Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Think like an Entrepreneur

Sara Blakely ပြောတဲ့ entrepreneur တစ်ယောက်လို ဘယ်လိုစဉ်းစားမလဲ?

Sara Blakely ဆိုတာကတော့ Spanx ရဲ့ founder နဲ့ CEO ဖြစ်ပါတယ်။ သူမဟာ ဒီ company ကို မတည်ထောင်နိုင်ခင် fax machine တွေကို ရောင်းချရတဲ့ sales girl လုပ်ပြီး ငွေစုခဲ့ရပါတယ်။ သူမ စုဆောင်းထားတဲ့ $ 5000 နဲ့ Spanx ကို စတင်ခဲ့ပါတယ်။ အခုတော့ သူမဟာ billionaire တစ်ယောက်ဖြစ်လာပါပြီ။ 2012 မှာ ကမ္ဘာကျော် Time မဂ္ဂဇင်းရဲ့ 100 most influencial people in the world မှာ ဖော်ပြခြင်းခံရပါတယ်။ 2014 မှာ forbes မဂ္ဂဇင်းကနေ 93rd most powerful women in the world အနေနဲ့ ဖော်ပြခြင်းခံရပါတယ်။

သူမက ပြောပါတယ်။ မင်းအလုပ်တစ်ခုခု လုပ်တော့မဲ့အခါ မျက်လုံးလေးခဏမှိတ်ပြီး စဉ်းစားကြည့်ပါ။ တကယ်လို့ ဒီအလုပ်ကို ဘယ်လိုလုပ်ရမလဲလို့ မင်းကို တစ်ယောက်မှ ပြမထားရင် မင်းဘယ်လိုလုပ်မှာလဲ?

မင်းက အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတာပဲဖြစ်ဖြစ် business တစ်ခု စတင်နေတာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာကို အသုံးချလို့ရပါတယ်။

ကျွန်တော်တို့အားလုံးဟာ autopilot ဖြစ်နေပါတယ်။ ကျွန်တော်တို့ကို သူများသင်ပြထားတဲ့ နည်းအတိုင်း အလုပ်လုပ်ကြတယ်။ လူတွေအားလုံးလုပ်နေကျကနေ မင်း ကွဲပြားအောင် လုပ်နိုင်မှသာ ပြောင်းလဲမှုဖြစ်မှာပါ။

လူတွေအားလုံးက ဒီအရာကို ဒီပုံစံ ဒီနည်းလမ်းအတိုင်း လုပ်လာကြတာ ကြာပြီ။ ဒါပေမဲ့ ဒါဟာ အကောင်းဆုံး နည်းလမ်းဖြစ်ရဲ့လား? သေချာစဉ်းစားကြည့်ရပါလိမ့်မယ်။

မင်းနေ့စဉ်တွေ့နေရတဲ့ အရာဝတ္ထုတွေ ကြည့်ပြီး စဉ်းစားပါ။ ဒီအရာကို ဘယ်လို ပိုကောင်းအောင် လုပ်နိုင်မလဲ?

တော်တော်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကတော့ ပီကေ ကို တီထွင်ခဲ့တဲ့သူပဲဗျ ဝါးပဲ ဝါးရမယ် မျိုမချရဘူးတဲ့ ဒီအရာ တော်တော်ရောင်းရဖို့ ခက်ခဲမှာပဲနော်

မင်းရေးနေတဲ့ ခဲတံကနေ မင်းမောင်းနေတဲ့ ကားအထိ အရာတိုင်းဟာ တစ်စုံတစ်ယောက်က ပထမဆုံး အတွေးတစ်ခုရပြီး အဲ့ဒီအရာကို လူမှုအဖွဲ့အစည်းထဲကို ယူဆောင်လာခဲ့ပေးခဲ့တာပါ။

အရာတိုင်းကို ကြည့်ပါ။ မင်းဘဝထဲက အရာဝတ္ထုတိုင်းကို ကြည့်ပါ။ မင်းလုပ်ဆောင်တဲ့ နည်းလမ်းတိုင်းကို စဉ်းစားပါ။ ဒါဟာ အကောင်းဆုံး နည်းလမ်းဖြစ်ရဲ့လား? ဘယ်လို ပိုကောင်းအောင်လုပ်နိုင်မလဲ?

မင်းဖြေရှင်းနေတဲ့ ပြဿနာကို ရောင်းချပါ။ product တစ်ခု မဟုတ်ပါဘူး။ လူတွေက မင်း product ရဲ့ features တွေထက် သူတို့ရဲ့ ပြဿနာတွေကိုပဲ ပိုပြီး စိတ်ဝင်စားခံစားတတ်ကြတာပါ။ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပါ။ သူတို့ရဲ့ hero ဖြစ်ပေးပါ။ အရောင်းသမားတစ်ယောက်ပုံစံ မဟုတ်ဘူး။ ပြဿနာတွေ ဖြေရှင်းရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

PreviousWhere to invest?NextFeeling lost?

Last updated 3 years ago

Was this helpful?