Toe Tet
  • Toe Tet for Personal Development
  • Tai Lopex ရဲ့ အကြံပေးချက်
  • စိတ်ကို ပြောင်းလဲဖို့
  • Morning Routine
  • ဆင်းရဲစေတဲ့အကျင့်များ
  • ကိုယ့်ကိုကိုယ်စကားပြောပါ။
  • ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ
  • အောင်မြင်တဲ့စွန့်ဦးတီထွင်
  • 3 keys to Greatness
  • "2 list" strategy
  • 7 Habits
  • ကိုယ်.ရဲ. superpower
  • Goal ဆိုတာ
  • ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
  • ကြိုတင်ပြင်ဆင်ပါ။
  • ဂျက်ခ်မား
  • Zero to One
  • Motivated ဖြစ်ရန်
  • Larry Page
  • EQ
  • Tony Robbins
  • Monday
  • Confidence
  • နောင်တကင်းတဲ့ ဘဝ
  • စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
  • Weekends
  • အချိန်မဆွဲနဲ့
  • Work-Life Balance
  • "No" ပြောဖို့
  • အောင်မြင်ချင်ရင် ဘာတွေကို စွန့်လွှတ်ရမလဲ?
  • Where to invest?
  • Think like an Entrepreneur
  • Feeling lost?
  • Digital marketing
  • Digital Marketing Career
  • Move out of comfort zone
  • Do what you love
  • Marketing funnel
  • ညနေခင်း
  • CTA
  • Write down your goals
  • Attractive person
Powered by GitBook
On this page

Was this helpful?

Digital Marketing Career

Digital marketing ကို career တစ်ခုအနေနဲ့ စတင်ဖို့ ကြိုးစားနေတဲ့သူတွေ သိသင့်တဲ့ အချက် (၉) ချက်

သမားရိုးကျ marketing နည်းစနစ်တွေချည်းပဲနဲ့တော့ business တွေအတွက် သူတို့လိုချင်တဲ့ ကောင်းမွန်တဲ့ sale result တွေကို ရရှိနိုင်မှာမဟုတ်တော့တဲ့အတွက် ခုဆိုရင် စီးပွားရေးလုပ်ငန်းတော်တော်များများဟာ digital marketing ကို အရေးပေးလာကြပါတယ်။ တကယ်လို့ မင်းဟာ digital marketing industry ထဲကို ဝင်ရောက်ဖို့ ကြိုးစားချင်တယ်ဆိုရင် ဒီအချိန်ဟာ မင်းအတွက် အကောင်းဆုံးအချိန်ပါပဲ။ ဒီ career ကို စဖို့ ကြိုးစားမယ်ဆိုရင် ဒါလေးတွေတော့ သိထားရပါမယ်။

၁။ သင်ယူဖို့ စိတ်အားထက်သန်မှုရှိရမယ်

digital marketing industry ဟာဆိုရင် တစ်ခြား industry တွေနဲ့မတူဘဲ ကြီးထွားမှုမြန်ပြီး အရမ်း ပြိုင်ဆိုင်မှုများပါတယ်။ ပေါ်ပင်လုပ်တဲ့သူနဲ့ တကယ်စိတ်ပါဝင်စားပြီး လုပ်တဲ့သူဆိုပြီး ကွာခြားသွားပါလိမ့်မယ်။ passion အပြည့်နဲ့ လေ့လာသင်ယူဖို့ စိတ်အားထက်သန်နေတဲ့သူတွေသာ ပိုပြီး အောင်မြင်ပါလိမ့်မယ်။

၂။ အမြဲတမ်း update ဖြစ်နေရမယ်

ဒီ industry ရဲ့ ထိပ်တန်း သတင်းတေ information တွေကို အဆက်မပြတ်သိနေဖို့ လိုပါတယ်။ social media တွေမှာ နာမည်ကြီးသတင်းတွေ နာမည်ကြီးတဲ့သူတွေနဲ့ နာမည်ကြီးတဲ့ trend တွေကို အချိန်နဲ့ တပြေးညီ သိနေဖို့လိုပါတယ်။ ဒီ industry နဲ့ ပတ်သတ်သမျှတွေ လေ့လာနိုင်ဖို့ social media တွေမှာ အသိပညာတွေ မျှဝေပေးနေတဲ့ နာမည်ကြီးတဲ့သူတွေကို follow လုပ်ထားပြီး လေ့လာနိုင်ပါတယ်။ နောက်ဆုံး အပြောင်းအလဲတွေကို အမြဲသိနေမှသာ အလုပ်ကို ထိထိရောက်ရောက် လုပ်နိုင်မှာပါ။

၃။ Networking ကလည်း အလွန်အရေးပါပါတယ်။

digital marketing industry ထဲဝင်တော့မယ်ဆိုတော့ ဒီ industry ထဲက ကိုယ်နဲ့ passion တူတဲ့သူတွေနဲ့ အဆက်အသွယ်လုပ်ရပါမယ်။ ကိုယ့်ထက် ပိုတော်တဲ့သူ ပိုအရည်အချင်းရှိတဲ့သူတွေ အတွေ့အကြုံရှိတဲ့သူတွေနဲ့ ပေါင်းသင်းပါ။ ဒီလိုမိတ်ဆွေတွေက ကိုဟ့်အတွက် အကောင်းဆုံး အခွင့်အရေး အကောင်းဆုံး projectတွေ ယူဆောင်ပေးနိုင်ပါတယ်။ ဒီလို မိတ်ဆွေအပေါင်းအသင်းတွေ ရဖို့အတွက်တော့ ဒီနယ်ပယ်နဲ့ ပတ်သတ်တဲ့ဟောပြောပွဲတွေ တွေ့ဆုံဆွေးနွေးပွဲတွေ တက်ရောက်နိုင်ပါမယ်။

