Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး။

ကျွန်တော်တို့တွေ ခန္ဓာကိုယ်ကို သန်မာကြံ့ခိုင်အောင် ပြုလုပ်ဖို့ အရေးကြီးသလို စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် ပြုလုပ်ဖို့ကလဲ အရေးကြီးပါတယ်။ စီးပွားရေးလုပ်တဲ့နေရာမှာလဲ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတာဟာ အောင်မြင်ဖို့အတွက် တွန်းအားတစ်ခုပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး။

ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အချိန်တွေ မကုန်ဆုံးတတ်ပါဘူး။

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ကိုယ်အကောင်းဆုံး လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေ မဖြစ်မြောက်ရင်တောင် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အချိန်တွေ ကုန်ဆုံးတာမျိုး မလုပ်ကြပါဘူး။ အခြေအနေတွေ ဆိုးရွားသွားရင်တောင် သူတို့လုပ်ခဲ့တဲ့ အရာတွေ ရရှိလာတဲ့ ရလဒ်တွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ တာဝန်ယူဖို့ပဲ စဉ်းစားပါတယ်။

သူများတွေက ပေးတဲ့ negative energy တွေကို မယူတတ်ပါဘူး

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ တစ်ခြားသူတွေက ကိုယ့်ကို မကောင်းပြောတာတွေ စိတ်ဓာတ်ကျအောင် ပြောတာတွေ စတဲ့ စကားသံတွေကို လက်ခံလေ့မရှိပါဘူး။ သူတို့တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် လုပ်ဆောင်ချက်တွေ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

ပြောင်းလဲမှုကို မကြောက်ရွံ့ဘူး။

သူတို့က ပြောင်းလဲမှုတွေကို လက်ခံကြတယ်။ ဘဝရဲ့ စိန်ခေါ်မှုတွေကို ကြိုဆိုတယ်။ မရေရာမှုတွေကို တွေးပူလေ့မရှိပါဘူး။ ဒီလို မရေရာမှုတွေကပဲ သူတို့ကို ခွန်အားတွေပေးနိုင်ပြီး အခြေအနေတိုင်းကို အကောင်းဆုံးတွေ ပြုလုပ်စေပါတယ်။

သူတို့ မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာ စွမ်းအားတွေကို မသုံးပါဘူး။

သူတို့တွေဟာ ကားလမ်းကျပ်တာ တစ်ခြားသူတွေရဲ့ ကိုယ့်အပေါ် မကောင်းတဲ့ လုပ်ရပ်တွေ စတဲ့ သူတို့ မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာ ငြီးတွားလေ့မရှိပါဘူး။ ဒီလို အခြေအနေတွေမှာ သူတို့ ထိန်းချုပ်နိုင်တဲ့အရာတွေဖြစ်တဲ့ သူတို့ရဲ့ ကိုယ်ပိုင် စိတ်နေသဘောထားနဲ့ တုံ့ပြန်မှုတွေကိုပဲ အကောင်းဆုံး အာရုံစိုက်ပါတယ်။

တွက်ချက်ထားတဲ့ စွန့်စားမှုတွေကို လုပ်ဖို့ မကြောက်ပါဘူး။

ဘာမှ မသိတဲ့အရာကို ဘာမှ စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ကြောက်ရွံ့မှုမရှိဘဲ တစွတ်ထိုး စွန့်စားမှု လုပ်တာဟာ မိုက်မဲရာကျပါတယ်။ ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကိစ္စတစ်ခုကို သေချာ စဉ်းစားတွက်ချက်ထားပြီး စွန့်စားမှု ပြုလုပ်တာဟာ ပိုပြီးကောင်းပါလိမ့်မယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေကတော့ ဒီလို စွန့်စားမှုတွေ လုပ်ဖို့ မကြောက်ရွံ့ပါဘူး။

