖြစ်နေဖို့ကိုချည်း အာရုံစိုက်နေဖို့မလိုပါဘူး။ တစ်ချို့ကိစ္စတွေမှာ "Done" ဖြစ်ဖို့ကိုပဲ အာရုံစိုက်ပါ။

ကိုယ်ပိုင် အောင်မြင်မှုတွေကို တန်ဖိုးထားပါ။

တစ်ချို့လူတွေဟာ သူတို့ လုပ်ဆောင်ချက်ကြောင့် အောင်မြင်မှုတွေရရှိခဲ့တာတောင် ငါကံကောင်းလို့ ရတာ စသည်ဖြင့် ပြောတတ်ကြပါတယ်။ တကယ်ကတော့ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို တန်ဖိုးထားပြီး confidence တည်ဆောက်ယူရမှာပါ။

ကိုယ့်ကိုယ်ကို ပြောနေတဲ့ စကားတွေက အရေးကြီးပါတယ်။

ကျွန်တော်တို့တော်တော်များများ ကိုယ့်ကိုယ်ကို ပြောနေတဲ့ စကားတွေရဲ့ 77% လောက်ဟာ negative တွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို negative self-talk တွေ ပြောမိတဲ့အခါတိုင်း အမြဲတမ်း aware ဖြစ်နေဖို့ လိုပြီး positive ဘက်ကို ပြောင်းလဲ ပေးရပါမယ်။

ကိုယ့်ရဲ့ confidence ကို တိုးစေမဲ့ လူတွေနဲ့ ပေါင်းသင်းပါ။

positive peope တွေ supportive people တွေကို ရွေးပြီး ပေါင်းသင်းပါ။ မင်းရဲ့ အပေါင်းအဖော်တွေထဲမှာ မင်းရဲ့ positivity , confidence နဲ့ self-esteem တွေကို အမြဲ လျော့ကျအောင် လုပ်နေတဲ့ သူတွေကိုတော့ စည်းတစ်ခု သတ်မှတ်ထားပါ။ မင်းရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သူကမှ မင်းကို စိတ်ဓာတ်ကျအောင် လုပ်လို့မရပါဘူး။

Go ahead and FAKE it!!

မင်းရဲ့ confidence နဲ့ self-esteem ကို တည်ဆောက်ဖို့ တိုးပွားဖို့ body language ကို အသုံးပြုပါ။ Harvard professor ဖြစ်တဲ့ Amy Cuddy ရဲ့ တွေ့ရှိချက်တွေအရ မင်းရဲ့ body language က မင်းအပေါ် နဲ့ တစ်ခြားသူတေအပေါ် လွှမ်းမိုးနိုင်တဲ့ စွမ်းအားကို တွေ့ရှိခဲ့ပါတယ်။ မင်းရဲ့ အတွေးတွေကို ပြောင်းလဲဖို့ မင်းရဲ့ ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပါ။ ၂ မိနစ်လောက်ပဲ အချိန်ယူရတာပါ။ မင်းဟာ confidence အပြည့်နဲ့ အမူအရာတွေကို လုပ်ယူမယ်ဆိုရင် မင်း confidence ပိုရှိလာပါလိမ့်မယ်။ FAKE it till you MAKE it!!!!

Find your sense of humor.

ရယ်မောခြင်းဟာ internal jogging လုပ်သလိုပါပဲ။ မင်းရဲ့ confidence နဲ့ self-esteem ကို တိုးပွားစေပါတယ်။ ရယ်မောခြင်းဟာ ခန္ဓာကိုယ်ထဲက adorphin ဆိုတဲ့ ဓာတ်တစ်မျိုးကို တိုးပွားစေပါတယ်။ ူဒါကတော့ pain ကို လျော့စေပြီး ပိုပြီး ပျော်ရွှင်စေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။

Attitude of Gratitude ကို တည်ဆောက်ပါ။

လူတွေက မင်းအပေါ် ဘာတွေ လုပ်ပေးတယ် မင်းကို ချစ်မြတ်နိုးတဲ့သူတွေ ရှိတယ် မင်း ဘာတွေ အောင်မြင်ခဲ့တယ် စတဲ့ အရာတွေကို မင်းနားလည်လာတဲ့အခါ မင်းဟာ ပိုပြီး confident ဖြစ်လာပါမယ်။

NASA နဲ့ Facebook တို့ရဲ့ ခေါင်းဆောင်တွေဟာ "Confidence is the key to success" ဆိုတာကို သိကြပါတယ်။ High performers တွေတောင်မှ တစ်ခါတစ်ရံ boost လိအပ်ပါတယ်။ confidence တွေ တည်ဆောက်ကြရပါတယ်။ NASA ရဲ့ Jet Propulsion Lab မှာ slogan ကတော့ "Dare Mighty Things" ဖြစ်ပြီး Facebook ရဲ့ headquarter မှာ "What would you do if you weren't afraid?" ဆိုတဲ့ posters တွေ မင်း တွေ့ရမှာပါ။

PreviousMondayNextနောင်တကင်းတဲ့ ဘဝ

Last updated 3 years ago

Was this helpful?