၄။ ကိုယ်ပိုင် projectတွေ လက်တွေ့လုပ်ဆောင်ကြည့်ပါ။

digital marketing ကို စာအုပ်ကြီးနဲ့ သင်နေလို့ မပြီးပါဘူး။ ဒီ industry က ဆရာတွေ ပြောနေတာနဲ့တင် ရပ်နေလို့မရပါဘူး။ ကိုယ်ပိုင် စိတ်ကူးတွေနဲ့ project တွေ ကြိုးစားကြည့်ရမှာပါ။ လက်တွေ့လုပ်ဆောင်တာဟာ ဒီ industry မှာ အလွန်အဓိကကျပါတယ်။ စာအုပ်ထဲက အဖြူဆို အဖြူအတိုင်းကြီးအတိအကျ မဟုတ်ပါဘူး။ ဒါကြောင့် digital marketing လုပ်ဖို့ စဉ်းစားထားရင်တော့ ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်ကြည့်ရပါမယ်။ theories တွေကို လက်တွေ့လုပ်ဆောင်ရင်း အတွေ့အကြုံတွေ ရလာပါလိမ့်မယ်။ ဥပမာ - facebook marketing လုပ်ဖို့ ကိုယ်ပိုင် page တစ်ခုစထောင်ပြီး features တွေအကုန် စမ်းသပ်ကြည့်တာမျိုးတွေ လုပ်ပါ။

၅။ digital marketer တစ်ယောက်လုပ်တော့မယ်ဆိုရင် ဒါနဲ့ ပတ်သတ်တဲ့ အခေါ်အဝေါ်တွေ လေ့လာထားပါ။

PPC SEM SEO စတဲ့အတိုကောက်အခေါ်အဝေါ်တွေနဲ့ ရင်းနှီးနေအောင် လုပ်ထားပါ။ ( PPC - Pay-Per-Click, SEO - Search Engine Marketing, SEO - Search Engine Optimization ) digital marketing campaign တွေနဲ့ ဘယ်လို element တွေက အလုပ်ဖြစ်တယ် မဖြစ်ဘူး စတာတွေကိုလဲ သိထားရပါလိမ့်မယ်။

၆။ personal brand တစ်ခု တည်ဆောက်ပါ။

digital marketer တစ်ယောက် လုပ်တော့မယ်ဆိုရင် အရေးကြီးဆုံးကတော့ online presence ရှိဖို့ပါ။ မင်းကို အလုပ်အပ်မဲ့ companyရဲ့ ယုံကြည်မှုရဖို့ ကိုယ့်ကိုယ်ကို brand တစ်ခုအနေနဲ့ ချပြပြီး ယုံကြည်မှုတည်ဆောက်ပြပါ။

၇။ T-shaped marketer

ဒါကတော့ Rash Fishkin အများဆုံးအသုံးပြုတဲ့ အခေါ်အဝေါ်တစ်ခုပါ။ marketing discipline တွေအားလုံးကို အခြေခံဗဟုသုတရှိ နားလည်ပြီး တစ်ခု နှစ်ခုလောက်ကိုပဲ specialize လုပ်ထားတာပါ။ ဥပမာ Email, PPC, Display, Video, HTML, SEO, UX, Social, Community, Blogging, Content စတဲ့ အရာတွေအားလုံးမှာ basic knowledge ရှိပြီး ကိုယ်တကယ်စိတ်ဝင်စားတဲ့ အရာ တစ်ခုနှစ်ခုမှာ ထူးချွန်အောင် ပိုလုပ်တာမျိုးပါ။

၈။ နည်းပညာဘက်မှာလဲ ထူးချွန်အောင်လုပ်ပါ။

digital marketing ဟာ စွဲမက်ဖွယ်ကောင်းတဲ့ industry တစ်ခုပါ။ ဒါပေမဲ့ ပိုပြီးတိတိကျကျပြောရရင် နည်းပညာဆန်ပြီး data တွေနဲ့ အလုပ်လုပ်ရတဲ့အရာလဲဖြစ်ပါတယ်။ digital နဲ့ marketing ကို ပေါင်းစပ်လုပ်ဆောင်ရတာဖြစ်တဲ့အတွက် နည်းပညာပိုင်းမှာလဲ basic knowledge ရှိဖို့လိုအပ်ပါတယ်။ ဥပမာ programming နယ်ပယ်ဖြစ်တဲ့ HTML တို့နဲ့ graphic design တွေမှာ knowledge ရှိရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ဒါဆိုရင် မင်းဟာ နည်းပညာပိုင်းအားနည်းတဲ့ သူတွေထက် သာသွားမှာပါ။

၉။ certification

ဒီနယ်ပယ်မှာတော့ အသိအမှတ်ပြုလက်မှတ်တွေ မရပေမဲ့ passion ရှိတဲ့သူတွေ ကြိုးစားပြီး အောင်မြင်နေတဲ့သူတွေလဲ ရှိပါတယ်။ ဒါပေမဲ့ သူများတွေနဲ့ မတူချင်ရင်တော့ အသိအမှတ်ပြုလက်မှတ်ရယူထားပါ။ လက်မှတ်ရထားရင်တော့ အလုပ်တစ်ခုရဖို့ မခက်တော့ဘူးပေါ့ဗျာ။

PreviousDigital marketingNextMove out of comfort zone

Last updated 3 years ago

Was this helpful?