အတိတ်က ကိစ္စရပ်တွေအပေါ်မှာပဲ ခံစားနေလေ့မရှိပါဘူး။

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ အတိတ်က စိတ်ညစ်စရာအဖြစ်အပျက်တွေကိုပဲ တွေးပြီး စိတ်စွမ်းအားတွေ ကုန်ခန်းစေလေ့မရှိသလို ပြီးခဲ့ပြီဖြစ်တဲ့ အတိတ်ရဲ့ အောင်မြင်မှုတွေကိုပဲ ပြန်တမ်းတပြီး အချိန်တွေ ကုန်ဆုံးလေ့မရှိပါဘူး။ အမှားတွေကနေလသင်ခန်းစာယူပြီး သူတို့ရဲ့ စွမ်းအားတွေကို လက်ရှိနဲ့ အနာဂတ်အတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ အတွက်ပဲ အကောင်းဆုံး အသုံးချပါတယ်။

တူညီတဲ့ အမှားတွေကို ထပ်ခါထပ်ခါ ကျူးလွန်လေ့မရှိပါဘူး

တူညီတဲ့ လုပ်ဆောင်ချက်တွေ ထပ်ခါ ထပ်ခါ ပြုလုပ်ပြီး မတူညီတဲ့ ရလဒ် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရဖို့ မျှော်လင့်နေရင်တော့ ရူးသွပ်နေလို့ပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ အတိတ်ရဲ့ လုပ်ရပ်တွေအပေါ် စစ်ဆေးပြီး အမှားတွေက သင်ခန်းစာယူပါတယ်။ ကိုယ့်ကိုယ်ကို အမြဲ ဝေဖန်ဆင်ခြင်မှုလုပ်ကြပါတယ်။

တစ်ခြားသူတွေရဲ့ အောင်မြင်မှုတွေကို မနာလို မကောင်းမြင်လေ့ မရှိပါဘူး။

တစ်ခြားသူတွေရဲ့ အောင်မြင်မှုအတွက် ဝမ်မြောက်ဝမ်းသာဖြစ်ဖို့ဆိုတာဟာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေမှာတော့ ဒီလို သတ္တိမျိုး အရည်အချင်းမျိုး ရှိပါတယ်။ တစ်ခြားသူတွေ အောင်မြင်တဲ့အခါ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ မနာလိုမှုမဖြစ်ဘဲ သူတို့ရဲ့ အောင်မြင်မှု အကြောင်းရင်းတွေကို လေ့လာပြီး အသုံးချသင့်ရင် အသုံးချတတ်ပါတယ်။

တစ်ယောက်တည်းနေရတဲ့ အချိန်တွေကို မကြောက်ရွံ့ပါဘူး။

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ တစ်ယောက်တည်းကုန်ဆုံးရတဲ့ ကိုယ်ပိုင်အချိန်တွေကို တန်ဖိုးထားခံစားပါတယ်။ သုတို့ရဲ့ ပျော်ရွှင်မှုနဲ့ ခံစားချက်တွေကို တစ်ခြားသူတွေအပေါ်မှာ မီခိုလေ့မရှိပါဘူး။ တစ်ခြားသူတွေနဲ့ နေရတဲ့အချိန်မှာလဲ ပျော်ရွှင်သလို တစ်ယောက်တည်း ကိုယ်ပိုင် အချိန်တွေမှာလဲ ပျော်ရွှင် ငြိမ်းချမ်းမှု ခံစားတတ်ပါတယ်။

အရှုံးတွေ တွေ့ကြုံပြီးတဲ့နောက်လဲ အရှုံးမပေးတတ်ပါဘူး။

အရှုံးတွေဟာ တိုးတတ်မှု ပြုလုပ်ဖို့ အခွင့်အလမ်းကောင်းတွေပါ။ ယနေ့ တကယ်အောင်မြင်နေတဲ့သူတွေတောင် သူတို့ရဲ့ အစပိုင်း လုပ်ကိုင်မှုတွေ မှားယွင်းမှုဖြစ်ပြီး အရှုံးတွေ တွေ့ကြုံရတာကို ဝန်ခံကြပါလိမ့်မယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ အရှုံးတွေနဲ့ တွေ့ကြုံရလဲ စိတ်ဓာတ်ကျပြီး အရှုံးပေးလေ့မရှိပါဘူး။ အရှုံးတွေကနေ သင်ခန်းစာယူပြီး အောင်မြင်မှုတွေ ရယူကြပါတယ်။

Previousနောင်တကင်းတဲ့ ဘဝNextWeekends

Last updated 3 years ago

Was this helpful?